Sunday, March 4, 2012

နိုင်ငံတကာအာကာသစခန်း ထိန်းချုပ်ကုတ်နံပါတ် ပါဝင်သောလက်ပ်တော့ ခိုးယူခံခဲ့ရပြီး နာဆာ၏ အဓိကဓာတ်ခွဲခန်းကို တရုတ်ဟက်ကာများက ထိန်းချုပ်ခဲ့ကြောင်း နာဆာ စုံစမ်းရေးမှူးချုပ် ထုတ်ဖော်

Sunday, 04 March 2012 14:59
AddThis Social Bookmark Button
ကမ္ဘာပတ်လမ်းကြောင်းအတွင်းရှိ နိုင်ငံတကာအာကာသစခန်း
အမေရိကန် အမျိုးသားအာကာသ အေဂျင်စီ(နာဆာ)ရှိ နိုင်ငံတကာ အာကာသစခန်း ထိန်းချုပ်ကုတ်နံပါတ် ပါဝင်သော လက်ပ်တော့အပါအ၀င် မိုဘိုင်းကွန်ပျူတာပစ္စည်း ၄၈ ခု ခိုးယူခံခဲ့ရပြီး နာဆာ၏ အဓိက ဓာတ်ခွဲခန်းကို တရုတ်ဟက်ကာများက ထိန်း ချုပ်ခဲ့ကြောင်း နာဆာ၏ စုံစမ်းရေးမှူးချုပ်က ထုတ်ပြန်သော အစီရင်ခံစာတွင် ပါရှိခဲ့သည်။
တရုတ်ဟက်ကာများသည် နာဆာ၏ အဓိကဓာတ်ခွဲခန်းဖြစ်သော Jet Propulsion Laboratory(JPL) ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ထိန်းချုပ်နိုင်ခဲ့ပြီး အရေးပါသော အချက်အလက်များကို ရယူခြင်း၊ ပြင်ဆင်ထိန်းချုပ်ခြင်းများ လုပ်ခဲ့ကြောင်း စုံစမ်းရေးမှူးချုပ်၏ အစီရင် ခံစာတွင်ပါရှိသည်။
JPL တွင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆက်လက်စုံစမ်း နေဆဲဖြစ်ပြီး JPL ကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ရာတွင် တရုတ်အခြေ စိုက်အင်တာနက်လိပ်စာများကို အသုံးပြုခဲ့သည်ကိုသာ သိရသေးသည်ဟု ဆိုသည်။
JPL သည် လနှင့် အင်္ဂါဂြိုဟ် လေ့လာရေးစီမံကိန်းများ၊ အာကာသနှင့် ကမ္ဘာမြေပြင်ကို လေ့လာသောတိုက်ကြီးများတွင် ဖြန့်ကျက်ထားရှိသည့် အင်တာနာ ကွန်ရက်များကို ထိန်းချုပ်ရသည့် နေရာဖြစ်သည်။
၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၁ ခုနှစ်အတွင်း နာဆာတွင် ကွန်ပျူတာလုံခြုံရေးဆိုင်ရာ မတော်တဆမှု ၅၄၀၈ ခု ဖြစ်ပွားခဲ့သည်ဟုဆိုသည်။ အချို့ဖြစ်စဉ်များမှာ တစ်ဦးတစ်ယောက်ချင်းစီက နာဆာစနစ်ကို အပျော်သဘော စမ်းသပ်ဝင်ရောက်ခြင်းဖြစ် ပြီး အချို့မှာအဖွဲ့လိုက် အကျိုးအမြတ် ရရှိရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အစီရင်ခံစာကဖော်ပြသည်။ အချို့သော ဖြစ်စဉ်များမှာမူ ပြည်ပအစိုးရများ၏ ထောက်လှမ်းရေးအေဂျင်စီများက ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း ဖော်ပြသည်။
ဖော့စ်နယူးစ်သတင်းဌာနက စုံစမ်းရေးမှူးချုပ်ကို မေးမြန်းခဲ့ရာ၌ အပြည်ပြည်ဆိုင်ရာအာကာသစခန်း ထိန်းချုပ်သည့် ကုတ်နံပါတ်ပါလက်ပ်တော့ အခိုးခံရမှုအတွက် ပြဿနာ တစ်စုံတစ်ရာမရှိခဲ့ဘဲ ပြန်လည်ပြင်ဆင်နိုင်ခဲ့သည်ဟု ဖြေကြားခဲ့သော်လည်း JPL ဆိုက်ဘာ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီးမူ ထိခိုက်နစ်နာမှုကို ရှင်းရှင်းလင်းလင်း မပြောခဲ့ပေ။
အောက်လွှတ်တော်သိပ္ပံ၊ အာကာသနှင့် နည်းပညာကော်မတီသို့ နာဆာစုံစမ်းစစ်ရေးမှူးချုပ်က အစီရင်ခံစာ တင်သွင်းပေးရခြင်း ဖြစ်သည်။အမေရိကန်တွင် စုံစမ်းစစ်ဆေးရေးမှူးချုပ် (Inspector General) မှာ နယ်ပယ်အလိုက် သီးခြားစီရှိကာ ၇၃ ဦးအထိရှိပြီး သက်ဆိုင်ရာ အစိုးရအေဂျင်စီ၊ ဌာန (သို့မဟုတ်) စစ်ဘက်အဖွဲ့အစည်း၏ လုပ်ဆောင်မှုကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံရကာ တစ်ဦးချင်းစီ၏ အောက်တွင် သီးခြားရုံးအဖွဲ့များ ထားရှိသည်။
Ref: Fox News

No comments:

Post a Comment