Wednesday, July 18, 2012

NASA နာဆာအဖွဲ့ ကြီးရဲ့  ပေါက်ထွက်လာတဲ့  Top secret မှတ်တမ်း






နာဆာ (NASA) ဆိုလျှင် သိပ္ပံပညာရှင်များသာ မက အားလုံးသော လေ့လာစူးစမ်းလိုသူများ အတွက် ရင်နှီးပြီးသားပါ။ အမျိုးသားလေကြောင်းနှင့် အာကာသ အုပ်ချုပ်ရေးအဖွဲ့ နာဆာ (NASA) ဟာ အမေရိကန်အစိုးရက ဖွဲ့စည်းထားတဲ့အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ ၂၉ ဇူလိုင်လ ၁၉၅၈ မှာ စတင်ဖွဲ့စည်းခဲ့တဲ့ နာဆာဟာ ၂၀၀၈ ခုနှစ်မှာ နှစ်(၅၀) ပြည့်မြောက်သွားခဲ့တာပါ။
အဓိက အားဖြင့် အမေရိကန်နိုင်ငံ လေကြောင်းကဏ္ဍနှင့် အာကာသ စူးစမ်း လေ့လာခြင်း လုပ်ငန်းများ၊ စကြာဝဋ္ဌာ၊ နေအဖွဲ့အစည်းနှင့် ကမ္ဘာအကြောင်းကို ပိုမို နားလည်လာ နိုင်စေရန်နှင့် အာကာသသို့ လူများစေလွှတ်နိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။သို့ ပေမယ့် နောက်ကွယ်မှာ ထိတ်တန်းလှိုဝှက်ထားတဲ့ အကြောင်းအရာတွေရှိတယ်။ အမေရိကန်နဲ့  အားပြိုင်နေကြတဲ့ နိုင်ငံတွေကို အာကာသဆိုင်ရာမှာ စိုးမိုးထားနိုင်ဘို့  လေ့လာစောင့်ကြည့်ရေးသူလှို့  ဂြိုလ်တုတွေလွှတ်တင်ဘို့ ကို  ဒေါ်လာသန်းပေါင်းထောင်ချီ အသုံးပြုနေတာပါ။ အင်အားကြီးနိုင်ငံဖြစ်နေဘို့  က အားလုံးထက်သာတဲ့ ခေတ်မှီတဲ့ နည်းပညာတွေ ကိုအပြိုင်ရှာဖွေ လေ့လာ တည်ထွင်နေကြတာကို ရေးရင် ကုန်မည်မထင်။
 NASA ကနေ လူသိရှင်ကြား ထုတ်ဖေါ်ခြင်းမရှိခဲ့သော ထူးခြားဆန်းကျယ်တဲ့  အာကာသတွင်းမှာ သက်ရှိတွေနေထိုင်နေတဲ့  Alien(ခေါ်) ဂြိုလ်သားတွေရဲ့  အကြောင်း ကို  ဖေါ်ပြလိုက်ပါတယ်။

အာကာသ တွင်းမှ သက်ရှိလူသားများ

ဂြိုလ်သား၊ ပုဂံပြားပျံ လို့ ဆိုလိုက်ရင် ...ဗမာလူမျိုးမျိုးတွေအဖို့  အတွေးနယ်လွန်ဖြစ်ရပ်ဆန်း-စိတ်ကူးယဉ်ထဲ က ထူးဆန်းတဲ့လူသားတွေ လို့ ဘဲ သိကြမှာ။ ယုံတဲ့သူထက် လက်မခံဘဲ ပုံပြင်ဆန်တဲ့  -လက်တွေ့ မကြတဲ့ -ဇတ်လမ်းဆင် ဖေါ်ပြရေးသားနေကြတယ်လို့ သာ ထင်ကြလိမ့်မယ်။ နိုင်ငံတကာမှာတော့ ဒီ ..Alien ခေါ်တဲ့ ဂြိုလ်သားတွေ့ ရှိတဲ့..ရောဂါဟာ အလွန်ပြန့်နေပြီးတော့ ..ကမ္ဘာမှာ စိတ်ဝင်စားဆုံး အကြောင်းအရာတွေမှာထိတ်ဆုံးနေရာမှာယူထားဆဲပါ။ .. အင်း..လူ့ လောကကြီးမှာ မမြင်နိုင်တဲ့ အလွန်ဆန်းကျယ်တဲ့ အရာတွေရှိနေတယ်ဆိုတာ ယခုရေးတဲ့အကြောင်းအရာတွေကို ဖတ်မိရင်းနဲ့   မိမိရဲ့  ဆင်ခြင်တရားနဲ့ သာ ဟုတ်သည်-မဟုတ်သည်ကို အသိအမှတ်ပြုကြပါ။
အရင်ဆုံး NASA နာဆာအဖွဲ့ ကြီးရဲ့  ပေါက်ထွက်လာတဲ့  Top secret မှတ်တမ်းဖိုင်တွေအရ အာကာသထဲမှာ လူသားတွေအခြေချ နေထိုင်လို့ ရတဲ့  ဂြိုလ်တွေရှိနေပြီး သက်ရှိသတ္တ၀ါတွေ နေထိုင်နေတယ်ဆိုတာပါ။


