Saturday, September 29, 2012

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ကြောင်း ဦးသိန်းစိန် ပြောဆို

012 Aung San Suu Kyi, Nancy Pelosi
 
10
 
2
 
မဲပေးပါ

ဘီဘီစီHardTalk တွင် နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်  ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ အဖြစ်
ဦးသိန်းစိန် လက်ခံ ကြောင်း Stephen Sackur ၏ BBC Hard Talk အစီအစဉ် တွင် ဦးသိန်းစိန်
က ပြောကြား သွား ခြင်း ဖြစ်သည်။
HardTalk ဉ် ဒေါ်အောင်ဆန်းစုကြည် နှင့် လက် တွဲ ဆောင် ရွက် ရသည် မှာ မိမိဉ် ဘာပြဿနာ အခက်
အခဲ မှ မရှိ ကြောင်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ် ဖို့  အတွက် ပြည်သူ အပေါ် တွင်သာ မူတည်
ကြောင်း ပြည်သူက သမ္မတ အဖြစ် ရွေးချယ် ခဲ့ လျှင် မိမိက သမ္မတ အဖြစ် လက်ခံ သွားမည် ဖြစ်ကြောင်း
ပြော ဆိုခဲ့ သည်။
၂၀၁၅ ရွေးကောက် ပွဲ  မှာ ပြည်သူ တွေ က ရွေးချယ် မှု နဲ့  ပြည်သူ တွေ ရဲ့  ဆန္ဒ ကို အလေးထားရ မှာ
ပဲ ၊ ပြည်သူ တွေ က ဘယ်သူ့  ကို ရွေးချယ်ခြင်တာ လဲ ဆို တာ ကို အသိအမှတ် ပြု ရမယ် ဟု ပြော သည်။
ဦးသိန်းစိန် သည် ဘီဘီစီ သတင်းဌာန နှင့် တွေ့ ဆုံ ပြောကြားရာ တွင် လွှတ်တော် တွင်းဉ် တပ်မတော်
သား ကိုယ် စားလှယ် များ ၏ အခန်း ကဏ္ဍ သည် လည်း အရေး ပါသည့် နေရာ မှ ရှိ နေသေးကြောင်း
သူက ထည့် သွင်း ပြောကြား ခဲ့ သည်။
တွေ ဆုံ မေးမြန်းမှု ကို ဘီဘီစီ သတင်း ဌာန ၏ နယူးယောက် ဌာန ခွဲ တွင် ပြု လုပ် ခဲ့ ခြင်း ဖြစ်သည်။
ဦးသိန်းစိန် ၏ ထိုသို့  ပြောကြား မှု သည် သူ ၏ ပြုပြင် ပြောင်းလဲ ရေး နှင့် ပတ်သက်သည့် ပထမ ဦးဆုံး
ခြေလှမ်း အစဖြစ်သည့် မြစ်ဆုံ ဆည် စီမံ ကိန်း ရပ်ဆိုင်း ပြီး တစ်နှစ် အကြာ တွင်  ဒုတိယ မြောက် အရေး
ပါသည့် ပြု ပြင် ပြောင်းလဲ မှု ခြေလှမ်း တစ်ခု ကို ထပ်မံ ဖော် ဆောင် ခဲ့ ခြင်း ဖြစ်သည်။

Friday, September 28, 2012

ထိုင်းမူဆလင်တွေ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြ

ထိုင်းမူဆလင်တွေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Shopping Mall တခုရှေ့တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်

အမေရိကန်ပြည်ထောင်စု အတွင်းမှာ ရိုက်ကူးထုတ်လုပ်ပြီး တမန်တော်မိုဟာမက်အပေါ် အရိုသေတန်စေတဲ့ ဗွီဒီယို ရုပ်ရှင်ကားအပေါ် ဆန့်ကျင်တဲ့အနေနဲ့ ထိုင်းနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေဟာ ဘန်ကောက်မြို့က အမေရိကန် သံရုံးရှေ့မှာ ကြာသာပတေးနေ့က ဆန္ဒပြနေကြပါတယ်။

အဲဒီမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။ သံရုံးကို အတင်းဝင်ရောက်ဖို့ ကြိုးစားကြတဲ့ ဆန္ဒပြသူတွေကို ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ခုခံတွန်းထုတ်ခဲ့ကြရပါတယ်။ ကြာသာပတေးနေ့ ဘန်ကောက်မြို့ကဆန္ဒပြသမှုဟာ ရက်သတ္တပတ် အတန်ကြာအတွင်း ဒုတိယအကြိမ်ပြုလုပ်တာ ဖြစ်ပါတယ်။

