Sunday, March 25, 2012

 အမေရိကန်နိုင်ငံ၏ လူဦးရေ တိုးတက်နှုန်းတွင် အာရှနွယ်ဖွားများ တိုးပွားနှုန်းမှာ အမြန်ဆုံးဖြစ်


PDF Print
Sunday, 25 March 2012 14:43
AddThis Social Bookmark Button
ဆယ်စုနှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးသို့ လူဦးရေစာရင်း စစ်ကြည့်ရာ အာရှနွယ်ဖွားများသည် အမေရိကန်နိုင်ငံအတွင်းတွင် လူဦးရေတိုးတက်မှု အလျင်မြန်ဆုံးဖြစ်ကြောင်း အမေရိကန် သန်းခေါင်စာရင်းဌာနက မတ်လ ၂၁ ရက်နေ့၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၀ ပြည့်နှစ်မှစတင်၍  စာရင်းပြုစုခဲ့ရာ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုမှ စ၍ မိမိကိုယ်ကိုယ် အာရှစစ်စစ်ဟု ပြောသူများသည်  မူလထက် ၄၃ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း တွေ့ရှိရသည်။

ယင်းကဲ့သို့ တိုးတက်နှုန်းသည် အမေရိကန်လူဦးရေ တိုးတက်နှုန်းထက် လေးဆ ပိုမိုတိုးတက်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံတွင် လူဦးရေ သန်း ၃၀၀ ကျော်ရှိသည့်အနက် အမေရိကန်လူဦးရေသည် ဆယ်စုနှစ်အတွင်း ၉ ဒသမ ၇ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်။

အမေရိကန်လူဦးရေ၏ ၄ ဒသမ ၈ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၁၄ ဒသမ ၇ သန်းသည် အာရှလူမျိုးစစ်စစ်များ ဖြစ်ကြပြီး အာရှနှင့်အထူးသဖြင့် လူဖြူများနှင့် စပ်ထားသော သွေးနှောများသည် ၂ ဒသမ ၆ သန်းရှိကာ လူဦးရေ၏ ၀ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်သည်။

အာရှလူဦးရေ အများဆုံးနေထိုင်သော နယူးယောက်မြို့တွင် အာရှလူမျိုး ၁ ဒသမ ၁ သန်း နေထိုင်၍ လော့စ်အိန်ဂျယ်လိစ်မှာ ၄၈၄၀၀၀ ဦးဖြင့် ဒုတိယနေရာတွင် ရှိနေသည်။

No comments:

Post a Comment