Wednesday, February 29, 2012

အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် စစ်ဖြစ်ရန်အသင့်ရှိနေကြောင်း မြောက်ကိုရီးယားကြေညာ

AddThis Social Bookmark Button
မြောက်ကိုရီးယားစစ်တပ်ကို စစ်ဆေးနေသည့် ကင်ဂျုံအွန်အား ဖေဖော်ဝါရီလ ၂၇ ရက်က တွေ့ရစဉ်
အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံက ပုံမှန်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် စတင်လိုက်စဉ် မြောက်ကိုရီးယားက ယင်းနှစ်နိုင်ငံစလုံးနှင့် စစ်ဖြစ်ရန် အသင့်ရှိနေကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
စစ်ပွဲသုံး နျူလက်နက်ပစ္စည်းများတပ်ဆင်ထားသည့် သိန်းနှင့်ချီသော မြောက်ကိုရီးယားစစ်သည်များသည် စစ်ပွဲဆင်နွှဲရန်အတွက် အသင့်ရှိနေပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန ကေစီအင်န်အေက ထုတ်ပြန်ကြေညာခဲ့သည်။ ယခု စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားကို လက်ဦးမှုယူတိုက်ခိုက်ရန် ကြံစည်မှုအဖြစ် မှတ်ယူထားကြောင်း ပြုံယမ်းက ထုတ်ပြန်ခဲ့သည်။ နှစ်စဉ်ပြုလုပ်နေကျ Key Resolve စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်စစ်သည် ၂၁၀၀၀ ခန့်သည် တောင်ကိုရီးယားစစ်သည်များနှင့် အတူလေ့ကျင့်မည်ဖြစ်သည်။ ယခုစစ်ရေးလေ့ကျင့်မှုသည် ကာကွယ်ရေးအတွက်သာဖြစ်ပြီး ပထ၀ီနိုင်ငံရေးနှင့် ပတ်သက်သည့် သဘောသဘာဝမရှိကြောင်း ၀ါရှင်တန်က ထုတ်ပြန်ထားသည်။ လက်ရှိစစ်ရေး လေ့ကျင့်မှုများမှာ မတ်လ ၉ ရက်နေ့အထိ ရှိမည်ဖြစ်သလို မတ်လ ၁ ရက်နေ့မှစသည့် အခြားစစ်ရေးလေ့ကျင့်မှုတစ်ခုကိုလည်း ဧပြီလ ၉ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် မြောက်ကိုရီးယားတပ်များကို သွားရောက်စစ်ဆေးခဲ့ပြီးနောက် မိမိရေပိုင်နက်ကို ၀ ဒသမ ၀၀၁ မီလီမီတာမျ ကျူးကျော်လျှင်ပင် ရန်သူများကို အင်နှင့်အားနှင့် နှိမ်နင်းရန်မှာ ကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်သည်။
နိုင်ငံတကာအသိုင်းအ၀ိုင်းသည် မြောက်ကိုရီးယား နျူလက်နက်ဖျက်သိမ်းရေးအတွက် ကြိုးပမ်းနေသည်မှာ နှစ်နှင့်ချီပြီဖြစ်ပြီး ပြီးခဲ့သည့်အပတ်က မြောက်ကိုရီးယားနှင့် အမေရိကန်အရာရှိများသည် ကင်ဂျုံအွန်လက်ထက် ပထမဆုံး အကြိမ်တွေ့ဆုံခဲ့သည်။

Monday, February 27, 2012

"ဆံပင်အရှည်ကိုညှပ်လိုက်ရတဲ့ ဝတ်မှုံရွှေရည်ရဲ့ အဖြစ်"ကျော့ ပိုင်တော့အရမ်းနှမျော မှာဘဲ။ဒါပေမယ့်ဘယ်တက်နိုင် မလဲလေ ကိုယ်နဲ့မှမဆိုင်သေးတာ


ဝတ်မှုံရွှေရည်ဝတ်မှုံ ရွှေရည်က သူမရဲ့ ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီး ဖြစ်တဲ့ "မေခင်ကညာ"  ရုပ်ရှင် ဇာတ်ကားကြီး အထူးပြသပွဲကို တက်ရောက် လာတာ တွေ့ရပါတယ်။ ဒါကြောင့် ပထမဆုံး ဖလင် အတွေ့အကြုံနဲ့ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးမှာ ဘယ်လို အမှတ်တရတွေ ရှိခဲ့တယ် ဆိုတာကိုတော့ "အမှန်အတိုင်း ပြောရရင် ဒီဇာတ်ကားထဲမှာ ကစ်က အဓိကတော့ မဟုတ်ဘူးပေါ့။ တစ်ခါမှလည်း ကားကြီး မရိုက်ဖူးသေး တာကြောင့် ကားကြီးအတွေ့ အကြုံကို လိုချင်တာရယ်၊ မအူဝဲတို့၊ ကိုပြေတီဦးတို့၊ ကိုရန်လေးတို့ အားလုံးပါတဲ့အတွက် ပျော်ပျော် ပါးပါးလေး ဖြစ်ချင်တာရယ်ကြောင့် ပညာလည်း လိုချင်တာရယ်ကြောင့် ရိုက်ဖြစ်တာပါ။
 အခု လတ်လလောမှာတော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်ကူးတဲ့ "သနပ်ခါး" ဆိုတဲ့ ဒီဗီဒီဇာတ်ကားမှာ ရဲတိုက်နဲ့အတူ ပါဝင် သရုပ်ဆောင်နေတဲ့ ဝတ်မှုံရွှေရည်က ခေတ်ကာလ အပိုင်းအခြားနှစ်ခုကို သရုပ်ဆောင် ရတဲ့အတွက် ဆံပင်ကိုညှပ်လိုက်ရတယ်လို့ ပြောလာပါတယ်။ ဆံပင်က ညှပ်လိုက်ရတော့ နည်းနည်းတော့ နှမြောတာပေါ့။ ဒီကားက ဒိုင်ယာလော့ခ်တွေ အများကြီးမပါဘူး။ ဒါပေမဲ့ အိုက်တင်တွေနဲ့ပဲလုပ်သွားတာ ကိုကြည့်ပြီး ပရိသတ်သိသွားနိုင်တယ်။ အခု ဒီဇာတ်လမ်း ကလည်း ပရိသတ်အတွက်လည်း ကြည့်ရတာ ထူးခြားတဲ့ဇာတ်လမ်းဖြစ်မယ်၊ ဇာတ်ကလည်း ကြီးတယ်၊ အိမ်ထောင်ရေးအငြိမ်ဇာတ်ရုပ် မျိုးလည်း မလုပ်ဖူးသေးဘူး။ ဝတ်မှုံက ဒီကားထဲမှာ မျက်လုံးအိုက်တင် လှုပ်ရှားမှုနဲ့ပဲ ပရိသတ်ကို အဓိပ္ပာယ်ပြသွားမှာပါ"လို့ ပြောပါတယ်။