အဲဒီဗီဒီယို ရုပ်ရှင်ကားနဲ့ပတ်သက်ပြီး တခြားမူဆလင်တိုင်းပြည်တွေမှာ ဆန္ဒပြသခဲ့ကြတဲ့အတိုင်း ဘန်ကောက်မြို့ မှာလဲ အစ္စလာမ် ဘာသာဝင်တွေဟာ လမ်းတွေပေါ်တက်ပြီးတော့ သူတို့ရဲ့ မကျေနပ်မှု ဒေါသတွေကို ပြသနေကြတာပါ။ ဆန္ဒပြသမားတွေက google နဲ့ You Tube website တွေပေါ်မှာ အဲဒီရုပ်ရှင်ကို မပြသဖို့နဲ့ အမေရိကန်အစိုးရအနေနဲ့ အဲဒီရုပ်ရှင် ရိုက်ကူးထုတ်လုပ်သူကို အရေးယူပေးဖို့ လိုလားနေကြပါတယ်။

Thursday, September 27, 2012

အီရန် နိုင်ငံသည် အစ္စရေး နိုင်ငံနှင့် စစ်ပွဲဖြစ်ပွားပါက အရှေ့ အလယ်ပိုင်း ဒေသရှိ အမေရိကန် အခြေစိုက် စခန်းများကို ပစ်မှတ်ထား တိုက်ခိုက် သွားမည်




အီရန် နိုင်ငံသည် အစ္စရေး နိုင်ငံနှင့် စစ်ပွဲဖြစ်ပွားပါက အရှေ့ အလယ်ပိုင်း ဒေသရှိ အမေရိကန် အခြေစိုက် စခန်းများကို ပစ်မှတ်ထား တိုက်ခိုက် သွားမည် ဖြစ်ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ အာကာသ ရေးရာဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး အာမီယာ အလီဟာဂျီဇာဒက်က ပြောကြားခဲ့သည်ဟု စက်တင်ဘာလ ၂၄ရက်နေ့ AP သတင်းတစ်ရပ်အရ သိရှိရပါသည်။ အီရန်နိုင်ငံ၏ နျူကလီး ယား အစီအစဉ်နှင့် ပတ်သက်၍ တင်းမာမှုများ ဖြစ်ပွားနေပြီး အီရန် နျူကလီးယား စက်ရုံများကို မိမိတစ်နိုင်ငံတည်းဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း အစ္စရေး၏ ပြောကြားချက် ထွက်ပေါ်လာ လျက်ရှိစဉ် ဗိုလ်ချုပ်ကြီး အမ်မိုင်အလီဟာဂျေဇက်၏ ပြောကြားချက် ထွက်ပေါ် လာခဲ့ခြင်းဖြစ်ပါသည်။ အစ္စရေး နိုင်ငံ အနေဖြင့် ၄င်း၏ အရေးပါ ဆုံးသော မဟာမိတ် နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံ၏ အကူအညီ မရှိဘဲ မတိုက်ခိုက် နိုင်ကြောင်းနှင့် အီရန်နိုင်ငံသည် ဘာရိန်း၊ ကာတာနှင့် အာဖဂန်နစ္စတန် နိုင်ငံတို့ရှိ အမေရိကန် အခြေစိုက် စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။ အမေရိကန် နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံတွင် စစ်ဘက် တပ်ဖွဲ့ဝင် အမြောက်အမြားကို တပ်စွဲ ထားသည့်အပြင် အမှတ်(၅) ရေယာဉ်စုကိုလည်း ဘာရိန်းနိုင်ငံ တွင်အခြေစိုက် ထားကြောင်း သိရှိရပါသည်။

Tuesday, September 11, 2012

ပင်စင်ယူပါဦး

ခုရက်ပိုင်း နားထောင်ဖြစ်နေတဲ့ သီချင်းလေးပါ...... Lလွန်းဝါနဲ့ Lဆိုင်းဇီ  New version နဲ့ ပြန်ဆိုထားတဲ့ သီချင်းဟောင်းလေးပါ။

ဂဏာန်းစတိုင်...

ကဲ...နာမည်ကျော် ဂျက်စတင်ဘီဘာထက်တောင်လူကြည့် များတယ်ဆိုတဲ့ ကိုရီးယားက
ဂဏာန်းစတိုင်ဆိုတဲ့ ကမ္ဘာကျော်အမ်တီဗီသီချင်းကို မြန်မာမှုပြုထားတာလေးပါ...

