Wednesday, November 14, 2012

လ ကို အမေရိကန်တို့၏ ၅၁ ခုမြောက်ပြည်နယ်ဖြစ်လာရန် တောင်းဆိုထား


လ (Moon) ကို အမေရိကန်တို့ရဲ့  ၅၁ ခုမြောက် ပြည်နယ်ဖြစ်လာရန် ယခုနှစ်အတွင်း တောင်းဆိုခဲ့ပါတယ်။

တောင်းဆိုသူကတော့ အမေရိကန် လွတ်တော်အမတ် တစ်ဦး ဖြစ်တဲ့ Newt Gingrich ဖြစ်ပြီး အိမ်ဖြူတော်အစိုးရအဖွဲ့ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ သူရဲ့  တင်ပြချက်အရ လကမ္ဘာမှာ အမေရိကန်နိုင်ငံသား လူဦးရေ ၁၃၀၀၀ နေ ထိုင်ပြီဆိုရင် အမေရိကန်ရဲ့  ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်နိုင်ပြီး ပြည် နယ်တစ်ခု ဖြစ်လာမယ်လို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။ သူ့ ရဲ့ တင်ပြချက်ဟာ အမေရိကန် အထက်လွတ်တော်အမတ်များ လက်ခံဖွယ်ရာ ဖြစ် လာပြီး ဆွေးနွေးတိုင်ပင်မှုပေါင်း များစွာ ပြုလုပ်ခဲ့ပါတယ်။


သို့ပေမယ့် အမေရိကန် Northwest Ordinance ဥပဒေပြဌာန်းရေး အဖွဲ့ မှ ပြန်လည်ကြေညာချက်အရ လူဦးရေ ၆သောင်း ရှိမှ ပိုင်နက်ပြည်နယ် တစ်ခုအဖြစ် ကြေညာနိုင်မယ်လို့ ဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ လ ကို Terra nullius (မည်သူမှ မပိုင်သောနယ်မြေ) အဖြစ် သတ်မှတ်ထားပါတယ်။ သို့ပေမယ့် လက်ရှိ Newt Gingrich တင်ပြချက်အရ လကမ္ဘာဟာ အမေရိကန်ရဲ့  ၅၁ ခုမြောက် ပြည်နယ်ဖြစ်လာမယ်ဆိုရင် သူ့ထက် ငါအပြိုင် ပိုင်ဆိုင်ဖို့ ကြိုးစားမယ့် နိုင်ငံကြီးပေါင်းမြောက်များစွာ ရှိလာမှာ ဖြစ်ပါတယ်။ 

Monday, November 12, 2012

< အနာဂတ်စစ်ပွဲများအတွက် စက်ရုပ်စစ်သည်များ ပင်တဂွန်စမ်းသပ် >


လာမည့်အနာဂတ် စစ်ပွဲများတွင် ပါဝင်တိုက်ခိုက်နိုင်ရန်အတွက် စက်ရုပ်စစ်သည်များကို တီထွင်ထုတ်လုပ်ရန် နည်းပညာစမ်းသပ်ပွဲတစ်ခုကို ပင်တဂွန်စစ်ဌာနချုပ်က ပြုလုပ်ခဲ့ကြောင်းသိရသည်။


The DARPA Robotics Challenge (DRC) ဟု အမည်ပေးထားသော အဆိုပါ စက်ရုပ်တီထွင်မှုနည်းပညာ စမ်းသပ်ပွဲကို ဗာဂျီးနီးယားပြည်နယ် ဘာလင်တန်မြို့ရှိ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့် သုတေသန စီမံကိန်းဌာန (DARPA)၏ ဆွေးနွေးပွဲ ခန်းမတွင် အောက်တိုဘာ ၂၄ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

စမ်းသပ်ရာတွင် အသုံးပြုခဲ့သည့် စက်ရုပ်များကို လူသားအသွင်သဏ္ဌာန် ပုံစံအမျိုးမျိုးဖြင့် တီထွင်ထုတ်လုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် သာမက စစ်ပွဲများတွင်ပါ အသုံးပြုနိုင်ရန် တီထွင်ထားကြောင်း သိရသည်။ ၄င်းစက်ရုပ်များကို ၂၀၁၃ ခုနှစ်တွင် စတင်ထုတ်လုပ်သွားမည်ဖြစ်ပြီး ၄င်းတို့ကို ထုတ်လုပ်ရန်အတွက် DARPA က အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ အကုန်အကျခံ သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။