အဆိုပါ အာကာသ အတွင်းမှာ နေထိုင်နေတဲ့  ဂြိုလ်သား တွေဟာ ကမ္ဘာဂြိုလ်ထက် သိပ္ပံနည်းပညာပိုင်ဆိုင်ရာမှာအဆင့်မြင့်ကာ ကမ္ဘာမြေပေါ်ကို မကြာခဏဆိုသလို ပုဂံပြားပျံယာဉ်တွေစီးပြီး ဆင်းလာနေကြတယ်။ ထိုအာကာသ လူသား(ဂြိုလ်သား)တွေ ရှိနေကြောင်းကို သမိုင်းမှတ်တမ်းအရ စရမယ်ဆိုရင်..အီဂျစ်နိုင်ငံ ရှေးဟောင်းကျောက်စာတွေမှာ ရေးထိုးထားတဲ့  ကျောက်ထွင်းသင်္ကေတတွေကိုလေ့လာရင်သိနိုင်သလို..
အိန္ဒိယ-တရုပ်၊မက်စီကိုစတဲ့နိုင်ငံတွေရဲ့ သမိုင်းသက်သေအထောက်အထားတွေမှာလည်း တွေ့ နိုင်ပါတယ်။


သမိုင်းသုတေသီတွေအနေနဲ့    အဆိုပါ အထောက်အထားတွေကို လေ့လာမယ်ဆိုရင် ရှေ့ ခေတ်က လူသားတွေဟာ စိတ်ကူးနဲ့ ဖန်တီးပြီး ရေးထိုးထားတယ်လို့  ပြောလိုမရဘဲ ..ဂြိုလ်သားတွေနဲ့  အတူ အဆက်အသွယ် ဒါမှမဟုတ် အတူတကွ နေထိုင်တာတွေရှိနေခဲ့တယ်ဆိုတာ ထင်ရှားလာနေပြီလို့ ဆိုတယ်။

Land of Alien (ဂြိုလ်သားတို့  ရဲ့ ကုန်းမြေ) 