Friday, February 24, 2012

မြိုင်ကြီးငူတွင် ဒီကေဘီအေ တပ်ဖွဲ့ဝင် ၇၀ကျော် ၀ိုင်းထားခံရ


ဖေဖော်ဝါရီလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသတွင် အခြေစိုက်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တပ်ဖွဲ့ဝင် ၇၀ဦးကျော်သည် နယ်ခြားစောင့်တပ် (ဘီဂျီအက်ဖ်) တပ်ဖွဲ့ဝင်များ၏ ၀ိုင်းရံပိတ်ဆို့ထားခြင်းခံနေရသည်ဟု သိရသည်။
ယခုလ ၁၉ရက်နေ့က ဒီကေဘီအေနှင့် ဘီဂျီအက်ဖ်တပ်ဖွဲ့များအကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့အပြီး ယခုအချိန်ထိ ဘုန်းကြီးကျောင်းရှိ ဗိုလ် မှူးမောင်လေး(ဖူးကစယ်)နှင့် ဗိုလ်မှူးရဲချစ်ဦးတို့ဦးစီးသည့် ဒီကေဘီအေ ၉၀၅နှင့် ၉၀၆တပ်ရင်းမှ တပ်ဖွဲ့ဝင် ၇၀ကျော်အား နယ်ခြားစောင့် တပ် ၁၀၁၁၊ ၁၀၁၂၊ ၁၀၁၉ တပ်ရင်း သုံးရင်းမှ အင်အား (၇၀၀)ခန့်က ၀ိုင်းထားခြင်းဖြစ်သည်ဟု ဆိုသည်။
ဒီကေဘီအေ တပ်မှူးတစ်ဦးက “လောလောဆယ် အင်ကြင်းမြိုင်ရပ်ကွက် ဘုန်းကြီးကျောင်းမှာ ကျနော်တို့တပ်ဖွဲ့ဝင် ၇၀ကျော်ကို BGF တပ်ဖွဲ့တွေ ၀ိုင်းထားတယ်။ အခြေအနေက အခုထိ တိုးတက်မှု ဘာမှ မရှိသေးဘူး။ သူ့အခြေအနေ ကိုယ့်အခြေအနေ ကြည့်နေကြတာ ပေါ့။”ဟု ပြောသည်။
မြိုင်ကြီးငူ အခြေစိုက် နယ်ခြားစောင့်တပ် ၁၀၁၁တပ်ရင်းမှ ရင်းပိုင်းချောင်းနှင့် မဲ့သဝေါဘက်ရှိ ဒီကေဘီအေစခန်း ၅ခုကို ၀င်ရောက်ပြီး လက်နက်ပေါင်း ၂၀ကျော်ကို သိမ်းယူသွားခဲ့ခြင်းကြောင့် ပစ်ခတ်မှု စတင် ဖြစ်ပွားခဲ့ရာမှ ၎င်းတို့နှစ်ဖွဲ့အကြား အခြေအနေ ပိုမို တင်းမာ လာခြင်းဖြစ်သည်။
အဆိုပါ တင်းမာမှု အခြေအနေများကို ဖြေရှင်းရန် ယမန်နေ့က (ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင် မောင်အုန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ခင်မောင်ဝင်း၊ နယ်ခြားစောင့်တပ် အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ဖားနွီးနှင့် ဒီကေဘီအေဘက်မှ ဗိုလ်မှူးဆန်းအောင်၊ ဗိုလ်မှူးမောင်လေးတို့ မြိုင်ကြီးငူဒေသတွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရရှိ ကြောင်း ဒီကေဘီအေဘက်က ပြောသည်။
“သိမ်းထားတဲ့ လက်နက်တွေကို ဖားနွီးကတော့ ပြန်ပေးချင်တယ်။ ဗိုလ်ချုပ်မောင်မောင်အုန်းက ပြန်မပေးချင်ဘူးပြောတယ်။ ဒါပေမယ့် ၂ရက်အတွင်းမှာ ပြန်ပေးမယ်လို့ ပြောပြန်တယ်။ အခြေအနေက သိပ်မဟန်ဘူး။”ဟု ဆိုသည်။
၎င်းတင်းမာမှုအခြေအနေကို တာဝန်ရှိသူများ ကြားဝင်ဖြေရှင်း၍ ပြေလည်မှု မရရှိသောကြောင့် ဒီကေဘီအေဘက်က ယမန်နှစ် ဒီဇင်ဘာ လ ၁၁ရက်နေ့တွင် သဘောတူညီခဲ့သည့် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို ဖျက်သိမ်းလိုက်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ဒီကေဘီအေ G1 ဗိုလ်မှူးကြီးဟီဒိုက “လောလောဆယ် ကျနော်တို့လူတွေ ခရီးသွားတဲ့အခါကျတော့ လက်ရှိ အခြေအနေတွေအားလုံးကို ကျနော်တို့ ပြောလို့မရသေးပါဘူး။ သူတို့တွေ ပြန်ရောက်လာတဲ့အခါကျမှ အကုန်လုံးကို ပြောပြလို့ရမယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ဗိုလ်မှူးစောဘိ ဦးစီးသည့်တပ်ဖွဲ့သည် ယမန်နှစ် အစိုးရ၏ နယ်ခြားတပ်စောင့်ဖွဲ့စည်းရေး လက်ခံခဲ့ပြီးမှ တပ်အင်အား ၁,၀၀၀နီးပါးခန့် ဒီကေဘီအေအဖြစ်သို့ ပြန်လည်ရပ်တည်ခဲ့ပြီး မြိုင်ကြီးငူ အထူးဒေသနှင့် မဲ့သဝေါဒေသတို့တွင် လှုပ်ရှားလျှက်ရှိသည်။ ထို့နောက် ဗိုလ် ချုပ်စောလားပွယ် ဦးစီးသည့် ဒီကေဘီအေ ကလို့ထူးဘောတပ်ဖွဲ့နှင့် ပူးပေါင်းကာ ကလို့ထူးလားအဖွဲ့ဟူ၍ ပြန်လည် ဖွဲ့စည်းခဲ့သည်။
ဒီကေဘီအေတပ်ဖွဲ့သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ ခွဲထွက်ကာ ၁၅နှစ်ကျော်ကြာ အစိုးရနှင့် ပူးပေါင်း ခဲ့ပြီး ၂၀၁၀ခုနှစ်၊ သြဂုတ်လတွင် တပ်ရင်းအများစုက အစိုးရတပ် လက်အောက်ခံ နယ်ခြားစောင့်တပ်အသွင်သို့ ကူးပြောင်းသွားခဲ့သည်။
သို့သော် ဗိုလ်ချုပ်စောလားပွယ်ဦးစီးသည့် ဒီကေဘီအေတပ်ဖွဲ့က နယ်ခြားစောင့်တပ် ကူးပြောင်းရေး အစီအစဉ်ကို လက်မခံဘဲ ၂၀၁၀ခု နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့မှစ၍ တနှစ်နီးပါးကြာ အစိုးရကို ပြန်လည်ခုခံတော်လှန်ခဲ့ရာ ယမန်နှစ် ဒီဇင်ဘာလ ၁၁ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

Thursday, February 23, 2012

အဖိုးအိုနှင့်အာလူးခင်း

အဖိုးအိုနှင့်အာလူးခင်း



တခါတုန်းက ရွာတစ်ရွာမှာ တစ်ယောက်တည်းနေတဲ့ အဖိုးအိုတစ်ဦးရှိတယ် ။ သူ့ရဲ့ အာလူးခင်း ကို မြေတွေ တူးဆွပြီး စိုက်ပျိုးချင်ပေမယ့် သူ့မှာ ခွန်အားတွေမရှိတော့တဲ့အတွက် သူအခက်တွေ့နေရတယ် ။ ဒါနဲ့ ဟိုးအဝေး တစ်နေရာမှာနေတဲ့ သူ့သားဆီ သူ ဘယ်လိုလုပ်ရမလဲဆိုတာ လှမ်းပြီးအောက်ပါအတိုင်း အကူအ ညီတောင်း လိုက်တယ် ။

“ သား

အဖေကျန်းမာရေးသိပ်မကောင်းဘူး ဒီနှစ်ထဲမှာ အာလူးခင်းကို မြေတူးဆွပြီး ပြန်စိုက်ပျိုးဖို့ အဖေမ တတ်နိုင် ဘူးသား အဖေအဲဒီလိုမလုပ်နိုင်တာကို သိပ်မုန်းတယ်သား ဘာလို့လည်းဆိုတော့ မင်းအမေဟာ အပင်တွေကိုစိုက်ပျိုးရင်းအချိန်ကုန်ဆုံးတရာကို အရမ်းနှစ်သက်ခဲ့တယ် ။ အဖေဟာ အာလူးခင်းကို ပြန်လည်မြေ တူးဆွဖို့ အခု အသက်ကြီးလွန်းနေပါပြီ ။ အကယ်၍ သားကူညီမယ်ဆိုရင်ဆတာ့ အဖေအ ဆင်ပြေပါပြီ သားအဖေ့ ဆီလာပြီး မြေတွေကို တူးဆွပေးနိုင်မလား ။

ချစ်တဲ့ --အဖေ ”

သိပ်မကြာခင်မှာပဲ အဖိုးအိုဟာ ကြေးနန်းနဲ့ ပြန်စာတစ်ခုပြန်ရလိုက်တယ် ။

“ အဖေ

ဘုရားသခင်ကယ်ပေလို့သာပေါ့ အဖေ အဲဒီအာလူးခင်းကို မတူးဆွပါနဲ့ အဲဒီအာလူးခင်းအောက်မှာ သား လက်နက်ခဲယမ်းတွေမြုပ်ထားတယ်အဖေ

ချစ်တဲ့ -- သား ”

အဲဒီစာရပြီး နောက်တစ်နေ့ မနက်လေးနာရီမှာပဲ အဲဒီရွာကို တာဝန်ရှိသူတွေ နဲ့ ရဲအရာရှိတွေ မြို့နယ်တာ ၀န်ခံတွေရောက်လာပြီး အာလူးခင်းကြီ့းတစ်ခုလုံးကို တစ်နေရာမှ မကျန်အောင် တူးဆွပြီး လက်နှက်ခဲ ယမ်းတွေ ကို ရှာဖွေကြပါတော့တယ် ။ ဒါပေမယ့် -- ဘာကိုမှရှာမတွေ့ခဲ့ပဲ ပြန်သွားကြပါတယ် ။

အဖိုးအိုဟာ နားမလည်နိုင်စွာနဲ့ သူ့သားဆီ ဘာတွေဖြစ်ပျက်တာလဲဆိုတာမေးဖို့ စာတစ်စောင်ရေးပို့လိုက်တယ် ။ သူ့သားကစာပြန်ပို့တယ် ။

“ အဖေ

အဖေအခု အာလူးခင်းထဲသွားပြီး အာလူးတွေစိုက်ပျိုးနိုင်ပါပြီ ဒါဟာ ကျွန်တော်အဝေးကနေ အဖေ့ကို အကောင်း ဆုံးကူညီလုပ်ဆောင်ပေးလိုက်ခြင်းပါပဲ

ချစ်တဲ့ --သား ”

######################################

ကိစ္စတော်တော်များများမှာ ကျွန်တော်တို့ဟာ စဉ်းစားဆင်ခြင်ခြင်းမရှိပဲ လက်ရုံးအားကိုးဖို့ပဲ စဉ်းစားမိကြတယ် ။ တကယ်တော့ စဉ်းစား တွေးခေါ် အမြော်အမြင်ကြီးတတ်ခြင်းဟာလည်း ကိစ္စတော်တော်များများကို ခွန်အား မကုန်ဆုံးစေပဲ ဖြေရှင်းပေးနိုင်ပါတယ် ဒါကြောင့် ဘာပဲလုပ်လုပ် မလုပ်ခင်မှာ သူဘာတွေ လုပ်နိုင်သလဲဆိုတာ အရင်စဉ်းစားပါ သင် ဘယ်နေရာရောက်နေနေ သင်ဘာတွေပဲဖြစ်နေနေ အသိဥာဏ် စဉ်းစားတွေးခေါ် တတ်ခြင်း နဲ့ ကိစ္စတော်တော်များများကို ဖြေရှင်းပေးနိုင်ပါတယ် ။

သက်တန့်ချို

အစိုးရကို ပြန်တိုက်မည်ဟု ဒီကေဘီအေကြေငြာ

၂၃၊ ၀၂၊ ၂၀၁၂
ဒီမိုကရက်တစ် တိုးတက်သော ကရင် ဗုဒ္ဒဘာသာအဖွဲ့ (DKBA) သည် ပြီးခဲ့သောနိုဝင်ဘာလ(၃)ရက်နေ့ တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့သော်လည်း ယမန်နေ့ဆွေးနွေးမှုရလာဒ်အရ အစိုးရကို ပြန်တိုက်တော့မည်ဖြစ်ကြောင်း ကြေငြာလိုက်ပြီဖြစ်သည်။

လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသအခြေစိုက်သည့် မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)မှ ထိုဒေသတွင်လှုပ်ရှားနေသော ဗိုလ်ဘိဦးဆောင်သည့် ဒီကေဘီအေ လက်နက်တစ်ချို့ကို သိမ်းဆည်းရာမှ ပြသနာစခဲ့ခြင်း ဖြစ်သည်။

