Thursday, March 29, 2012

ကန်ဒုံးကျည်ကာကွယ်ရေးစနစ်ကို တုံ့ပြန်ရန် ရုရှားတပ်မတော် ပြင်ဆင်ထားရမည်ဟုဆို

မော်စကိုနှင့် ၀ါရှင်တန် ဆွေးနွေးပွဲများ ဆက်လက်ကျင်းပနေသော်လည်း အမေရိကန်ပြည်ထောင်စု၏ ဥရောပအတွင်း ဒုံးလက်နက် ကာကွယ်ရေးအစီအစဉ်ကို တုံ့ပြန်နိုင်ရန်အတွက် ရုရှားတပ်မတော်က ပြင်ဆင်ထားရမည်ဟု သမ္မတ ဒီမီထရီ မက်ဗီဒက်ဗ်က ပြောကြားလိုက်သည်။ မက်ဗီဒက်ဗ်သည် ထိပ်တန်း စစ်ဘက်အရာရှိကြီးများနှင့် တွေ့ဆုံခဲ့ရာတွင် ဆွေးနွေးပွဲတံခါးကို ပိတ်ပစ်မည်မဟုတ်ကြောင်း၊ သို့သော် တန်ပြည်စစ်ရေးနည်းလမ်းများမှာမူ အဆင့်သင့်ရှိနေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သ်ည။ အမေရိကန်ပြည်ထောင်စု၏ ဒုံးကျည်ကာကွယ်ရေး အစီအစဉ်သည် အီရန်နိုင်ငံမှ ဒုံးလက်နက်ဖြင့် ခြိမ်းခြောက်မှု အလားအလာကို ဖယ်ရှားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် လာမည့်နှစ်အနည်းငယ်အတွင်း ရုရှားနိုင်ငံကို ခြိမ်းခြောက်မှုပြုနိုင်သည်အထိ အင်အားကြီးမားလာမည်ကို မော်စကိုက စိုးရိမ်လျက်ရှိသည်။ အဆိုပါ ဒုံးကျည်ဒိုင်းလွှားအရေးကြောင့် မော်စကိုနှင့် ၀ါရှင်တန်အကြား ဆက်ဆံရေးမှာ တင်းမာလာခဲ့သည်။ ဗလာဒီမာပူတင်သည် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်လည်ပတ်သည့်အခါ ဆက်ဆံရေး ပြန်လည်ချောမွေ့မည်ဟု မျှော်လင့်ကြသည်။ (အင်တာနက်)

No comments:

Post a Comment