ဂြိုလ်သားတွေနဲ့ ပါတ်သက်ရင် သက်သေအထောက်အထားတွေနဲ့  အထူးခြားဆုံး မှတ်တမ်းတင်ထား တဲ့ နိုင်ငံဟာ အီဂျစ်နိုင်ငံပေါ့။  ရှေ့ ဟောင်း သမိုင်းမှာ ခေတ်အမှီဆုံးပိသုကာ လက်ရာတွေနဲ့  အလွန်ဆန်ကျယ်တဲ့ သုံးမြောင့်ပုံ ပိရမစ် ကြီးတွေကြောင့် ကမ္ဘာကျော်တဲ့ နိုင်ငံပါ။
 ရှေ့ ဟောင်းအီဂျစ်တိုင်း သားတွေ ဟာ စက်မှု-လက်မှု-ပညာအရာမှာ မဟာဝိဇ္ဖာ လိုဆိုရလောက်အောင် ကျွမ်းကျင်တယ်၊ မံမီလို့ေ ခါ် တွင်နေတဲ့  ဆေးရည်စိမ် ရုပ်အလောင်းတွေဟာဆိုရင် (ရှေးဟောင်းအီဂျစ် မျိုးနွယ် တို့ သည့် သေဆုံး သည့်အခါ အလောင်းအား ရေရှည်ထိမ်း သိမ်းထားပြီးသော်..တချိန်မှာ အသက်ပြန် သွင်းနိုင်မည်ဟု ယုံကြည်ကြသည်။) မင်းဆက်အလိုက် ရုပ်မပျက်ဘဲ မှတ်တမ်းတင်ထားနိုင်လို့  သမိုင်းပြန်တူးဖေါ်နေတဲ့  ပညာရှင်တွေအနေနဲ့ သမိုင်းအချက်အလက် အလွန်အထောက် အကူဖြစ်စေ ခဲ့တယ်။
သုတေသနပြုကြရာမှာ. .... ဆေးရည်စိမ်ပြီး အ၀တ်တွေပါတ်ထားတဲ့  မံမီရုပ်အလောင်းတွေကို အုပ်ထားသော အခေါင်းများထဲကနေ ဖွင့်ကြည့် လိုက်တော့ ၊  ဖါရို ဘုရင်မင်းဆက်တွေမှာ အလွန်ထူး ဆန်းတဲ့  ဂြိုလ်သားရုပ်အလောင်းတွေ တွေ့ ရှိရသတဲ့။ ဘုရင်မတပါး ဟာဆိုရင် သာမန် အီဂျစ်နန်းတွင်း လူတွေနဲ့ မတူဘဲ နဲ့  ဦးခါင်းက တတောင်လောက်ရှည်နေတဲ့  ထူးခြားချက်ပါဘဲ။


ဒါတင်မက..အာကာသထဲက ယာဉ်ပျံတွေ ဆင်းလိုက် တက်လိုက် လုပ်နေကြတဲ့ သမိုင်းကျောက်စာတောင် ရေးထားလိုက်သေးတယ်။( သုံးမြှောင့်ပုံ ပိရမစ်အဆောက်အဦးများမှာ ထိုစဉ်က အာကာသမှ ဆင်းလာသည့် ပုဂံပြားပျံများ ရပ်နားရာ လေဆိပ်အဖြစ် အသုံးပြုကြကြောင်း၊ (မိုးပေါ်မှကြည့် ပါက မြင်သာစေရန်ပြုလုပ်ထားအဆောက်ဦးများဟာ  ဆိုရင် အပေါ် ထိတ်ဆုံးမှနေ အောက်ခြေသို့  ဆင်းနိုင်သည့် သွားလမ်းများပြုလုပ်ထားတယ်။ ယာဉ်ကျေးမှု-လူနေစရိုက်နဲ့  ဘာသာကွဲပြားတဲ့ နိုင်ငံတွေမှာ ပိရမစ်အဆောက်အဦးတွေ တည်ဆောက်ထားပုံခြင်းနဲ့  ဆင်တူတာနေတာ အံ့သြံဖွယ်ပေါ့။


.ကဲ...လပေါ်က နတ်သမီးလေးအကြောင်းက ယခုနှစ်ပိုင်း နာဆာရဲ့  မှတ်တမ်းဖိုင်တွေထဲက ရလာတာ။  လပေါ်မှာတွေ့ ရတဲ့  ယာဉ်ပျက်ကြီးတစင်းထဲက ရလာတဲ့ မိန်းခလေးရုပ်အလောင်းကို ကမ္ဘာမြေ ဆီ သို့  ပြန်သယ်ဆောင်လာတဲ့ မှတ်တမ်းမှာဆိုရင်..... အဆိုပါ မိန်းခလေးတဦးရဲ့  ရုပ်အလောင်းဟာ အိပ်နေ တဲ့ သဘာဝ အတိုင်း ရှိနေတာကိုတွေ့ ပါတယ်။ သူ့ ကို လပေါ်က မိုနာလီဇာလို့  အမည်ပေး ထားသေး ရဲ့ ၊