ဒီကေဘီအေတပ်ဖွဲ့သည် သိမ်းဆည်းခံရသောလက်နက်ပြန်ရရှိရန် မြန်မာအစိုးရနှင့် ဆွေးနွေးရာတွင် လက်နက်ကို ပြန်လိုချင်သလား၊ ငြိမ်းချမ်းရေးကို လိုချင်သလား ဟု မေးခွန်းထုတ်ခံရပြီး အချေအတင် ဆွေးနွေးညှိနိုင်းရာမှာ အဆင်မပြေမှုများကြောင့် ဒီကေဘီအေ ကလိုထူးလားစစ်ဗျူဟာခေါင်းဆောင် ဗိုလ်မှူးချုပ်စောဘိခို့က ယခုကဲ့သို့ ပြန်တိုက်မည်ဟု ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်းလည်း သိရပါသည်။

ကလိုထူးဘောစစ်ဗျူဟာ ခေါင်းဆောင် ဗိုလ်ချုပ်နှုတ်ခမ်းမွှေးတပ်ဖွဲ့နှင့် ကလို့ထူးလား၊ ကလို့ထူးဝါး တပ်ဖွဲ့ တို့၏ လွန်ခဲ့သော(၄)လက အပစ်ရပ်စဲရေးကဘောတူညီချက်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

" တကယ်တော့ ဒီပြသနာသေးသေးလေးကို မြန်မာအစိုးရက မဖြေရှင်းပေးနိုင်စရာ အကြောင်းမရှိပါဘူး။ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးကို မြန်မာအစိုးရက တကယ်လိုလားတယ်ဆိုရင် သူတို့လုပ်ပေးနိုင်တဲ့ အတိုင်းအတာတွေ အများကြီးရှိပါတယ်။ ဒါတမင်သက်သက် နိုင်ငံရေးကစားတာ၊ ကရင်အချင်းချင်း သွေး ထိုးပေးတာ၊ ဒါကြောင့် ဒီကေဘီအေဘက်ကလည်း ပြန်တိုက်မယ်လို့ ကြေငြာလိုက်ရတာပဲ" ဟု KNU တပ်မဟာ(၆) တပ်ရင်းမှူး ဗိုလ်မှူးကြီး စောဖေါဒိုက ဆိုပါသည်။

ဆက်လက်၍ ပဒိုစောဖေါဒိုက စစ်တပ်မှ ၂၅ ရာခိုင်နှုန်းပါဝင်သောကြံဖွံ့အစိုးရအဖွဲ့သည် နိုင်ငံတကာမှ လက်ခံလာအောင် ငြိမ်းချမ်းရေးကိုဟန်ပြသာလုပ်ဆောင်လျှက်ရှိပြီး တိုင်းရင်းသားများကို ဖိနှိပ်မြဲဖိနှိပ်လျှက်ရှိသောကြောင့်   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကို သတိရှိရှိနှင့် လုပ်ဆောင်ရမည်သာဖြစ်ကြောင်း ပြောပါသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့်လည်း လာမည့်မတ်လတွင် အစိုးရနှင့် ဆက်လက်ဆွေးနွေး ရန်ရှိပြီး နေ့ရက်၊အချိန်နှင့် နေရာကို အတည်တကျ မသတ်မှတ်ရသေးကြောင်းလည်း သိရပါသည်။

Wednesday, February 22, 2012

ဘိန်းစိမ်းသယ်လာသည့် မြန်မာအစိုးရစစ်ကြောင်းနှင့် KIA တိုက်ပွဲဖြစ်




kachin-army-kia-0221
ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာအစိုးရတပ်အား ခုခံနေတဲ့ KIA တပ်ဖွဲ့များ။
ရှမ်းပြည်မြောက်ပိုင်းတွင် ဘိန်းခွန်ကောက်နေသည့် မြန်မာအစိုးရစစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၊ သီးသန့် မုံးကိုးတပ်ရင်းကြား မုံကိုး-မုံခေါင်လမ်းပိုင်းတွင် ယနေ့နံနက်ပိုင်းမှ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများဆိုသည်။
မုံးခွမ်ဒေသဘိန်းခင်းများမှ ဘိန်းခွန်အဖြင့် ဘိန်းစိမ်းပိဿာချိန် ၁၀၀ ကျော် ကောက်ခံပြီး မူးယစ်ဆေးဝါး ထုတ်လုပ်သူများသို့ ရောင်းချရန် တရုတ်နယ်စပ် မုံးကိုးမြို့သို့ ချီတက်လာသည့် လောက်ကိုင်နယ်မြေခံ ခလရ (၂၃၉)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်စင်အောင် ဦးဆောင်သည့် အင်အား (၆၀) ခန့်ရှိ စစ်ကြောင်းနှင့် KIA တပ်ရင်း ၃၈ တပ်ဖွဲ့များကြား မုံးခွမ်-မုံကိုးလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ KIA အရာတဦး ပြောသည်။

“ကုတ်ခိုင်မြို့နယ် ပန်ခွန်လမ်းခွဲ ဟိုချာလုံဆိုတဲ့ရွာမှာ ဒီနေ့မနက် ၅ နာရီလောက်ကနေ စပစ်နေကြပြီ။” ဟု မုံးကိုး ဒေသခံတစ်ဦးပြောသည်။

ခလရ (၂၃၉)မှ တပ်ရင်းမှူးဒုဗိုလ်မှူးကြီးဇော်မင်းအောင်နှင့် သူ၏တပ်များသည် ယမန်နှစ် နိုဝင်ဘာ ကတည်းက မုံးကိုးမြို့၌ တပ်စွဲထားခြင်းဖြစ်သည် ဟု ဒေသခံများပြောသည်။

ထိုအစိုးရစစ်ကြောင်းတွင် မုံးခွမ်နှင့် ကွတ်ခိုင်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များလည်းပါဝင်ပြီး တနေ့လုံး ကြိုးကြား ကြိုးကြား ပစ်ခတ်မှုများတွင် မြန်မာအစိုးရတပ်ဖက်မှ ထိခိုက်ဒဏ်ရာရရှိမှု ရှိ မရှိ မသိရပါ။ KIA ဖက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိဟု KIA မုံးကိုး အရာရှိများ ဆိုသည်။

တိုက်ပွဲစဖြစ်ရာ ဟိုချာလုံရွာမှ ၃ မိုင်အကွာရှိ အိမ်ခြေ ၅၀ ခန့်ရှိ ပန်ခွန်ရွာသားများမှာ တိုက်ပွဲကြောင့် ရွာကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြစဉ် ရွာသားအချို့ ကျန်ရှိနေသေးသည့် ထိုတရုတ်ရွာတွင် အစိုးရစစ်သားများက ရွာသားများ၏ အိုးအိမ်များထဲ ၀င်ရောက်လုယက်ခြင်းနှင့် မွေးမြူရေးတိရစ္ဆာန်များကို သတ်ဖြတ် စားသောက်ခြင်းများ ပြုလုပ်နေကြသည်ဟု ဒေသခံများ ပြောသည်။

ယမန်နှစ်နှောင်းပိုင်းတွင် စတင်ဖွဲ့စည်းထားသည့် မုံးကိုးဒေသ သီးသန့် KIA တပ်ရင်းသစ်ဖြစ်သည့် တပ်ရင်း (၃၈) မှ အရာရှိများက တိုက်ပွဲ ကြီးမားလာနိုင်သည်ဟု ကချင်သတင်းဌာနသို့ ပြောသည်။

Sunday, February 19, 2012

Fire fox နဲ့ အင်တာနက် ကို မြန်လာအောင် လုပ်တဲ့ နည်းလမ်းလေးတခုပါ


ပထမဆုံး firefox ကို ဖွင့်လိုက်ပါ  Short Key  ကို သုံးမယ်နော်  Ctrl + Shift + J  ကိုနှိပ်လိုက်ပါ box တခု တက်လာမယ်  အဲအခါကျ All ကို တချက်နှိပ်ပေးပြီး  Clear ကို နှီပ်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်လို့ ဆိုပါတယ် 
ကိုယ်ဖွင့်မယ် ဆိုဒ်ကို စဖွင့်ပြီး ဆိုကထည်းက Ctrl + Shift + J ကို နှိပ်လိုက်ပါ  ပြိးရင် All+C ကိုနှိပ်ပါ
Error  တွေတက်လာသေးရင် All+C ကို ထပ်နှိပ်ပါလို့ ဆိုပါတယ်
အဲဒိဘောက်ကလေးကို ပြန်ပိတ်ချင်တယ်ဆိုရင်တော့  Ctrl + w  နဲ့ ဘဲဖြစ်ဖြစ် Alt + F4 နဲ့ ဘဲဖြစ်ဖြစ် ပိတ်နိုင်တယ်လို့ ဆိုပါတယ် လက်တွေ့ စမ်းကြည့်ပါ
မှတ်ချက်ကလေးကတော့ ကွန်နက်ရှင် အလွန့် အလွန် ဆိုးဝါးသော နေရာမှ တပါး လို့ပါပါတယ်
အားလုံးကိုကျေးကျေးတင်ပါတယ်

