

မြောက်ကိုရီးယားစစ်တပ်ကို စစ်ဆေးနေသည့် ကင်ဂျုံအွန်အား ဖေဖော်ဝါရီလ ၂၇ ရက်က တွေ့ရစဉ်
စစ်ပွဲသုံး နျူလက်နက်ပစ္စည်းများတပ်ဆင်ထားသည့် သိန်းနှင့်ချီသော မြောက်ကိုရီးယားစစ်သည်များသည် စစ်ပွဲဆင်နွှဲရန်အတွက် အသင့်ရှိနေပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန ကေစီအင်န်အေက ထုတ်ပြန်ကြေညာခဲ့သည်။ ယခု စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားကို လက်ဦးမှုယူတိုက်ခိုက်ရန် ကြံစည်မှုအဖြစ် မှတ်ယူထားကြောင်း ပြုံယမ်းက ထုတ်ပြန်ခဲ့သည်။ နှစ်စဉ်ပြုလုပ်နေကျ Key Resolve စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်စစ်သည် ၂၁၀၀၀ ခန့်သည် တောင်ကိုရီးယားစစ်သည်များနှင့် အတူလေ့ကျင့်မည်ဖြစ်သည်။ ယခုစစ်ရေးလေ့ကျင့်မှုသည် ကာကွယ်ရေးအတွက်သာဖြစ်ပြီး ပထ၀ီနိုင်ငံရေးနှင့် ပတ်သက်သည့် သဘောသဘာဝမရှိကြောင်း ၀ါရှင်တန်က ထုတ်ပြန်ထားသည်။ လက်ရှိစစ်ရေး လေ့ကျင့်မှုများမှာ မတ်လ ၉ ရက်နေ့အထိ ရှိမည်ဖြစ်သလို မတ်လ ၁ ရက်နေ့မှစသည့် အခြားစစ်ရေးလေ့ကျင့်မှုတစ်ခုကိုလည်း ဧပြီလ ၉ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် မြောက်ကိုရီးယားတပ်များကို သွားရောက်စစ်ဆေးခဲ့ပြီးနောက် မိမိရေပိုင်နက်ကို ၀ ဒသမ ၀၀၁ မီလီမီတာမျ ကျူးကျော်လျှင်ပင် ရန်သူများကို အင်နှင့်အားနှင့် နှိမ်နင်းရန်မှာ ကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်သည်။
နိုင်ငံတကာအသိုင်းအ၀ိုင်းသည် မြောက်ကိုရီးယား နျူလက်နက်ဖျက်သိမ်းရေးအတွက် ကြိုးပမ်းနေသည်မှာ နှစ်နှင့်ချီပြီဖြစ်ပြီး ပြီးခဲ့သည့်အပတ်က မြောက်ကိုရီးယားနှင့် အမေရိကန်အရာရှိများသည် ကင်ဂျုံအွန်လက်ထက် ပထမဆုံး အကြိမ်တွေ့ဆုံခဲ့သည်။
No comments:
Post a Comment