သူမရဲ့ အသားအရေက မွဲခြောက်ကပ်မနေဘဲ-ပုံမှန်အသားရေဖြစ်နေတာရယ်၊ ဆံပင်နဲ့ နုတ်ခမ်းတွေဟာ လည်း ပြော့ပြောင်းနေသေးတာတွေ့ နေရတယ်။   အတုအလိမ်တွေပေါလိုက်တဲ့ ခေတ်ကာလမှာ ယုံနိုင်ဘို့  မလွယ်ပေမယ့်.. တချို့ ဖြစ်ရပ်တွေဟာ လုပ်ဇတ်ခင်းပြီး ဖန်တီးလို့ မရပါဘူး။ တချို့ အဖြစ်ပျက်တွေဆိုရင် နာဆာအဖွဲ့ ကိုယ်တိုင် ဟုတ်မှန်ကြောင်း ၀င်ခံရတဲ့အဖြစ်ပါဘဲ။
 မြန်မာနိုင်ငံရှေးဟောင် ရာဇ၀င်ပုံပြင်တွေမှာ ဆင်ပျံ၊ မြင်းပျံယာ ဉ်ကြီးတွေနဲ့  မိုးပေါ်ပျံနိုင်တဲ့  စက္ကောမ ခေတ်က လူသားမျိုးနွယ်တွေဟာ ကမ္ဘာကြီးပျက် တဲ့ အခါ( ဒိုင်နိုဆောသတ္တ၀ါများ မျိုးတုံးခဲ့ရသည့် ခေတ် ) အာကာသ အတွင်းကို အဆိုပါယာဉ်ပျံတွေ နဲ့ အာကာသတွင်းက နေထိုင်လို့ ရမယ့် ဂြိုလ်တွေ ဆီပြောင်းရွေ့  လွတ်မြောက် သွားကောင်းသွားနိုင်တယ်.။ အာကာသအတွင်းမှာ လူတွေရဲ့  အသက်က ပိုရှည်စွာ နေထိုင်နိုင်တယ်၊ အရွယ်တင် ပြီး အိုမင်းရင့်ရော်ခြင်းကို အံတုနိုင်တဲ့  နည်းပညာနဲ့  ရာသီဥတုေ တွဖြစ်ပေါ်နေသေးတယ်။ ယခုတွေ့ ရှိခဲ့သည့် မိန်းခလေးရုပ်အလောင်းမှာ လူသားမျိုးနွယ်နဲ့  အလွန်နီးစပ်တဲ့ မျိုးဆက်တွေဖြစ်ဖို့ များတယ်။

                                   
အာကာသတွင်းက စက်မှုပညာ မြင့်မားတဲ့  ဂြိုလ်သားတွေနဲ့ သာ လက်တွဲနိုင်ရင် တကမ္ဘာလုံးကိုချုပ်ကိုင်နိုင်တဲ့  စင်္ကြာဝ လာ မင်းကြီး ဖြစ်မှာဆိုတော့ ခေတ်နဲ့ အတူ အားပြိုင်နေတဲ့  နိုင်ငံကြီးတွေက UFO (အမျိုးမည်မသိ ယာဉ်ပျံများ) နဲ့  ဆက်သွယ်နိုင်ရေးကို အထူးလှို့ ဝှက်ပြီး လုပ်ဆောင်ေ နကြမှာ သေခြာပါတယ်။ 
စစ်အေးခေတ်ကာလအတွင်း ဆိုဗီရက် ပြည်ထောင်စုက KGB ထှောက် လှမ်းရေး အဖွဲ့ မှာလည်း UFOနဲ့ ပါတ်သက်တဲ့  မှတ်တမ်းကို ဒေါ်လာ (၁၀၀၀၀) နဲ့  ရောင်းစားခဲ့လို့  ဆိုဗီရက် ပြည်ထောင်စုမှာ ပျက်ကျခဲ့တဲ့  ဂြိုလ်သား ယာဉ်ပျံတစီး ကို တွေ့ ရပါတယ်။