ဥ ဥသောကြက်ဖ အား တရုတ်သိပ္ပံပညာရှင်များလေ့လာ



ကြက်မများအားလုံးအား သတ်စား၍ ကုန်ဆုံးချိန်တွင် ကြက်ဖ တစ်ကောင်သည် ဥ စတင်ဥသည့်ထူးခြားသောဖြစ်ရပ် အား တရုတ်သိပ္ပံပညာရှင်များက လေ့လာလျှက်ရှိသည်။
တရုတ်ပြည် အလယ်ပိုင်း အန်းဟွီပြည်နယ်၊ မန်းချန်းမြို့၊ ချူမီယာအိုကျေးရွာတွင်အသက် ၄၇ နှစ်အရွယ်ရှိ ဟောင်းလီသည် ကြက်ဖတစ်ကောင်အား ကြက်မ ၇ကောင်နှင့်အတူသူ၏လယ်တော ၌ မွေးမြူထားခဲ့သည်။
သူ၏မိသားစုသည်ဆောင်း ရာသီတွင် ကြက်မများအား တစ် ကောင်ပြီးတစ်ကောင် သတ်စားခဲ့ ရာ နောက်ဆုံးတွင် ကြက်ဖတစ် ကောင်သာကျန်ရစ်ခဲ့တော့သည်။
နောက်နေ့ နံနက်တွင် ဟောင်းလီသည် ကြက်ခြံသို့သွား ရောက်သည့်အခါ ကြက်ဥတစ် လုံးအား တွေ့ရှိရသဖြင့် အိမ်နီး ချင်းတစ်ဦးဦးက ရယ်ရွှင်ဖွယ်ဖြစ် အောင်ကြည်စားခဲ့သည် ဟုထင် မှတ်ခဲ့သည်။ သို့ရာတွင် နောက် တစ်နေ့တွင်လည်း ကြက်ဥတစ် လုံးထပ်မံတွေ့ရှိရသဖြင့် တတိယ နေ့တွင်စောင့်ကြည့်ခဲ့ရာ အံ့သြ ဖွယ်ရာ ကြက်ဖက ဥ ဥနေသည် ကို တွေ့ရှိခဲ့ရသည်။
ထိုသတင်းသည်ချက်ခြင်းပင် လျင်မြန်စွာ ပံျ့နှံ့သွားပြီး ဒေသခံ ရုပ်/သံလွှင့်စက်ရုံက ဥ ဥသော ကြက်ဖအကြောင်း ထုတ်လွှင့်ပေး ပြီးနောက်တွင် စိုက်ပျိုးရေးဝန်ကြီး ဌာန၊ ဒေသခံရုံးမှ သိပ္ပံပညာရှင် များက သုတေသနပြုလုပ်ရန် အတွက်ကြက်ဖအားငှားရမ်းသွား ခဲ့သည်။
သိပံ္ပပညာရှင်များ အနေနှင့် ကြက်ဖသည် တစ်ချိန်လုံး ကြက် ဖနှင့်အသွင်တူနေသည့် ကြက်မ ဖြစ်နေလေသလားသို့တည်းမဟုတ် ကြက်မများအားလုံး သေဆုံးသွား ချိန်တွင်ကြက်ဖမှ ကြက်မအဖြစ် သို့ အသွင်ကူးပြောင်း သွားလေ သည်လားဆိုသည်ကို သိရှိလိုကြ သည်။
ဟောင်းလီကမူ ကြက်ဖ သည် အခြားသော ကြက်ဖများ ကဲ့သို့ပင်နံနက်စောစောတွန်ကျူး ကြောင်း၊ ကြက်မများကိုလည်း ကြက်ဖကဲ့သို့ပင် ဆက်ဆံခဲ့ ကြောင်း ပြောကြားသည်။
                                                                                               
                                                                                                                             ဥက္ကာအောင်
     

နယ်ခြားစောင့်တပ်နဲ့ DKBA တိုက်ခိုက်မှုဖြစ်

ကရင်ပြည်နယ်မှာ မြန်မာအစိုးရက ဖွဲ့စည်းပေးထားတဲ့ နယ်ခြားစောင့်တပ်နဲ့ မကြာသေးခင်ကမှ အပစ်အခတ်ရပ်စဲရေး ယူထားတဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ် ကလိုထူးဖော ဗျုဟာတို့ မြိုင်ကြီးငူဒေသမှာ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းကို မအေးအေးမာက တင်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု ပြန်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တိုးတက်သော ကရင်ဗုဒ္ဓသာသာတပ် ဒီကေဘ်ီအေ ကလိုထူးဖော ဗျုဟာ ဟာ မြိုင်ကြီးငူ ဒေသမှာ အခြေစိုက် လှုပ်ရှားခဲ့တာပါ။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာတော့ သူတို့နေရာကို မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့် တပ်တွေက လက်နက်တွေ လာသိမ်းတဲ့အတွက် ပစ်ခတ်မူတွေ ဖြစ်ခဲ့ပြီး သူတို့လက်နက်တွေ ပါသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးစောဆန်းအောင် ပြောပြတာက၊
“လက်ရှိ မြိုင်ကြီးငူဒေသမှာ နယ်ခြားစောင့်တပ်က (၁၀၁၁) ကပေါ့နော် ကျနော်တို့ သေနတ်တွေကို ငါးနေရာ ၀င်သိမ်းတာ။ ကျနော်တို့ဘက်ကလည်း ခုခံပစ်တယ်။ သူတို့စီးလာတဲ့ကားကို ပစ်လိုက်တယ်။ သူတို့ အလောင်းတစ်လောင်း ကျန်တယ်ပေါ့။ သူတို့က ကျနော်တို့လက်နက် ၀င်သိမ်းတဲ့အချိန်မှာ ကားနဲ့လာတာ သူတို့ ကျနော်တို့ကို ပစ်တဲ့အခါကျတော့ ကျနော်တို့ တပ်ကလည်း သူတို့ကို ခုခံပစ်တယ်။”
နယ်ခြားစောင့်တပ်တွေကို မြန်မာအစိုးရဘက်က ဗိုလ်ချုပ်တစ်ဦး ဦးဆောင်ပြီး ဖွဲ့စည်း ပေးခဲ့တာပါ။ အခုလို လက်နက်သိမ်းတဲ့ကိစ္စဟာ မြန်မာအစိုးရဘက်က မရိုးသားမှုအဖြစ် ဒီကေဘီအေ ဘက်က ပြောပါတယ်။
“ကျနော်တို့ နားလည်သွားတာက ဒီ နိုင်ငံတော်က ညွှန်ကြားလို့ သူတို့လုပ်တယ်။ ကျနော်တို့ သိရတာကတော့ လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က ဗိုလ်ချုပ် မြင့်အောင်လှိုင် ဒီဘက်ဒေသကို ရောက်လာတယ်။ ဒီဥစ္စာက ကျနော် ထင်တယ်၊ မြင့်အောင်လှိုင်က အမိန့်ပေးတယ် လို့ပဲ ကျနော် သုံးသပ်တယ်။ ဘာကြောင့်လဲဆိုတော့ တပြိုင်တည်း သေနတ် ငါးနေရာကို သူတို့က သိမ်းပြီးပြီကို။ ကျနော့်အမြင်ကတော့ မရိုးသားသလို ဖြစ်တာပေါ့။ တကယ်တမ်း ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် သူ အမိန့်ပေး ညွှန်ကြားစရာ မလိုဘူး။ ဦးသိန်းစိန်ရဲ့ သဘောထား တစ်မျိုး၊ မြင့်အောင်လှိုင်ရဲ့ သဘောထား တစ်မျိုး ဖြစ်နေလို့ ဖြစ်တာပဲ။ သူတို့ ငြိမ်းချမ်းရေး ဖိတ်ခေါ်လို့ ကျနော်တို့ လာတာပဲ။”
ဒီကေဘီအေ ဘက်က လက်နက်သိမ်းခံထားရတဲ့ နေရာတွေကတော့ မြိုင်ကြီးငူ၊ သကြားစက်၊ ပန်းကုန်းတောင်ခြေ ၀ကလယ်ကုန်း၊ တောင်စွန်း၊ ရေပန်းတံတား ဆိုတဲ့နေရာတွေမှာ ဖြစ်ပြီး သူတို့လက်နက်တွေ ပြန်မရဘူးဆိုရင် ပိုပြီး ပြဿနာ ကြီးထွား လာနိုင်တယ်လို့လည်း ဒီကေဘီအေဘက်က ပြောပါတယ်။
မြန်မာအစိုးရနဲ့ ဒီကေဘီအေ တို့ဟာ ၁၆ နှစ်ကြာ အပစ်ရပ်ပြီး ၂၀၁၀ ခုနှစ်မှာ တစ်နှစ်ကြာ ပြန်လည် တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် နိုဝင်ဘာလ ၆ ရက်နေ့မှာ အပစ်ရပ်ရေး ပဏာမ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီး ဆက်သွယ်ရေးရုံး ထားရှိရေး၊ လက်နက်ကိုင်ဆောင် သွားလာတဲ့အခါ တဘက်နဲ့တဘက် အသိပေးသွားလာရေး၊ နယ်မြေသမှတ်ရေး စတာတွေကို သဘောတူ ထားခဲ့ပါတယ်။ အခုလို လက်နက်တွေကို သိမ်းယူတဲ့ ကိစ္စတွေကိုတော့ သဘောတူထားတာ မရှိပါဘူး။ အခုဆိုရင် အပစ်ရပ်ပြီး ၃ လကျော် ကြာတဲ့အချိန်မှာ ပထမဦးဆုံး တင်းမာမှုလည်း ဖြစ်ပါတယ်။

Saturday, February 18, 2012

ထိုင်းနိုင်ငံမှာပဲ တွေ့ရတဲ့ရိုးရာဓလေ့များ

ထိုင်းနိုင်ငံမှာပဲ တွေ့ရတဲ့ရိုးရာဓလေ့များ

နည်းပညာတွေတိုးတက်နေတဲ့ ခေတ်ကြီးမှာ ယနေ့အထိ လူသားတွေအားလုံး စွဲစွဲမြဲမြဲ ယုံကြည်နေ ကြတာကတော့ ရိုးရာဓလေ့အစွဲတွေပဲ ဖြစ်ပါတယ် ။ အဲဒီဓလေ့တွေက လည်းထူးဆန်းအံ့သြ ဖွယ်ကောင်းလောက်အောင် တချို့ဒေသတွေမှာ အရိုးစွဲနေတုန်းပဲဖြစ်ပါတယ် ။ ကဲ ထိုင်းနိုင်ငံက ရိုးရာဓလေ့တွေကို ကြည့်ကြပါစို့ ။ ဆေးပညာ ရှုထောင့်ကနေကြည့်မယ်ဆိုရင် လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး ။ လူတွေမှာ နာကျင်မှုကို ဖြစ်ပေါ်စေတဲ့ Pain pathway ဆိုတာရှိပါတယ်။ ဒီလူတွေက အသားတွေထဲ အချွန်တွေ ထိုးစိုက်နေတာဟာ တကယ်ပဲ မနာကျင်ကြဘူးလား ။ စောစောကပြောခဲ့တဲ့ Pain pathway ကိုဘယ်အရာတွေနဲ့ပိတ်ဆို့ထားကြသလည်း ။ ထူးတော့ထူးဆန်းပါတယ် ... ။ မီးနင်းပွဲတွေမှာ တွေ့ရလေ့ ရှိတဲ့ပုံစံမျိုးပါပဲ .... ။ နတ်ဘုရားတွေကပဲ သူတို့ကို မနာမကျင်အောင် ပြုလုပ်ထားတာလား ဆိုတာကိုတော့.........။

















စာရေးသူ....... သက်တန့်ချို......(၁၀း၃၃ မနက် ၃၀.၉.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်..................

