
အခု လတ်လလောမှာတော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်ကူးတဲ့ "သနပ်ခါး" ဆိုတဲ့ ဒီဗီဒီဇာတ်ကားမှာ ရဲတိုက်နဲ့အတူ ပါဝင် သရုပ်ဆောင်နေတဲ့ ဝတ်မှုံရွှေရည်က ခေတ်ကာလ အပိုင်းအခြားနှစ်ခုကို သရုပ်ဆောင် ရတဲ့အတွက် ဆံပင်ကိုညှပ်လိုက်ရတယ်လို့ ပြောလာပါတယ်။ ဆံပင်က ညှပ်လိုက်ရတော့ နည်းနည်းတော့ နှမြောတာပေါ့။ ဒီကားက ဒိုင်ယာလော့ခ်တွေ အများကြီးမပါဘူး။ ဒါပေမဲ့ အိုက်တင်တွေနဲ့ပဲလုပ်သွားတာ ကိုကြည့်ပြီး ပရိသတ်သိသွားနိုင်တယ်။ အခု ဒီဇာတ်လမ်း ကလည်း ပရိသတ်အတွက်လည်း ကြည့်ရတာ ထူးခြားတဲ့ဇာတ်လမ်းဖြစ်မယ်၊ ဇာတ်ကလည်း ကြီးတယ်၊ အိမ်ထောင်ရေးအငြိမ်ဇာတ်ရုပ် မျိုးလည်း မလုပ်ဖူးသေးဘူး။ ဝတ်မှုံက ဒီကားထဲမှာ မျက်လုံးအိုက်တင် လှုပ်ရှားမှုနဲ့ပဲ ပရိသတ်ကို အဓိပ္ပာယ်ပြသွားမှာပါ"လို့ ပြောပါတယ်။
No comments:
Post a Comment