NASA နာဆာ၏ နောက်ဆုံး အစီအစဉ်   
  မြေကမ္ဘာကြီး ဟာ ရာသီဥတုတွေဖေါက်ပြန်လာပြီး ကမ္ဘာကြီးပျက်သုံးမယ့် နောက်ဆုံးအချိန်ကို ရောက် လာပြီ ဆိုသည်ကို နာဆာ အဖွဲ့ ကြီးအနေနဲ့  ကောင်းကောင်းသိနေပြီး အာကာသတွင်းမှာ လူသားတွေ  နေထိုင်စားသောက်နိုင်မယ့် မြို့ တော်တွေ တည်ဆောက်နေတာ ဆယ်စုနှစ်ကျော်လာနေပါပြီ။ လူသားတွေ နေထိုင်နေတဲ့  ကမ္ဘာကြီးဟာ နောက်ဆုံးနေလိုမရတော့တဲ့ အချိန်မှာ အာကာသတွင်းက လူသားတွေ နေနိုင်မယ့် ဂြိုလ်တွေမှာ ပြေညင်းရွေ့ နေဘို့ အထိ နာဆာက ကြံရွယ်ထားပါသေးတယ်။
 ထူးခြားတဲ့ စမ်းသတ်မှုအနေနဲ့  ဆာဟာရ သဲကန္တာရမှာ ပညာရှင်တစု ဟာ ဖန်သားနဲ့ လုပ်ထားတဲ့ အလုံပိတ် နေရာကြီးအတွင်းမှာ ရေ-မြေ-လေ သဘာဝတွေဖန်တည်းပြီး (၂)နှစ်တိုင် အသက်ရှင်နေထိုင်တဲံ့ စမ်းသတ်မှုကို ပြုလုပ်ခဲ့တာပါ။

Saturday, July 7, 2012

ရှမ်းပြည်မြောက်ပိုင်း KIA နှင့် အစိုးရတိုက်ပွဲ များပြင်းထန်လာ

ဇူလှိုင်(၁)ရက်၊ ပန်းဆိုင်မြို့  ယီခူရွာအနီး ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် KIA တပ်ရင်း ၃၆ မှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းတချို့။


ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နှင့် နမ့်ခမ်းကြား လုံခြုံရေးယူထားသော မြန်မာအစိုးရတပ်ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း (၉)မှ တပ်ခွဲ (၂) တပ်သားများ ဇွန်လ ၅ ရက်နေ့က နမ်အွမ်တွင် ဗုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၆ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ထိုးစစ်ဆင် အင်အားတိုးချဲ့လာသော အစိုးရတပ် ကားများကို KIA မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တပ်သားတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ကား ၁၂ စီးဟုတ်တယ်။ တစ်စီးပျက်စီးသွားတယ်။ ၂ နာရီလောက်မှာပစ်လိုက်တာ။ သေတယ် ၆ ယောက်။ မြောင်းမှာ သေနေတာ” ဟုပြောသည်။

ထို့အတူ ဇူလိုင်လ ၅ ရက်နေ့မှာပင် ပန်ဝါအထက် နယ်ခြားမှတ်တိုင်(၇) အနီး မြန်မာအစိုးရတပ်ကို KIA တပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်လိုက်ရာ မြန်မာတပ်မှ ဒုဗိုလ် ၁ ဦးနှင့် တပ်သား ၆ ဦး ဖမ်းဆီးလိုက်ရပြီး သေနတ် ၉ လက်ကိုလည်း ရရှိလိုက်ကြောင်း ရှေ့တန်း KIA တပ်ပေါင်းစုမှ KNG ကချင်သတင်းဌာန သို့ပြောသည်။

ကချင်ပြည်နယ်တွင်း KIO တပ်အခြေစိုက်ရာနေရာသို့ အစိုးရတပ်များ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

ကချင်ပြည်နယ်မြောက်ဘက် ချီဖွေနှင့် အင်မိုင်ခမြစ်(မေခ) ကြားရှိ မန်ဒုန်ကျေးရွာတွင်လည်း ဇူလိုင် ၄ ရက်တွင် မြန်မာအစိုးရတပ် ခလရ ၇၄ တပ်သည် ရွာထဲဝင်ရောက်လာကာ ရွာသားများ၏ ကြက်၊ ဝက်၊ ဆိတ်များကို ပစ်သတ်၍ ဆန်များကိုလည်း လုယှက်ခဲ့ပြီး  KIA တပ်ရင်း (၁၀)နှင့် ဆက်လက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းပစ်ခတ်တိုက်ခိုက်မှုတွင် နှစ်ဘက်တပ်မှ သေဆုံးမှုရှိမရှိ မသိရှိရသေးပါ။

