Saturday, April 14, 2012

စစ်တပ်ရဲ့ စစ်ကြောင်းတစ်ကြောင်းကို K.I.A ဝင်တိုက်

ရှေ့တန်းမထွက်ခင် ရှေ့ဦးစွာ ဘုရားသခင်ထံ
ဆုတောင်းအပ်နံနေသော K.I.A ကချင်မျိုးချစ် စစ်သည်တော်များ (ပုံ-Kachinlandnews)

စက်တင်ဘာလ ၁၃ ရက်နေ့ ၀၇း၀၀ အချိန်ခန့်တွင် ကချင်ပြည်နယ် နဖေါ့ (Na Hpaw) ကျေးရွာကနေ ဆင်းလာတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းအင်အား (၁၃၀) ကျော်ရှိတဲ့ ခလရ (၃၇) စစ်ကြောင်းကို K.I.A ဌာနချုပ် ကာကွယ်ရေး အထူးတပ်ရင်း (၂၅၅) က နဖေါ့ ကျေးရွာအနီးတွင် ခြုံခိုတိုက်ခိုက် ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ အရာရှိ (၂) ဦးအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရ ကျဆုံးမှုရှိကြောင်း၊ ကျေးရွာများနှင့် နီးစပ်သူများကသတင်းပေးပို့လာပါတယ်။

စက်တင်ဘာလ ၁၂ ရက် ၂၀၁၁ ၊ ည ၉း၀၀ ဝန်းကျင်တွင် K.I.A တပ်ရင်း (၁၈) နယ်မြေဖြစ်တဲ့ နမ်ဆန်ယာန်ကျေးရွာမှ မနီးမဝေးမှာရှိတဲ့ ဘန်ဒေါင် (Bandawng) ကျေးရွာမှာ အခြေချနေတဲ့ အမှတ် (၃၇) ခြေလျင်တပ်ကို K.I.A က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ကျေးရွာနှင့် နီးစပ်သူများထံမှ သတင်းသိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် နှစ်ဖက်စလုံးမှ ထိခိုက်ဒဏ်ရာရရှိမှုကိုတော့ ဆက်လက် စုံစမ်းလျက် ရှိပါတယ်။

အူရော်ကောင် (တောင်ကုန်း) မှာ K.I.A နှင့် စစ်တပ်တို့အကြားတိုက်ပွဲဖြစ်ပွား


K.I.A စစ်သားများ

စက်တင်ဘာ (၁၂) ရက်နေ့ မှာကချင်ပြည်နယ် နမ်ဆန်ယာန် ကျေးရွာတွင် K.I.A အဖွဲ့က စစ်တပ်အခြေချတဲ့ အမှတ် (၁၄၂)ခြေလျင်တပ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်၊ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ကျေးရွာနှင့် နီးစပ်သူများကသတင်းပေးပို့လာပါတယ်။ တဆက်တည်းမှာဘဲအူရော်ကောင်(တောင်ကုန်း) မှ ဆင်းလာသောစစ်တပ်၏ စစ်ကြောင်းတကြောင်းကိုK.I.A တပ်တို့က ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သားအနည်းဆုံး(၂၀) ဦးကျဆုံးခဲ့ကြောင်း၊ ယင်းတိုက်ပွဲရဲ့ K.I.A တာဝန်ရှိထံမှ စုံစမ်းသိရှိရပါတယ်။ ဒီတိုက်ပွဲဖြစ်ခဲ့စဉ် စစ်တပ်တို့က ဒုမ်ဘန်တောင် (Dum Bang) မှ အမြောက်ကြီးတို့ဖြင့် ပစ်ကူယူခဲ့ကြောင်း သိရှိရပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဆက်လက်ပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာမှာကို ပြည်သူများက စိုးရိမ်နေကြကြောင်း သိရှိရပါတယ်။

No comments:

Post a Comment