သူယောင်မယ်သီး


သူယောင်မယ်သီး




ထိုင်းဘာသာစကားနဲ့ဆိုရင်တော့ ဒီအံ့သြဖွယ်ရာ အပင်ကို Nareepol လို့ခေါ်ပါတယ် ။ Naree ဆိုတာက မိန်းက လေးကိုရည်ညွှန်းပြီး pol ဆိုတာကတော့ သစ်ပင် ၊ အပင်တွေကိုရည်ညွှန်းပါတယ် ။ မလေးလိုဆိုရင်တော့ Buah လို့ခေါ်တွင်ပါတယ် ။ ဒါဟာ ကမ္ဘာပေါ်မှာ ဘုရားသခင်ဖန်ဆင်းပေးခဲ့တဲ့အရာတွေအနက် မှာအထူးဆန်းဆုံး အရာတစ်ခုလည်းဖြစ်ပါတယ် ။ ဘန်ကောက်မှ ကီလိုမီတာ ၅၀၀ လောက်ကွာဝေးတဲ့ Petchaboon စီရင်စုမှာ တကယ့် သူယောင်မယ်သီးတွေသီးတဲ့ သစ်ပင်တွေကို သင်သွားရောက်လေ့လာနိုင်ပါတယ် ။






Posted @ www.thettantvillage.com
သက်တန့်ချို

သစ်ပင်ပေါ်တက်သော ဆိတ်များ


သစ်ပင်ပေါ်တက်သော ဆိတ်များ




ပုံကိုကြည့်ပြီး ဖိုတိုရှော့နဲ့လုပ်ထားတာလို့ သင်ထင်နေပြီလား ။ လုံးဝမဟုတ်ပါဘူး ဒါဟာ Morocco နိုင်ငံမှ ဆိတ်များဖြစ်ပါတယ် ။ သူတို့ ဒေသအခေါ်တော့ Tree-Climbing Goats လို့ခေါ်ကြတယ် ။ အရမ်းကို အံ့သြဖို့ကောင်းပါတယ် အစာရှာဖို့အတွက် သစ်ပင်တွေထိပ်ဖျားကို ဒီဆိတ်တွေဟာ တက်လေ့ရှိပါတယ် ။ သူတို့ဟာ နောက်ထပ်အံ့သြဖို့ကောင်းတဲ့အချက်ကတော့ ဒီလို သစ်ပင်တွေကို တက်နိုင်ယုံသာမကပဲ သစ်ပင် ထိပ်ဖျားတွေမှာလည်း သူတို့ ခွာ တွေနဲ့ အိပဲ့အိပဲ့ သွားနိုင်ကြပါသေးတယ် ။ ဘယ်လို သတ္တ၀ါတွေပါလိမ့် ။

သက်တန့်ချို

Thursday, February 16, 2012

လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီးဂူသွင်းတဲ့ဓလေ့


လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီးဂူသွင်းတဲ့ဓလေ့



ရှားတော့ရှားသွားပြီဖြစ်ပေမယ့် အင်ဒိုနီးရှားနိုင်ငံမှာတော့ ယနေ့ထက်တောင်ရှိနေဆဲပါပဲ ။ အင်ဒိုနီးရှားနိုင်ငံ Toraja ဟာ လူသေကောင်ကို ဖုတ်သွင်းပြီး သူမြေမြုပ်ခံရမယ့် ဂူထဲကိုသွားစေပါတယ် ။ လူသေကောင်ဟာ ရုတ်တ ရက် လမ်းလျှောက်ပြီး ဂူထဲကို လမ်းလျှောက်လာပါတယ် ။ ရှားတော့ရှားပေမယ့် ကျွန်တော်တို့အနေနဲ့ သိပ္ပံပ ညာနဲ့ နေရာတကာမှာ ချိန်ထိုးပြီး မျက်စိစုံမှိတ်ငြင်းဆန်နေလို့မဖြစ်သေးပါဘူး ။



လူသေကောင်ကို ဖုတ်သွင်းတဲ့ ဓလေ့ကိုတော့ မှော်နက် ( Black magic ) အောက်လမ်းနည်း စသဖြင့် အမျိုး မျိုးခေါ်ဆိုကြပါတယ် ။



ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတော့ Toraja မှ ဂူတွေဟာ ထုံးကျောက်တွေနဲ့ တောင်နံရံတွေမှာ တည်ဆောက် ထားတာဖြစ်ပြီး သူတို့ကို သယ်ဆောင်ဖို့မလွယ်ကူပဲ သူတို့ဘာသာ လမ်းလျှောက်ဝင်မှသာ အဆင်ပြေနိုင်မှာပါ ။



လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီး သူ့အနောက်မှာတော့ ဖုတ်သွင်းသူ မှော်ဆရာက လမ်း ညွှန်ပေးရပါတယ် ။ ဒါပေမယ့်အဲဒီအချိန်မှာ ဘယ်သူမှ အသံမထွက်ပဲ တိတ်ဆိတ်နေရပါတယ် ။ အကယ်၍ လူသေကောင်က တခုခုကို သတိထားမိသွားမတယ်ဆိုရင် ဖုတ်က ပြန်ထွက်သွားပြီး လူသေကောင်ဟာ အဲဒီနေ ရာမှပဲ လဲကျသွားမှာဖြစ်ပါတယ် ။



ကမ္ဘာမြေကြီးမှာ ကျွန်တော်တို့ သိပ္ပံပညာနဲ့ အဖြေရှာမရတဲ့ ပုစ္ဆာပေါင်းများစွာ ဟာ ယနေ့ထက် တိုင်အောင် ရှိနေဆဲပါပဲ ။

သက်တန့်ချို

Sunday, February 12, 2012

KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၃:၃၀ နာရီ က လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ


တရုတ်တို့၏ ဘက်စုံသုံး(ဂျေ-၂၀) ကိုယ်ပျောက် ဂျက်လေယာဉ်အောင်မြင်စွာစမ်းသပ်


ကိုပိုင်တို့  ၊  ဆရာနပိုးတို့၊ကချင်လေးတို့        အရမ်းကြိုက် တဲ့အကောင်ကြီးပေါ့။ဒီလိုအကောင်ကြီးရှိလို့ကတော့(နေပြည်တော်)တော့အမှုန့်ကျေပြီးသာမှတ်
(အခုတော့ ပါဝါ ဘော) ထိုးလိုက်ဦးမယ်။ပြီးမှ......
တရုတ်ပြည်သူ့လွတ်မြောက် ရေး တပ်မတော်က ပုံစံထုတ်လုပ် ပြီး၊ ချင်ဒူးတရုတ်ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးစက်ရုံ က ထုတ်လုပ်သည့် ပဉ္စမ မျိုးဆက်သစ်ဂျက်တိုက်လေယာဉ် အမျိုးအစားဖြစ်သော ဂျေ-၂၀ (Jian -20)ခေါ် အသံထက်မြန် သော ဘက်စုံသုံးကိုယ်ပျောက် ဂျက်တိုက်လေယာဉ်  ကို ဖေဖော်ဝါရီလ ၇ ရက်နေ့က အောင်မြင်စွာ စမ်းသပ်ပျံသန်းပြ နိုင်ခဲ့ပြီဖြစ်ကြောင်းတရုတ်စစ်ဘက် ထိပ်တန်းအရာရှိများကပြောကြား သည်။ အဆိုပါ ဂျက်တိုက်လေ ယာဉ်ကို ၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်နေ့က ၁၅ မိနစ်ကြာစမ်း သပ်ပျံသန်းခဲ့ပြီး လိုအပ်သည့်ပြင် ဆင်မှု များပြုလုပ်ခဲ့သည်။အဆိုပါ လေယာဉ်ကို တိုက်ပွဲဝင်အသင့် ဖြစ်ရန် ပြင်ဆင်ပြီးဖြစ်ကြောင်း၊ အောင်မြင်စွာ စမ်းသပ်ပျံသန်းပြ သခြင်းဖြစ်သည်။ အဆိုပါဂျက် တိုက်လေယာဉ်သည်အမေရိကန် ပြည်ထောင်စု၏ ဘက်စုံသုံးဂျက် တိုက်လေယာဉ် အက်ဖ်-၂၂ ရက်ပ်တာ  ၊ ရုရှားနိုင်ငံလုပ် ဆူခွိုင်း တီ-၅၀ ဘက်စုံသုံးဂျက်တိုက် လေယာဉ်၊ မစ်ဆူဘီရှီ (ATD-X)ဂျက်တိုက်လေယာဉ်၊ကိုရီးယား သမ္မတနိုင်ငံလုပ် (KF-X)ဂျက် တိုက်လေယာဉ်၊ တူရကီနိုင်ငံလုပ် (TFX-Turkey)ဘက်စုံသုံးဂျက် တိုက်လေယာဉ်များနှင့် ယှဉ်ပြိုင် ထိုးစစ်ဆင်နိုင်မည်ဖြစ်သည်ဟု လေယာဉ်မှူး စူယောင်လန်းကဆို သည်။
ဂျေ-၂၀ဂျက်တိုက်လေယာဉ် စွမ်းဆောင်ရည်နှင့် စက်မှုနည်း ပညာသတင်းအချက်အလက်အချို့ မှာ-
(၁) လေယာဉ်တစ်စီးလုံးအရှည်- ပေ – ၇၀၊
(၂) တောင်ပံအရှည် – ၄၂ ပေ၊
(၃) လေယာဉ်အမြင့် -၁၅ ပေ၊
(၄) တောင်ပံဧရိယာ – ၆၃၀ စတုရန်းပေ၊
(၅)လေယာဉ် အလေးချိန်(၀န်မပါ)-ပေါင် ၃၇,၅၀၀၊
(၆) အများဆုံးတင် ဆောင်နိုင်သည့်ဝန်-ပေါင် ၈၀,၀၀၀၊
(၇)မြန်နှုန်း အသံထက် ၂.၅ ဆ၊
(၈) ပျံသန်းနိုင်သည့် အကွာအဝေး- မိုင် ၃,၄၀၀၊
(၉) တိုက်ပွဲဝင်နိုင်သည့်အကွာအဝေး- မိုင် ၂,၀၀၀၊
(၁၀) ပျံသန်းနိုင် သည့်ဝေဟင်အမြင့်- ပေ၆၆,၀၀၀
(၁၁) တပ်ဆင်ထားသည့်လက် နက်ခဲယမ်းများမှာ- ဝေဟင်မှမြေ ပြင်ပစ်ဒုံးကျည်များ၊ စမတ်ဗုံးများ၊ ၃၀ မီလီမီတာ စက်အမြောက်၊ ဝေဟင်မှ မြေပြင်ပစ်ရော့ကက် လောင်ချာ ၄ လက်၊ ဝေဟင်မှ ဝေဟင်ပစ်တာတို၊ တာလတ်၊ တာဝေးပစ်ဒုံးကျည်များတပ်ဆင် နိုင်သည်။
                                                                                                                              ကျော်စိန်
 http://www.hotnewsweekly.com

Saturday, February 11, 2012

ဒီတခါတော့ မောင်ပိုင်တော့စားပြီး

ခြောက်ပေါင်ကျော်လေးသောကြွက်ကြီးဖမ်းမိခြင်း



မယုံနိုင်စရာပါပဲ ဒီကြွက်ကြီးဟာ ခြောက်ပေါင်ကျော်လေးပြီး အမြီးကတင် ၁၂ လက်မရှည်ပါတယ် ။ တရုတ် ပြည် တောင် ဖက်စွန်းမှ လူဦးရေ သိပ်မများတဲ့ မြို့ငယ်လေးအနီး Fazhou မှာနေထိုင်သူ တစ်ဦးက ဖမ်းမိခဲ့ခြင်း ဖြစ်ပါတယ် ။
ဖမ်းဆီရခဲ့သူMr Xian ဟာ ဒီကြွက်ကြီးကိုဖမ်းမိခြင်းအားဖြင့် ရှားပါးတဲ့ ကြွက်မျိုးစိတ်တွေကိုလေ့လာရာမှာ အထောက်အကူပြုနိုင်ကြောင်းပြောခဲ့ပါတယ် ။ ဒေသတွင်းတောတွင်းလေ့လာပညာရှင်တွေကတော့ ဒီကြွက်ဟာ ၀ါးတောတွေ ထဲမှာ ကျက်စားနေတဲ့ ကြွက်မျိုးစိတ်ဖြစ်နိုင်ကြောင်းပြောခဲ့ပြီး ဒီထက်ပိုတိတိကျကျ မျိုးစိတ် ကို ပြော ဆိုဖို့ရာ ကတော့ သေချာ စမ်းသပ်စစ်ဆေးဖို့လိုကြောင်းပြောခဲ့ပါတယ် ။

တရုတ်ပြည်ဝါးတောတွေထဲမှ ကြွက်တွေဟာ ဆယ်လက်မကျော်အောင်ကြီးထွားလေ့ရှိပြီး အထူးသဖြင့် ဒီလိုကြွက်တွေ ကို တရုတ်ပြည် မြောက်ပိုင်း မြန်မာပြည် နဲ့ဗီယက်နမ်တွေ မှာလည်းတွေ့ နိုင်ကြောင်းဖော် ပြထား ပါတယ် ။

ယူနန်ပြည်နယ် မလေးရှားမှာဆိုရင်လည်း အမြီးပါ အပါ လက်မသုံးဆယ်ကျော်နဲ့အလေးချိန် ၈ ပေါင်အ ထိလေး တဲ့ ဧရာမကြွက်ကြီးတွေကို ရှာတွေ့နိုင်ပါသေးတယ် 

။မောင်ပိုင်တို့အဖွဲ့သားတွေ ဒီကြွက်ကြီးကိုသာဖာကဖောင်းနဲ့ရောကြော်ပြီးဘီယာနဲ့မြည်းလိုက်ရလို့ကတော့မနိပ်ဘူးဟေ့
မနိပ်ဘူး...မနိပ်ဘူး....မနိပ်ဘူး။

အခုတလောကို ကြီးပိုင်တ ယောက် ရင်ခုံသံတွေနဲ့နစ်မြုတ်နေတယ်လို့ကြားမိတယ်


ဘုရားသခင်ပေးသော ထိုင်ခုံလေး



တစ်နေ့မှာ ဘုရားသခင်က စုံတွဲတစ်တွဲဆီကို ထိုင်ခုံတစ်လုံးပို့လိုက်တယ် ။ ထိုင်ခုံလေးရဲ့ထူးခြားချက်ကတော့ ထိုင်ခုံမှာ ထိုင်နေတဲ့သူဟာ “ အမှန် ” ကိုပြောမယ်ဆိုရင် အစိမ်းရောင်လေးလင်းလာပြီး ထိုင်ခုံမှာ ထိုင်နေ တဲ့သူက “ အမှား ”ကိုပြောမယ်ဆိုရင် အနီရောင်လေးလင်းလာမှာဖြစ်ပါတယ် ။

ကောင်လေးဟာ ထိုင်ခုံပေါ်ထိုင်လိုက်တယ် ။

ကောင်မလေး > နင်ငါ့ကိုချစ်လား ?
ကောင်လေး > အင်းချစ်တာပေါ့ ... ( အနီရောင်လေးလင်းသွားတယ် ) :(

ကောင်မလေး > စိတ်မကောင်းမဖြစ်ပါနဲ့ ဘုရားသခင်ဖန်ဆင်းပေးတာ မှားတာဖြစ်မှာပါ
ငါနင့်ကိုထပ်မေးမယ်လေ ဒီအခါ ဘာအရောင်လင်းမလဲကြည့်ကြတာပေါ့

ကောင်မလေး > နင်ငါ့ကိုချစ်သလား ?
ကောင်လေး > အင်းချစ်ပါတယ် ( အစိမ်းရောင်လေးလင်းသွားတယ် ) :)

ပထမအကြိမ်ကောင်မလေးမေးတဲ့အချိန်မှာ ဘာဖြစ်သွားသလဲဆိုတာ သင်သိပါသလား ။ ကောင်လေး ဟာ ကောင် မလေးကို တကယ်မချစ်ပါဘူး သူလိမ်နေတာပါ ။

ဒါပေမယ့်-----ကောင်မလေးက ကောင်လေးအပေါ်မှာ “ ယုံကြည်မှု ” ပေးလိုက်တဲ့ တခဏလေးအတွင်းမှာ --- အဲဒီတခဏလေးအတွင်းမှာပဲ ကောင်လေးဟာ ကောင်မလေးကို စပြီးချစ်သွားခဲ့တယ် ။

အဲဒါအချစ်ပါပဲ ။ ယုံကြည်မှုတစ်ခုက အချစ်ဆိုတဲ့အရာကို တခဏအတွင်းတည်ဆောက်နိုင်တယ် ။

“ သင်သာ သူ့ကို ယုံကြည်မှု ပေးနိုင်ခဲ့ရင် တစ်ဖတ်သက်ဖြစ်ခဲ့လည်း သင်အနိုင်ရမှာပါ ”

  အခုဆိုလျှင် ကိုပိုင်တ ယောက်အပျော်ကြီးပျော်နေလေတော့သတည်း။

Friday, February 10, 2012

လိုင်ဇာမြို့ ဂေါက်ကွင်း





ကချင်ပြည်နယ် လိုင်ဇာမြို့ ဂေါက်ကွင်း

 ကေအိုင်အေ ထိန်းချုပ်ရာ လိုင်ဇာမြို့ ဂေါက်ကွင်း

လိုင်ဇာကွင်းက ၆ ကျင်း ဂေါက်ကွင်းဖြစ်တယ် တဲ့။
 ဂေါက်ကွင်းတခုမှာ ၁၈ ကျင်း ရှိကြတယ်၊ ကွင်းသေးတွေမှာ ၉ ကျင်းပဲ ရှိတဲ့အတွက် ၂ ကျော့ ရိုက်ကြရတယ်လို့ ဆိုတယ်။ လိုင်ဇာကွင်းက ၃ ကျော့ ရိုက်ရမယ့်သဘောပေါ့။ အွန်လိုင်းမှာကြည့်တော့ တခြားတိုင်းပြည်များမှာလည်း ၆ ကျင်းကွင်းတွေ ရှိကြတယ် တဲ့။)

ဂေါက်အိတ်ထမ်း၊ ဂေါက်သီးကောက်သူများ

လိုင်ဇာကွင်းက ၆ ကျင်းကွင်းဖြစ်တဲ့အတွက် ကမ္ဘာရှားကွင်းဖြစ်တယ်၊ အများသူငါ ၀င်ရောက်ကစားနိုင်တယ်၊ စစ်ဖြစ်နေချိန်မှာတောင် ဒီကွင်းကို ဖွင့်ထားတယ်လို့ ဆိုတယ်။

စစ်မဖြစ်ခင်က အရာရှိတွေ တပတ် သုံးရက် သို့မဟုတ် နေ့တိုင်း ဂေါက်ရိုက်ကြပေမယ့် ခုတော့ တပတ် တရက်ပဲ ရိုက်တော့တယ် တဲ့။