မြန်မာအစိုးရမှ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အား ဗန်းမော်နှင့်မူဆယ်တွင် တွေ့ဆုံရန် ပြောဆိုခဲ့ရာ အစိုးရထိန်းချုပ်နယ်မြေတွင် တွေ့ဆုံမှုအားငြင်းပယ်ခဲ့သည်။

KIO နှင့် အစိုးရ ငြိမ်းချမ်းရေးခေါင်းဆောင်များသည် တပ်များရုပ်သိမ်းရေး ပြောဆိုညှိနှိုင်းခဲ့ကြသော်လည်း အစိုးရတပ်များသည် ထပ်မံတိုးချလာသည်သာမက သာ၍ တင်းမာမှုများကြောင့် နေ့စဉ်ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲများဖြစ်နေသည်။

သျှမ်းပြည် (မြောက်ပိုင်း) ရဲစခန်းတခု အား KIA ၀င်စီး

(၀ိုင်းရုံပဲရှိသေးတယ်၊ ထွက်ပြေးကြတော့ စခန်းတခု အချောင်ရခဲ့တာပေါ့၊ ဒီလောက်ကြောက်နေရင်လည်း ရဲမလုပ်ပါနဲ့တော့၊  ရာထူးတွေ တသီတတန်းကြီး ပြုတ်မှာကို မြင်ယောင်ပါသေးတယ် ။)

Friday, 06 July 2012 16:49 သျှမ်းသံတော်ဆင့်


သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကြူကုတ် - ပန်ဆိုင်းမြို့နယ် ရေပူရွာ ရဲစခန်းအား ယနေ့နံနက် ၄ နာရီခန့် က KIA တပ်ဖွဲ့မှ စီးနင်းသိမ်းပိုက်ခဲ့ကြောင်း သိရသည်။


KIA တပ်ဖွဲ့မှ အဆိုပါရဲစခန်းအား သိမ်းပိုက်ရန် ၀ိုင်းရံစဉ် စခန်းအတွင်းရှိ ရဲတပ်သားများ တရုတ်နယ်စပ်ဘက် ထွက်ပြေး တိမ်းရှောင် သွားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ရေပူရွာ ရဲစခန်းပေါ့ KIA က ရဲစခန်းကို သိမ်းဖို့လာဝိုင်းတော့ ရဲတွေအားလုံး တရုတ်နယ်စပ်ဘက် ထွက်ပြေးသွားတယ်၊ ပစ်ခတ်မှု တော့မဖြစ်ဘူး၊ ဒီအတိုင်းတက်သိမ်းသွားတာ ” ဟု ဒေသခံက ဆိုသည်။

အဆိုပါရဲစခန်းအတွင်း ရဲတပ်သား ၂၀ ကျော်ခန့်ရှိကြောင်း သိရှိရပြီး ယမန်နေ့ ညနေပိုင်းကလည်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အလွန် နမ့်အွန်ရွာအနီးတွင် အစိုးရစစ်ယာဉ်တန်းအား အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး အစိုးရ တပ်သား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိကြောင်း သိရသည်။

