Friday, February 10, 2012

လိုင်ဇာမြို့ ဂေါက်ကွင်း





ကချင်ပြည်နယ် လိုင်ဇာမြို့ ဂေါက်ကွင်း

 ကေအိုင်အေ ထိန်းချုပ်ရာ လိုင်ဇာမြို့ ဂေါက်ကွင်း

လိုင်ဇာကွင်းက ၆ ကျင်း ဂေါက်ကွင်းဖြစ်တယ် တဲ့။
 ဂေါက်ကွင်းတခုမှာ ၁၈ ကျင်း ရှိကြတယ်၊ ကွင်းသေးတွေမှာ ၉ ကျင်းပဲ ရှိတဲ့အတွက် ၂ ကျော့ ရိုက်ကြရတယ်လို့ ဆိုတယ်။ လိုင်ဇာကွင်းက ၃ ကျော့ ရိုက်ရမယ့်သဘောပေါ့။ အွန်လိုင်းမှာကြည့်တော့ တခြားတိုင်းပြည်များမှာလည်း ၆ ကျင်းကွင်းတွေ ရှိကြတယ် တဲ့။)

ဂေါက်အိတ်ထမ်း၊ ဂေါက်သီးကောက်သူများ

လိုင်ဇာကွင်းက ၆ ကျင်းကွင်းဖြစ်တဲ့အတွက် ကမ္ဘာရှားကွင်းဖြစ်တယ်၊ အများသူငါ ၀င်ရောက်ကစားနိုင်တယ်၊ စစ်ဖြစ်နေချိန်မှာတောင် ဒီကွင်းကို ဖွင့်ထားတယ်လို့ ဆိုတယ်။

စစ်မဖြစ်ခင်က အရာရှိတွေ တပတ် သုံးရက် သို့မဟုတ် နေ့တိုင်း ဂေါက်ရိုက်ကြပေမယ့် ခုတော့ တပတ် တရက်ပဲ ရိုက်တော့တယ် တဲ့။

ဂေါက်သီးရိုက်တာ စိတ်ကြည်လင်စေတဲ့အတွက် အရာရှိတွေ ဆုံးဖြတ်ချက်ချရာ အဆင်ပြေတယ် ဆိုတဲ့ ကေအိုင်အေ အရာရှိ Col. Maran Zaw Tawng ရဲ့ စကားကိုလည်း ကိုးကားထားပါတယ်။
နယ်မြေငြိမ်းချမ်းစဉ်ကတော့ မြန်မာ့တပ်မတော်က အရာရှိတွေနဲ့ ဒီကွင်းမှာ အတူ ရိုက်ကြတယ်လို့ ဆိုတယ်။ အပြိုင်အဆိုင်ပေါ့။

(ခုလည်း အပြိုင်အဆိုင်ပါပဲ၊ ဂေါက်ရိုက်တုတ်နဲ့ ပြိုင်တာ မဟုတ်ဘဲ၊ သေနတ်နဲ့ သူသေကိုယ်ရှင် ပြိုင်နေကြဆဲ မဟုတ်လား)

ဂေါက်ရိုက်ပြီး ဘီယာဆွဲမယ်၊ ပြီးရင် စစ်သွားတိုက်

လိုင်ဇာဂေါက်ကွင်းအကြောင်း ရှင်းပြနေတဲ့ ကေအိုင်အေ အရာရှိ ဗိုလ်မှူးကြီး Maran Zaw Tawng

တိုင်းဂါးဝုဒ်က သူ့ ဖေးဘရိတ်ပဲလို့ ဗိုလ်မှူးကြီးက ဆိုပါတယ်။ သူအရင်က မြစ်ကြီးနားမှာ ဂေါက်သွားရိုက်သေးတယ်၊ ခုတော့ သူတို့ မသွားတော့ဘူး၊ သွားရင် ဖမ်းခံရမှာပေါ့ လို့ ဆိုပါတယ်။

(ငြိမ်းချမ်းရေးအတွက် နယ်တကာလှည့်နေတဲ့ နေပြည်တော်ဝန်ကြီးတချို့က ဗိုလ်မှူးကြီးကို မြစ်ကြီးနားဂေါက်ရိုက်ဖိတ်သင့်ပါတယ်။ ငြိမ်းချမ်းရေးဂေါက်ပွဲပေါ့လေ)

No comments:

Post a Comment