ဂေါက်သီးရိုက်တာ စိတ်ကြည်လင်စေတဲ့အတွက် အရာရှိတွေ ဆုံးဖြတ်ချက်ချရာ အဆင်ပြေတယ် ဆိုတဲ့ ကေအိုင်အေ အရာရှိ Col. Maran Zaw Tawng ရဲ့ စကားကိုလည်း ကိုးကားထားပါတယ်။
နယ်မြေငြိမ်းချမ်းစဉ်ကတော့ မြန်မာ့တပ်မတော်က အရာရှိတွေနဲ့ ဒီကွင်းမှာ အတူ ရိုက်ကြတယ်လို့ ဆိုတယ်။ အပြိုင်အဆိုင်ပေါ့။

(ခုလည်း အပြိုင်အဆိုင်ပါပဲ၊ ဂေါက်ရိုက်တုတ်နဲ့ ပြိုင်တာ မဟုတ်ဘဲ၊ သေနတ်နဲ့ သူသေကိုယ်ရှင် ပြိုင်နေကြဆဲ မဟုတ်လား)

ဂေါက်ရိုက်ပြီး ဘီယာဆွဲမယ်၊ ပြီးရင် စစ်သွားတိုက်

လိုင်ဇာဂေါက်ကွင်းအကြောင်း ရှင်းပြနေတဲ့ ကေအိုင်အေ အရာရှိ ဗိုလ်မှူးကြီး Maran Zaw Tawng

တိုင်းဂါးဝုဒ်က သူ့ ဖေးဘရိတ်ပဲလို့ ဗိုလ်မှူးကြီးက ဆိုပါတယ်။ သူအရင်က မြစ်ကြီးနားမှာ ဂေါက်သွားရိုက်သေးတယ်၊ ခုတော့ သူတို့ မသွားတော့ဘူး၊ သွားရင် ဖမ်းခံရမှာပေါ့ လို့ ဆိုပါတယ်။

(ငြိမ်းချမ်းရေးအတွက် နယ်တကာလှည့်နေတဲ့ နေပြည်တော်ဝန်ကြီးတချို့က ဗိုလ်မှူးကြီးကို မြစ်ကြီးနားဂေါက်ရိုက်ဖိတ်သင့်ပါတယ်။ ငြိမ်းချမ်းရေးဂေါက်ပွဲပေါ့လေ)

Thursday, February 9, 2012

စစ်မက်ဖြစ်ပွားပါက အမျိုးသမီးနင်ဂျာများအား အီရန်အသုံးပြုတိုက်ခိုက်မည်






အီရန်နိုင်ငံသည် စစ်မက်ဖြစ်ပွားပါက ကာကွယ်ရေးတွင် အသုံးပြုနိုင်ရန်အတွက် အမျိုးသမီးနင်ဂျာ (ကူနိုအိချိ)များကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ အီရန်နိုင်ငံတွင် ဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီး အမျိုးသားတိုင်း စစ်မှုထမ်းရသော်လည်း ၄င်းတို့၏ စစ်မှုထမ်းကာလမှာ ၁၈ လသာဖြစ်သောကြောင့် စစ်မက်အရေးအခင်းများ ပေါ်ပေါက်လာပါက အဆိုပါ ကူနိုအိချိအမျိုးသမီးများကို အသုံးပြုတိုက်ခိုက်မည်ဖြစ်သည်။ ၄င်းနင်ဂျာ သင်တန်းကျောင်းကို ၁၉၈၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါတွင် အမျိုးသမီး ၃၅၀၀ သည် ကူနိုအိချိများ ဖြစ်လာစေရန်အတွက် လေ့ကျင့်သင်ယူလျက်ရှိသည်။ ၄င်းတို့ အသုံးပြုတိုက်ခိုက်သည့် လက်နက်များမှာ လေး၊ ဓားများ၊ နံချပ်ကူနှင့် ဂျပန်ရိုးရာ လက်နက်များဖြစ်သည်ဟု သင်တန်းဆရာတစ်ဦးဖြစ်သူ ဖာတီမာမူအာမာက ပြောကြားခဲ့သည်။ နင်ဂျာများအား ဂျပန်နိုင်ငံတွင် ၁၁၈၅ ခုနှစ်မှ ၁၈၆၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့်စစ်ပွဲများတွင် ကြောက်စရာအကောင်းဆုံး ကြေးစားလူသတ်သမားများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြကြောင်း သိရသည်။

အီရန်နိုင်ငံသည် အမေရိကန်ထိ ပစ်ခတ်နိုင်သည့် ဒုံးကျည်များ ထုတ်လုပ်လျက်ရှိဟု အစ္စရေးပြောကြား


Skip Navigation Links

အီရန်နိုင်ငံသည် အမေရိကန်ထိ ပစ်ခတ်နိုင်သည့် ဒုံးကျည်များ ထုတ်လုပ်လျက်ရှိဟု အစ္စရေးပြောကြား

6/Feb/2012

E-Mail this article Printable Version
အီရန်နိုင်ငံသည် အကွာအဝေးမိုင်ပေါင်း ၆၂၀၀ အထိ(အမေရိကန်အထိ) ပစ်ခတ်နိုင်သည့် ဒုံးကျည်များကို ထုတ်လုပ်လျက်ရှိသည်ဟု အစ္စရေးနိုင်ငံက ပြောကြားခဲ့ပြီးနောက် ကမ္ဘာပေါ်တွင် နျူကလီးယားစစ် ဖြစ်ပွားမည့် အရေးအတွက် စိုးရိမ်မှုများမှာ ယနေ့အခါတွင် ပိုမိုမြင့်တက်လာခဲ့သည်။ ၎င်းဒုံးကျည်များကို တီဟီရန်မြို့အနီးတွင် လွန်ခဲ့သော သုံးလခန့်က စမ်းသပ်ခဲ့ကြောင်း၊ ၎င်းဒုံးကျည်များသည် အစ္စရေးနိုင်ငံကို ပစ်ခတ်ရန် ရည်ရွယ်၍ ထုတ်လုပ်ခြင်းမဟုတ်ဘဲ အမေရိကန်နိုင်ငံသို့ ပစ်ခတ်ရန် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း အစ္စရေးနိုင်ငံ၏ ဒုတိယဝန်ကြီး ချုပ်မိုရှီယာအလွန်က ပြောကြားခဲ့သည်။ အီရန်နိုင်ငံသည် လွတ်လပ်သော ကမ္ဘာကို အိပ်မက်ဆိုးများ ဖန်တီးလျက်ရှိသည်ဟု မစ္စတာယာအလွန်က ပြောကြားခဲ့သည်။ အီရန်နိုင်ငံသည် ယင်းကဲ့သို့သော တာဝေးပစ် ဒုံးကျည်များကို ထုတ်လုပ်နေသည်ဟု ဆိုခြင်းကို အမေရိကန်နိုင်ငံက မယုံကြည်ကြောင်း၊ သို့သော် အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နတ်တာသည် အစ္စရေးနိုင်ငံက အီရန်နိုင်ငံအား ဧပြီလ အစောပိုင်းလောက်တွင် တိုက်ခိုက်ရန် အကြောင်းအရာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်လျက်ရှိသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။ အီရန်နိုင်ငံအား စစ်ရေးအရ ခြိမ်းခြောက်ခြင်းနှင့် တိုက်ခိုက်ခြင်းသည် အမေရိကန်ကို အထိနာစေလိမ့်မည်ဟု အီရန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင် အေယာတိုလာ အလီခါမေနီက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ (အင်တာနက်)

Wednesday, February 8, 2012

ပုံပြင်တိုလေး



(၁)
အဲဒီနေ့က ယောက်ျားနဲ့အတူ မိဘအိမ်ပြန်ဖို့ ကားဂိတ်ကို ကျွန်မတို့ရောက်လာခဲ့တယ်။ ကားပေါ်တက်တော့ ကျွန်မတို့ဝယ်ထားတဲ့ ထိုင်ခုံမှာ အမျိုးသမီးတစ်ဦးထိုင်နေတာကို တွေ့လိုက်တယ်။ ယောက်ျားက ကျွန်မကို အမျိုးသမီးဘေးက ခုံလွတ်မှာ ဝင်ထိုင်ဖို့ပြောပြီး အမျိုးသမီးကိုတော့ နေရာကထပေးဖို့ သူ မပြောခဲ့ဘူး။

ဘေးမှာ ဝင်ထိုင်မိမှ အမျိုးသမီးကို ကျွန်မသေချာကြည့်လိုက်တယ်။ အမျိုးသမီးရဲ့ညာခြေထောက် သိပ်မသန်တာကို ကျွန်မသတိပြုမိတယ်။ ဒါကြောင့် ယောက်ျားက သူ့ကိုနေရာက ထပေးဖို့ မပြောခဲ့တာဖြစ်တယ်။

ဒီလိုနဲ့ ယောက်ျားဟာ ကားပေါ်မှာမတ်တပ်ရပ်ပြီး လိုက်ခဲ့ရတယ်။ ခရီးအနည်းငယ်ဝေးပေမယ့် သူ့ခုံထိုင်တဲ့အမျိုးသမီးကို နေရာကဖယ်ပေးဖို့ သူစကားမဟခဲ့ဘူး။

နေရပ်ရောက်လို့ ကားပေါ်ကဆင်းတော့ ခရီးတလျောက်ရပ်လိုက်ခဲ့တဲ့ ယောက်ျားကို ကျွန်မက သနားကရုဏာနဲ့ ပြောမိတယ်။

"ကိုယ့်နေရာ သူများကိုပေးထိုင်တာ ကုသိုလ်ရပါတယ်။ ဒါပေမယ့် ဒီခရီးဝေးနဲ့တော့ လမ်းတဝက်မှာ သူ့ကိုဖယ်ခိုင်းပြီး ကိုယ့်အလှည့်ခဏလောက်တော့ ထိုင်သင့်တာပေါ့။ ရပ်လိုက်ရတော့ ဘယ်အဆင်ပြေမလဲ?"

