Thursday, February 9, 2012

စစ်မက်ဖြစ်ပွားပါက အမျိုးသမီးနင်ဂျာများအား အီရန်အသုံးပြုတိုက်ခိုက်မည်






အီရန်နိုင်ငံသည် စစ်မက်ဖြစ်ပွားပါက ကာကွယ်ရေးတွင် အသုံးပြုနိုင်ရန်အတွက် အမျိုးသမီးနင်ဂျာ (ကူနိုအိချိ)များကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ အီရန်နိုင်ငံတွင် ဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီး အမျိုးသားတိုင်း စစ်မှုထမ်းရသော်လည်း ၄င်းတို့၏ စစ်မှုထမ်းကာလမှာ ၁၈ လသာဖြစ်သောကြောင့် စစ်မက်အရေးအခင်းများ ပေါ်ပေါက်လာပါက အဆိုပါ ကူနိုအိချိအမျိုးသမီးများကို အသုံးပြုတိုက်ခိုက်မည်ဖြစ်သည်။ ၄င်းနင်ဂျာ သင်တန်းကျောင်းကို ၁၉၈၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါတွင် အမျိုးသမီး ၃၅၀၀ သည် ကူနိုအိချိများ ဖြစ်လာစေရန်အတွက် လေ့ကျင့်သင်ယူလျက်ရှိသည်။ ၄င်းတို့ အသုံးပြုတိုက်ခိုက်သည့် လက်နက်များမှာ လေး၊ ဓားများ၊ နံချပ်ကူနှင့် ဂျပန်ရိုးရာ လက်နက်များဖြစ်သည်ဟု သင်တန်းဆရာတစ်ဦးဖြစ်သူ ဖာတီမာမူအာမာက ပြောကြားခဲ့သည်။ နင်ဂျာများအား ဂျပန်နိုင်ငံတွင် ၁၁၈၅ ခုနှစ်မှ ၁၈၆၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့်စစ်ပွဲများတွင် ကြောက်စရာအကောင်းဆုံး ကြေးစားလူသတ်သမားများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment