Sunday, April 8, 2012

တိုကျိုမြို့တွင် ပက်ထရိယော့ ဒုံးကျည်များ စတင်ချထား

မြောက်ကိုရီးယားက ဂြိုဟ်တုပါသော ဒုံးကျည်ပစ်လွှတ်ရန် နီးကပ်လာရာ ဂျပန်ကလည်း မြို့တော်တိုကျိုတွင် ကာကွယ်ရေး အဆင့်မြှင့်သည့်အနေဖြင့် ဒုံးခွင်းစနစ်များ စတင်ချထားကြောင်း သိရသည်။

တိုကျိုမြို့ရှိ စစ်စခန်းသုံးခုတွင် ပက်ထရိယော့ ဒုံးကျည်များကို ဧပြီလ ၇ ရက်က ချထားခဲ့ပြီး ပင်လယ်ထဲမှနေ၍ ဒုံးကျည်များကို ခြေရာခံပစ်ချနိုင်သော Aegis ဖျက် သင်္ဘောသုံးစီးကိုလည်း ကာကွယ်ရေးဝန်ကြီးက အရှေ့တရုတ်ပင်လယ် သို့ စေလွှတ်ထားကြောင်း သတင်းထွက်ပေါ်နေသည်။
မြောက်ကိုရီးယား ဒုံးကျည်က ဂျပန်ပိုင်နက်ကို ခြိမ်းခြောက်လာပါက ပစ်ချရန် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါက ခွင့်ပြုချက်ပေးထားပြီး ဖြစ်သည်။
၂၀၀၉ ခုနှစ်ကလည်း မြောက်ကိုရီးယားသည် တာဝေးပစ်ဒုံးကျည်ကို ဂျပန်နိုင်ငံအပေါ်ကျော်၍ မပစ်လွှတ်မီ ဒုံးခွင်းစနစ်များ ပြင်ဆင်ထားရန် ဂျပန်အစိုးရက ညွှန်ကြားခဲ့သည်။

No comments:

Post a Comment