Monday, July 2, 2012

အပစ်အခတ်ရပ်စဲထားသော် လည်း တောင်ငူတွင် တိုက်ပွဲဖြစ်ပွား


ဇူလိုင်လ ၂ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ သံတောင်မြို့နယ်ရှိ ၀ါးစိုးရွာအနီး ရှဲလိုဒေါခိုတွင် ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံတပ်နှင့် မြန်မာအစိုး ရတပ်တို့အကြား ပြီးခဲ့သည့် ဇွန်လ ၂၇ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
အဆိုပါဒေသရှိ မြန်မာအစိုးရတပ် တပ်မ(၆၆)လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ(၁)သည် KNU ထိန်းချုပ်ထားသည့် သတ်မှတ်နယ် မြေအတွင်း ၀င်ရောက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု KNU တောင်ငူခရိုင်မှ ခရိုင်တာဝန်ခံ စောအယ်ဝါးက ကေအိုင်စီသို့ ယခု လို ပြောသည်။
“သူတို့(အစိုးရတပ်)က အပစ်ရပ်ကာလမှာ ကြိုတင်အကြောင်းမကြားဘဲ ကျနော်တို့ သတ်မှတ်နယ်မြေအတွင်းမှာ ၀င်လာတော့ တိုက်ပွဲ ဖြစ်တာပေါ့။ တိုက်ပွဲဖြစ်တာက ကျနော်တို့ရဲ့ တပ်စုတစ်စုပါပဲ။ သူတို့ဘက်က အရင်ပစ်လို့ ဖြစ်တာ။ မိနစ်ပိုင်းလောက်ဖြစ်ပြီး ကျနော်တို့ ဘက်က ပြန်ဆုပ်တယ်။ ထိခိုက်မှုတော့ မရှိဘူး။”ဟု သူက ပြောသည်။
ဇွန်လ ၂၃ရက်နေ့က သံတောင်မြို့နယ်ရှိ ကော်သေးဒဲရွာသို့ ဆန်သွားဝယ်ပြီး ပြန်လာသော ဟီဒေါခေါ်နှင့် သေခိုဒဲရွာသား ၄ဦးကို ပစ်ခတ် ခဲ့ပြီး ထိုတနေ့တည်းမှာပင် တောင်ယာခင်းတွင် စုပေါင်း မြက်ခုတ်ထွင်ရှင်းလင်းနေသော ဟီဒေါခေါ်ရွာနှင့် ၀ါးစိုးရွာသား ၁၀ဦးအား ပစ်ခတ်ခဲ့သည်။
တစ်ဆက်တည်းပင် မြန်မာအစိုးရတပ်များသည် ဒေသခံရွာသားများ ပစ်ခတ်မှုများရှိသည့်အပေါ် လွတ်လပ်စွာ လုပ်ကိုင်စားသောက်မှုနှင့် သွားလာမှုများ၌ အခက်အခဲဖြစ်ရသည်ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။
သူက “အပစ်အခတ်ရပ်စဲရေးအချိန်မှာ နည်းနည်းအေးချမ်းမလားလို့။ အခု အရင်အတိုင်းပဲဆိုတော့ စိတ်မကောင်းဘူး။ အခုထိ ကျနော်တို့ ဒေသခံတွေ ကြောက်ကြောက်လန့်လန့်နဲ့ သွားလာအလုပ်လုပ်နေရတယ်။ (ဇွန်လ) ၂၃ရက်နေ့က တောင်ယာမှာ အလုပ်လုပ်တဲ့သူတွေ တောမှာ လိုက်အိပ်ရသေးတယ်။”ဟု ပြောဆိုသည်။
နော်စီဖိုးရာစိန် ဦးဆောင်သည့် KNU ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၆ရက်နေ့က မြန်မာအစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တွေ့ဆုံခဲ့ပြီး စစ်ရေးကိစ္စများကိုပါ အနည်းငယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Sunday, July 1, 2012

KNPP တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲဖြစ်ပွါး









အစိုးရနှင့် KIO တိုက်ပွဲ ပြင်းထန်နေစဉ် KIO နှင့် UKA ပူးပေါင်း


ချင်းမိုင်(မဇ္စျိမ) ။        ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် ခြောက်မိုင်အကွာရှိ
ဒေါ့ဖုန်းယန် မြို့နယ်ခွဲတွင် အစိုးရတပ်နှင့် KIO တပ်တို့ နှစ်ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ကျေးရွာနှင့် နားလုံကျေးရွာ အကြားတွင် အစိုးရ၏ တပ်အင်အား ၁၀၀ ကျော်ခန့် တက်လာရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု KIO မှ ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

“မနေ့က နားလုံဘက်မှာ မနက်ကနေ ည ၈ နာရီထိ တိုက်နေတယ်။ ဗန်းမော် ဘက်ကရော၊ မြစ်ကြီးနားဘက်က (အစိုးရတပ်များ) တက်လာလို့ တိုက်ပွဲဖြစ်တယ်။ ဒီမနက်ပိုင်းလည်း ဆက်ဖြစ်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

