ကိုပိုင်တို့ ၊ ဆရာနပိုးတို့၊ကချင်လေးတို့ အရမ်းကြိုက် တဲ့အကောင်ကြီးပေါ့။ဒီလိုအကောင်ကြီးရှိလို့ကတော့(နေပြည်တော်)တော့အမှုန့်ကျေပြီးသာမှတ်
(အခုတော့ ပါဝါ ဘော) ထိုးလိုက်ဦးမယ်။ပြီးမှ......

တရုတ်ပြည်သူ့လွတ်မြောက်
ရေး တပ်မတော်က ပုံစံထုတ်လုပ် ပြီး၊ ချင်ဒူးတရုတ်ကာကွယ်ရေး
ပစ္စည်းထုတ်လုပ်ရေးစက်ရုံ က ထုတ်လုပ်သည့်
ပဉ္စမ မျိုးဆက်သစ်ဂျက်တိုက်လေယာဉ် အမျိုးအစားဖြစ်သော ဂျေ-၂၀ (Jian -20)ခေါ်
အသံထက်မြန် သော ဘက်စုံသုံးကိုယ်ပျောက် ဂျက်တိုက်လေယာဉ် ကို ဖေဖော်ဝါရီလ ၇ ရက်နေ့က အောင်မြင်စွာ စမ်းသပ်ပျံသန်းပြ
နိုင်ခဲ့ပြီဖြစ်ကြောင်းတရုတ်စစ်ဘက် ထိပ်တန်းအရာရှိများကပြောကြား သည်။ အဆိုပါ ဂျက်တိုက်လေ ယာဉ်ကို ၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလ ၁၁
ရက်နေ့က ၁၅ မိနစ်ကြာစမ်း သပ်ပျံသန်းခဲ့ပြီး လိုအပ်သည့်ပြင် ဆင်မှု
များပြုလုပ်ခဲ့သည်။အဆိုပါ လေယာဉ်ကို တိုက်ပွဲဝင်အသင့် ဖြစ်ရန်
ပြင်ဆင်ပြီးဖြစ်ကြောင်း၊ အောင်မြင်စွာ စမ်းသပ်ပျံသန်းပြ သခြင်းဖြစ်သည်။
အဆိုပါဂျက် တိုက်လေယာဉ်သည်အမေရိကန် ပြည်ထောင်စု၏ ဘက်စုံသုံးဂျက်
တိုက်လေယာဉ် အက်ဖ်-၂၂ ရက်ပ်တာ ၊ ရုရှားနိုင်ငံလုပ် ဆူခွိုင်း တီ-၅၀ ဘက်စုံသုံးဂျက်တိုက် လေယာဉ်၊ မစ်ဆူဘီရှီ
(ATD-X)ဂျက်တိုက်လေယာဉ်၊ကိုရီးယား သမ္မတနိုင်ငံလုပ် (KF-X)ဂျက် တိုက်လေယာဉ်၊
တူရကီနိုင်ငံလုပ် (TFX-Turkey)ဘက်စုံသုံးဂျက် တိုက်လေယာဉ်များနှင့်
ယှဉ်ပြိုင် ထိုးစစ်ဆင်နိုင်မည်ဖြစ်သည်ဟု လေယာဉ်မှူး စူယောင်လန်းကဆို သည်။

ဂျေ-၂၀ဂျက်တိုက်လေယာဉ် စွမ်းဆောင်ရည်နှင့် စက်မှုနည်း ပညာသတင်းအချက်အလက်အချို့ မှာ-
(၁) လေယာဉ်တစ်စီးလုံးအရှည်- ပေ – ၇၀၊
(၂) တောင်ပံအရှည် – ၄၂ ပေ၊
(၃)
လေယာဉ်အမြင့် -၁၅ ပေ၊
(၄) တောင်ပံဧရိယာ – ၆၃၀ စတုရန်းပေ၊
(၅)လေယာဉ်
အလေးချိန်(၀န်မပါ)-ပေါင် ၃၇,၅၀၀၊
(၆) အများဆုံးတင် ဆောင်နိုင်သည့်ဝန်-ပေါင်
၈၀,၀၀၀၊
(၇)မြန်နှုန်း အသံထက် ၂.၅ ဆ၊
(၈) ပျံသန်းနိုင်သည့် အကွာအဝေး- မိုင်
၃,၄၀၀၊
(၉) တိုက်ပွဲဝင်နိုင်သည့်အကွာအဝေး- မိုင် ၂,၀၀၀၊
(၁၀) ပျံသန်းနိုင်
သည့်ဝေဟင်အမြင့်- ပေ၆၆,၀၀၀
(၁၁) တပ်ဆင်ထားသည့်လက် နက်ခဲယမ်းများမှာ-
ဝေဟင်မှမြေ ပြင်ပစ်ဒုံးကျည်များ၊ စမတ်ဗုံးများ၊ ၃၀ မီလီမီတာ စက်အမြောက်၊
ဝေဟင်မှ မြေပြင်ပစ်ရော့ကက် လောင်ချာ ၄ လက်၊ ဝေဟင်မှ ဝေဟင်ပစ်တာတို၊ တာလတ်၊
တာဝေးပစ်ဒုံးကျည်များတပ်ဆင် နိုင်သည်။
ကျော်စိန်
http://www.hotnewsweekly.com
No comments:
Post a Comment