Thursday, February 9, 2012

အီရန်နိုင်ငံသည် အမေရိကန်ထိ ပစ်ခတ်နိုင်သည့် ဒုံးကျည်များ ထုတ်လုပ်လျက်ရှိဟု အစ္စရေးပြောကြား


Skip Navigation Links

အီရန်နိုင်ငံသည် အမေရိကန်ထိ ပစ်ခတ်နိုင်သည့် ဒုံးကျည်များ ထုတ်လုပ်လျက်ရှိဟု အစ္စရေးပြောကြား

6/Feb/2012

E-Mail this article Printable Version
အီရန်နိုင်ငံသည် အကွာအဝေးမိုင်ပေါင်း ၆၂၀၀ အထိ(အမေရိကန်အထိ) ပစ်ခတ်နိုင်သည့် ဒုံးကျည်များကို ထုတ်လုပ်လျက်ရှိသည်ဟု အစ္စရေးနိုင်ငံက ပြောကြားခဲ့ပြီးနောက် ကမ္ဘာပေါ်တွင် နျူကလီးယားစစ် ဖြစ်ပွားမည့် အရေးအတွက် စိုးရိမ်မှုများမှာ ယနေ့အခါတွင် ပိုမိုမြင့်တက်လာခဲ့သည်။ ၎င်းဒုံးကျည်များကို တီဟီရန်မြို့အနီးတွင် လွန်ခဲ့သော သုံးလခန့်က စမ်းသပ်ခဲ့ကြောင်း၊ ၎င်းဒုံးကျည်များသည် အစ္စရေးနိုင်ငံကို ပစ်ခတ်ရန် ရည်ရွယ်၍ ထုတ်လုပ်ခြင်းမဟုတ်ဘဲ အမေရိကန်နိုင်ငံသို့ ပစ်ခတ်ရန် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း အစ္စရေးနိုင်ငံ၏ ဒုတိယဝန်ကြီး ချုပ်မိုရှီယာအလွန်က ပြောကြားခဲ့သည်။ အီရန်နိုင်ငံသည် လွတ်လပ်သော ကမ္ဘာကို အိပ်မက်ဆိုးများ ဖန်တီးလျက်ရှိသည်ဟု မစ္စတာယာအလွန်က ပြောကြားခဲ့သည်။ အီရန်နိုင်ငံသည် ယင်းကဲ့သို့သော တာဝေးပစ် ဒုံးကျည်များကို ထုတ်လုပ်နေသည်ဟု ဆိုခြင်းကို အမေရိကန်နိုင်ငံက မယုံကြည်ကြောင်း၊ သို့သော် အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နတ်တာသည် အစ္စရေးနိုင်ငံက အီရန်နိုင်ငံအား ဧပြီလ အစောပိုင်းလောက်တွင် တိုက်ခိုက်ရန် အကြောင်းအရာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်လျက်ရှိသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။ အီရန်နိုင်ငံအား စစ်ရေးအရ ခြိမ်းခြောက်ခြင်းနှင့် တိုက်ခိုက်ခြင်းသည် အမေရိကန်ကို အထိနာစေလိမ့်မည်ဟု အီရန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင် အေယာတိုလာ အလီခါမေနီက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ (အင်တာနက်)

No comments:

Post a Comment