Sunday, March 25, 2012

နေတိုးတပ်ဖွဲ့ စစ်သုံးပစ္စည်းများ ပါကစ္စတန်နယ်စပ်၌ မှောင်ခိုရောင်းချနေ

နေတိုးတပ်ဖွဲ့ စစ်သုံးပစ္စည်းများ ပါကစ္စတန်နယ်စပ်၌ မှောင်ခိုရောင်းချနေ

21/Mar/2012

E-Mail this article Printable Version
မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) ကြည်းတပ် တပ်ဖွဲ့များ အသုံးပြုနိုင်ရန် ထုတ်ပေးထားသော စစ်သုံးကိရိယာပစ္စည်း အများအပြားကို ပါကစ္စတန် နိုင်ငံ၏ မှောင်ခိုဈေးကွက်၌ ပြန်လည်ရောင်းချလျက်ရှိကြောင်း ဗြိတိန်နိုင်ငံတွင် ထုတ်ဝေသော သတင်းစာတစ်စောင်းက မတ် ၁၈ ရက်တွင် ရေးသားဖော်ပြသည်။ နေတိုးတပ်ဖွဲ့ဝင်များ သုံးစွဲနိုင်ရန် ထုတ်ပေးထားသော ဓားများ၊ ကျည်ကာအင်္ကျီများ၊ ကိရိယာများ၊ မီးရောင်ဖြင့် အချက်ပြသည့် ကိရိယာများ၊ ရှေးဦးသုတေသနပြု ဆေးသတ္တာများနှင့် ရုံးသုံး စာရေးကိရိယာများကိုပင်မကျန် ပစ္စည်းအမျိုးမျိုးကို မှောင်ခိုဈေးကွက်တွင် ပြန်လည်ရောင်းချနေကြောင်း သိရသည်။ ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့ ကာသိုနိုဈေး၌ စစ်ဝတ်စုံများနှင့် စစ်ဘက်သုံး ကိရိယာများကို အလွန်ချိုသာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သတင်းတွင် ဖော်ပြသည်။ ပါကစ္စတန် မှောင်ခိုဈေးကွက်၌ ရောင်းချနေသော စစ်ဘက်သုံး ပစ္စည်းကိရိယာများကို ပါကစ္စတန်ဒေသခံများနှင့် နိုင်ငံခြားသားများပင်မကျန် ၀ယ်ယူကြသည်ဟု သိရသည်။ (အင်တာနက်)

No comments:

Post a Comment