Monday, September 10, 2012

စော့ပိုင် အတွက်တကယ့်လိုအပ်မဲ့ စက်မျိုးထွင်ပြန်ပြီး



          “ရေမြေခြားသွားရတော့… မင်းလေးကို ထားခဲ့ရပြီပေါ့… မျက်ကွယ်ရာမှာ ကိုစိတ်ချပါရစေ….”  တစ်နယ်စီဝေး၊ အလွမ်းတွေဝေ၊ ချစ်သူတွေဘ၀ မတွေ့ရလို့လွမ်း ချစ်အနမ်းလေးတွေ ဝေးနေတဲ့ ချစ်သူများတွေကတော့ ဂျီတော့၊ ဗီဇက်အို၊ စကိုက်ပီ၊ ဖဘ တို့စတဲ့ အွန်လိုင်းပေါ်မှာပဲ အလွမ်းဖြေရတာပေါ့။  အခုတော့ တစ်မူထူးလို့ အသစ်တစ်မျိုး ထပ်ပေါ်လာပါပြီ။ အဲ့ဒါကတော့ “Kissenger” ပါတဲ့။  ချစ်သူတွေအွန်လိုင်းကနေ တစ်ဦးနဲ့ တစ်ဦး အနမ်းတွေ ချွေနိုင်မယ့် စက်ကလေးပါတဲ့။  ဒီစက်မှာပါတဲ့ sensor က တစ်ဖက်က ချစ်သူရဲ့ အနမ်းခြွေလိုက်တဲ့အခါမှာ နှုတ်ခမ်းရဲ့ ဖိအားအတိုင်း တစ်ဖက်ကို ပြန်လည်ပို့ဆောင်ပေးမှာဖြစ်ပါသတဲ့။  အဲ…. ရည်းစားမရှိတဲ့ လူပျိုကြီးများဒါလေးကို ဖတ်မိလို့ အားငယ်မသွားပါနဲ့ဦး....  နမ်းစရာချစ်သူမရှိရင်.. အဲ့ဒီစက်ကလေးမှာ ကွန်ပျူတာနဲ့ နမ်းလို့ရအောင်လည်း ဖန်တီးပေးထားပါသေးတယ်လို့ အနမ်းခြွေတဲ့ စက်ထုတ်လုပ်တဲ့ ထုတ်လုပ်တဲ့ Lovotics ကုမ္ပဏီက ဆိုထားပါသေးသဗျား။  ကဲ စက်ကလေး ဘယ်လို အလုပ်လုပ်သလဲဆိုတာကို YouTube ကနေကြည့်နိုင်ပါသဗျား။

Sunday, September 9, 2012

စော့ပိုင် ပြေလည်အောင်ဖြေရှင်းပေးပါ


အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏ 





အင်္ကျီတစ်ထည် ၉၇ ကျပ်။  အဖေ့ဆီက ၅၀ ချေး၊ အမေ့ဆီက ၅၀ချေး။  ပြန်အမ်းငွေ ၃ ကျပ်။  
အဖေ့ကို ၁ ကျပ်ပေး၊ အမေ့ကို ၁ ကျပ်ပေး၊ လက်ထဲမှာ ၁ ကျပ်ကျန်။
အမေ့ကို ပေးရန် ၄၉ ကျပ်၊ အဖေ့ကို ပေးရန် ၄၉ ကျပ်၊  လက်ထဲမှာက တစ်ကျပ်။  အားလုံးပေါင်းရင် ၉၉ ကျပ်။
ကဲ ပြော ၁ ကျပ်ပျောက်နေပြီ................  အဲ့ဒါရှင်းပြ။

Saturday, September 8, 2012

" သွား " များ ဖြူဝင်းစေရန် နည်းလမ်းကောင်း


အခုတင်မယ့် သွားများ ဖြူဝင်းစေတဲ့ နည်းလမ်းကို 
တစ်ချို့ သူငယ်ချင်းများလည်း သိချင်သိမှာပါ
မသိတဲ့ သူငယ်ချင်းများလည်း ရှိမှာပါ ဘာပဲဖြစ်ဖြစ် 
အားလုံး ဗဟုသုတ ရစေတာပေါ့နော်
သွားများဖြူဝင်းစေဖို့ သီးမွှေး ဌက်ပျောသီးလေးက စွမ်းဆောင်ပေးမှာပါ။

- သီးမွှေးဌက်ပျောသီးလေး တစ်လုံးကို အခွံနွှာလိုက်ပါ
- အသားကိုတော့ စားလိုက်ပေါ့နော်။
 - အခွံကို မပစ်လိုက်ပါနှင့် . သွားများဖြူဝင်းစေဖို့ အခွံလေးက စွမ်းဆောင်ပေးမှာပါ။
- သီးမွှေးဌက်ပျောသီး အထဲက အခွံနှင့် သွားများအားလုံးကို ပွတ်တိုက်ပေးလိုက်ပါ။
- ပွတ်တိုက်ပြီးတာနှင့် တစ်ရှုးလေးနှင့် စင်ကြယ်အောင် သုတ်ပေးလိုက်တာနှင့် ဖြူဝင်းနေတဲ့သွားများကို သင်တွေ့လိုက်ရပါမယ်။

- ဒီနည်းလေးကတော့ အရိုးရှင်းဆုံးနည်းလမ်းလေး တစ်ခုပါ
- ပြီးတော့ သင့်အတွက်လည်း မပင်ပန်းစေမယ့် နည်းလမ်းလေးပါ
- နေ့တိုင်းမဟုတ်သည့်တိုင် တစ်ပတ်ကို ( 4 ) ရက်လောက် တိုက်ပေးနိုင်ပါတယ်
- အားလုံးအဆင်ပြေပါစေ