"သူ အဆင်မပြေတာက သူ့တစ်သက်လုံးပါ... ကိုယ်အဆင်မပြေတာက ဒီလမ်းခရီး ၄,၅နာရီလေးပါ" လို့ ယောက်ျားက ပြန်ပြောပါတယ်။

(၂)
ချစ်သက်တမ်း ငါးနှစ်အကြာမှာ သူမကို သူရက်ရက်စက်စက် ထားသွားခဲ့တယ်။ သူ့ကို တစ်သက်မုန်းမယ်လို့ သူမအဓိဌာန်ချခဲ့တယ်။

တစ်နေ့မှာ လမ်းကြားတစ်ခုကို သူမ ဖြတ်တော့ သူ့ကိုလူတစ်စု ဝိုင်းရိုက်နေတာကိုတွေ့လိုက်တယ်။ အရူးတစ်ယောက်လို ကျောက်ခဲတွေကောက်ပြီး ရိုက်နေတဲ့သူတွေဆီ သူမ ပစ်ပေါက်မိတယ်။ ဝိုင်းရိုက်သူတွေ အံ့အားတုန်လှုပ်ပြီး ထွက်ပြေးသွားခဲ့တယ်။ အဲဒီနောက် သူမကို သူငယ်ချင်းတွေက သူ့ကိုနင်ဒီလောက်မုန်းနေတာ ဘာဖြစ်လို့ ကူရသလဲလို့မေးတော့ ခြေလက်တွေ တုန်တုန်ရီရီနဲ့ သူမ ပြန်ဖြေပါတယ်။

"အချစ်က အမုန်းထက် များခဲ့လို့ပါ"တဲ့....
 နိုင်းနိုင်းစနေ ဘာသာပြန်သည်။

» အာဒမ်နဲ့ ပင်လယ် အကယ်ဒမီတွေ သိမ်းကြုံးယူ

 ဗီဒီယို ဇတ်ကားဆိုလျင် မိုးလင်းလုနီးပါးကြည့်တက်သော
ကိုဖြူစင်(ခ)မောင်ပိုင်(ခ)ထွန်းလွင်(ခ)သန်းဝင်း(ခ)ပေါင်ချိန် အကြိုက်ဇတ်ကားကောင်းလည်းဖြစ်တယ်။
ဝါသနာ တူသူငယ်ချင်း များအားလုံးအတွက် ကြော်ငြာလိုက်ပါသည်။
၂၀၁၀ ဇာတ်ကားတွေအတွက် အကယ်ဒမီဆုပေးပွဲကို နေပြည်တော်မြို့တော်မှာ ဒီည ပြုလုပ်ပါတယ်။
ဆုတွေ ရသွားကြတာကတော့ ဟောဒီလိုပါ။


အမျိုးသမီးဇာတ်ဆောင်ဆု - သက်မွန်မြင့် (အာဒမ်ရယ် ဧ၀ရယ် ဒသရယ်)အမျိုးသားဇာတ်ဆောင်ဆု - ပြေတီဦး (အာဒမ်ရယ် ဧ၀ရယ် ဒသရယ်)ဇာတ်ကားဆု- အာဒမ်ရယ် ဧ၀ရယ် ဒသရယ်

အမျိုးသမီးဇာတ်ပို့ဆု - ၀ါဝါအောင် (အမေ့ကျေးဇူးဆပ်ဖူးချင်တယ်)
တေးဂီတဆု - မြန်မာပြည်ကျောက်စိမ်း (အငိုမျက်လုံး အပြုံးမျက်နှာ)

တည်းဖြတ်ဆု - ဦးမြင့်ခိုင် (ပင်လယ်ထက်က နေ၀န်းနီ)

အမျိုးသားဇာတ်ပို့ဆု - ဝေဠုကျော် (ပင်လယ်ထက်က နေ၀န်းနီ)


ဓာတ်ပုံဆု - ပန်းချီစိုးမိုး (ပင်လယ်ထက်က နေ၀န်းနီ)


ဒါရိုက်တာဆု - ခင်မောင်ဦး၊ စိုးသိန်းထွဋ် (ပင်လယ်ထက်က နေ၀န်းနီ)

ဇာတ်ညွှန်းဆု - ခင်မောင်ဦး၊ စိုးသိန်းထွဋ် (ပင်လယ်ထက်က နေ၀န်းနီ

အမေရိကန် အရေးယူပိတ်ဆို့မှုတစ်ခု ရုပ်ပြီ

အမေရိကန်၏ မြန်မာအပေါ် အရေးယူပိတ်ဆို့မှုတစ်ခုကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရုပ်သိမ်းပေးလိုက်ကြောင်း သိရသည်။ အမေရိကန် ပိတ်ဆို့အရေးယူမှု အများအပြားရှိသည့်အနက် အမေရိကန် အစိုးရ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေအရ မြန်မာနိုင်ငံအပေါ် အမေရိကန် ထောက်ပံ့မှုရှိသော အဖွဲ့အစည်းများဆီမှ ငွေကြေးကူညီ ထောက်ပံ့ချေးငှားခြင်းလုပ်၍ မရအောင် ပိတ်ဆို့ထားသော ဥပဒေဖြစ်သည်။ ယင်းသို့ ရုပ်သိမ်းပေးမှုကြောင့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့များဆီမှ ငွေကြေးအကူအညီ ရယူနိုင်မည့် အခွင့်အလမ်းများ ပေါ်ထွက်လာမည် ဖြစ်သည်။ ယခု ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းခြင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန် လက်မှတ်ရေးထိုးလိမ့်မည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံအပေါ် အမေရိကန်၏ တခြားပိတ်ဆို့မှုများ ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Monday, February 6, 2012

ကိုဖြူစင်တို့လည်းစည်းလုံးညီညွတ်ပြီး

ကရင်လက်နက်ကိုင် အဖွဲ့အစည်းများကြား စည်းလုံးညီညွတ်ရေး တည်ဆောက်

ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေကြား စည်းလုံးညီညွတ်ရေး တည်ဆောက်ဖို့အတွက်​ ​တွေ့ဆုံ​ ​ဆွေးနွေးပွဲတခု​ ​ဖေဖော်ဝါရီ ၃ ရက်နေ့က​ ကျင်းပခဲ့ပါတယ်။
အစိုးရနဲ့ အပစ်ခတ်ရပ်ပြီးရင်  ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေကြား အချင်းချင်း ဘယ်လို ပူးပေါင်း​ ​ဆောင်ရွက်ကြမယ်ဆိုတာနဲ့ ပတ်သက်ပြီး​တွေ့ကြတာလို့ တိုးတက်သောဗုဒ္ဓဘာသာ​ ​ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)​ ​ပြည်ပဆက်ဆံရေး​ တာဝန်ခံ ဗိုလ်မှူး​ ​စောလုံ့လုံက​ ​ပြောပါတယ်။
“ကျနော်တို့ အနာဂတ်မှာဆိုရင် ကျနော်တို့ ကရင်လက်နက်ကိုင် အဖွဲ့အစည်း ကရင်အဖွဲ့အစည်း အသီးသီးအားလုံးက တဖွဲ့တည်းဖြစ်ဖို့ လိုအပ်တယ်။ အချင်းချင်း ညီညီညွတ်ညွတ်နဲ့ ဘယ်လိုသွားကြမလဲ၊ နိုင်ငံရေးပြဿနာတွေ ဘယ်လိုဖြေရှင်းကြမလဲ၊ အဲဒီလက်နက်ကိုင် အဖွဲ့အစည်း ကြားထဲမှာကို နားလည်မှုရှိအောင် နားလည်မှုရှိရှိနဲ့ ဘယ်လိုရှေ့ဆက်ပြီးတော့မှ အဲဒီဒေသဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး၊​ ​နောက်လိုချင်တဲ့ပန်းတိုင်တွေ နိုင်ငံရေးပန်းတိုင်တွေ ရောက်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်ချက်ရှိတာပေါ့လေ။”
ဒါ့အပြင် ဒေသဖွံ့ဖြိုးရေး၊ အစိုးရနဲ့ ဆွေးနွေးရင် ပါဝင် ဆွေးနွေးသင့်တဲ့ အကြောင်းအရာနဲ့ စီးပွားရေးနယ်မြေတွေ အကြောင်းလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲကို ကရင်ပြည်နယ် မြ၀တီမြို့နယ် ဆုံဆည်းမြိုင်ရွာမှာ မနက် ၁၀ နာရီကနေ အချိန် ၂ နာရီလောက် တွေ့ဆုံခဲ့ကြတာပါ။
တိုးတက်သော ဗုဒ္ဒဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)၊ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ကေပီအက်ဖ်) နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေပီစီ) စတဲ့အဖွဲ့က ကိုယ်စားလှယ်တွေ စုစုပေါင်း ၃၀ လောက် တက်ရောက်ခဲ့တယ်လို့ ဗိုလ်မှူး စောလုံ့လုံက ဆက်ပြောပါတယ်။
အခု ဆွေးနွေးပွဲဟာ အလွတ်သဘောဖြစ်ပြီး နားလည်မှုနဲ့ စည်းလုံးညီညွတ်မှုတွေ ရပြီးရင်၊ အခြေအနေတွေ ပြည့်စုံလာတဲ့ တနေ့ တရားဝင် ဆွေးနွေးပွဲ ကျင်းပဖို့လည်း အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကရင်လက်နက်ကိုင်အဖွဲ့တွေသာ မဟုတ်ဘဲ  ပြည်တွင်းပြည်ပ ကရင်လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေး၊ နိုင်ငံရေး အဖွဲ့အစည်းတွေပါ အားလုံးပါဝင်နိုင်တဲ့ ကရင်အမျိုးသား ညီလာခံကြီး ဆောင်ရွက်နိုင်ဖို့လည်း မျှော်လင့်တယ်လို့ ဗိုလ်မှူး စောလုံ့လုံက ပြောပါတယ်။
အခုတွေ့ဆုံခဲ့တဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ အစိုးရနဲ့ အပစ်အခတ်ရပ်ရေး လက်မှတ်ထိုးခဲ့တဲ့ ဒီကေဘီအေ (ကလိုထူးဘော)၊ ၂၀၁၂ ဇန်န၀ါရီလ ၁၁ ရက်နေ့မှာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ပမဏာတွေ့ဆုံ ဆွေးနွေးခဲ့ပြီး အပစ်အခတ်ရပ်ရေး သဘောတူခဲ့တဲ့ ကေအန်ယူအဖွဲ့၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီတို့ ဖြစ်ပါတယ်။