နှစ်ရက်ကြာ တိုက်ပွဲအတွင်း နှစ်ဖက်လုံးမှ ကျဆုံး ဒဏ်ရာရမှုများ ရှိသည်ဟု KIO ၏ ရှေ့တန်းမှ အရာရှိတဦးက ပြော သည်။

“ကျနော်တို့ဘက်က ဒီမနက် ၈ နာရီ ၁၁ မိနစ်မှာ ဗိုလ်တဦး ကျသွားပြီ။ အစိုးရဘက်ကလည်း တော်တော် ကျတယ်။ တချို့က ဒေါ့ဖုန်းဘက်ကနေ လာတယ်။ တချို့က ရှထန်ပါ ဘက်ကနေ တက်လာတယ်။ မနေ့က တိုက်ပွဲမှာက တဦးကျ၊ တဦး ဒဏ်ရာရတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ထိုသို့ အစိုးရတပ်နှင့် KIO တပ်အကြား တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားနေစဉ် KIO နှင့် ပြည်ပ အခြေစိုက် ကချင် အမျိုးသားအစည်းအရုံး KNO တို့ ပူးတွဲ လုပ်ဆောင်သွားရန် လိုင်ဇာဌာနချုပ်တွင် နှစ်ရပ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ သည်။ ထို့နောက် KNO ၏ United Kachinland Army - UKA တပ်ဖွဲ့ကို ရုတ်သိမ်းလိုက်ပြီး KIA တပ်ဖွဲ့နှင့်အတူ ပူးပေါင်းဖွဲ့စည်းလိုက်ကြောင်း ဇွန်လ ၂၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

“KIO နှင့် KNO သည် ကချင်အမျိုးသားရေးတွင် အတူလက်တွဲပြီးကာ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပြီး လုပ်ကိုင်ရ မယ့် လုပ်ငန်းစဉ်တွေကို စုပေါင်းညှိနှိုင်းပြီ လုပ်ဆောင်သွားမည်။ သဘောတူညီချက်အတိုင်း KNO ကနေ ဖွဲ့စည်းထား တဲ့ UKA ကို ရုပ်သိမ်းလိုက်ပြီး KIA နဲ့အတူ ပူးပေါင်းသွားမည်” ဟု ကချင်ဘာသာဖြင့် ဖော်ပြပါရှိသည်။

အင်အား ရာဂဏန်းရှိ UKA တပ်ဖွဲ့များသည် အများအားဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်တွင် လှုပ်ရှားနေသည်ဟု သိရသည်။

ထိုသို့ ပူးပေါင်းလိုက်ခြင်းနှင့် ပတ်သက်၍ “အမျိုးသားရေးအတွက် ပေါင်းလိုက်တာ။ တခုပဲ ဖြစ်အောင် ပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ကျနော်တို့က အဖွဲ့တွေ အများကြီး အားလုံး စုစည်းသင့်နေပြီဆိုတာ ကချင်တိုင်းက သိသင့်နေပြီ” ဟု ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။ 

ကချင်တိုင်းရင်းသားအရေး နိုင်ငံတကာတွင် ဆောင်ရွက်ရန် KNO ကို ၁၉၉၉ ခုနှစ်က ထူထောင်ခဲ့ပြီးသော်လည်း
နောက်ပိုင်းတွင် KIO နှင့် KNO အကြား သဘောထားများ ယှဉ်ပြိုင်သလို ဖြစ်လာခဲ့ရာမှ ၂ဝ၁၁ ခုနှစ် ဇန်နဝါနရီလက သဘောထား ပြန်လည် ညှိနှိုင်းခဲ့ကြသည်။

KNO ကို ကချင်ကျောက်စိမ်းလုပ်ငန်းရှင် ဒူဝါဘောမ်ဝမ် လရော်က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း
ဖြစ်ပြီး အဖွဲ့ဝင်များမှာ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ မလေးရှား၊ အိန္ဒိယ၊ ကနေဒါ၊ ဗြိတိန်၊ နော်ဝေ၊ ဆွီဒင်၊ တရုတ်နှင့် ထိုင်း စသည့် နိုင်ငံများတွင် ရှိသည်။