Saturday, July 7, 2012

သျှမ်းပြည် (မြောက်ပိုင်း) ရဲစခန်းတခု အား KIA ၀င်စီး

(၀ိုင်းရုံပဲရှိသေးတယ်၊ ထွက်ပြေးကြတော့ စခန်းတခု အချောင်ရခဲ့တာပေါ့၊ ဒီလောက်ကြောက်နေရင်လည်း ရဲမလုပ်ပါနဲ့တော့၊  ရာထူးတွေ တသီတတန်းကြီး ပြုတ်မှာကို မြင်ယောင်ပါသေးတယ် ။)

Friday, 06 July 2012 16:49 သျှမ်းသံတော်ဆင့်


သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကြူကုတ် - ပန်ဆိုင်းမြို့နယ် ရေပူရွာ ရဲစခန်းအား ယနေ့နံနက် ၄ နာရီခန့် က KIA တပ်ဖွဲ့မှ စီးနင်းသိမ်းပိုက်ခဲ့ကြောင်း သိရသည်။


KIA တပ်ဖွဲ့မှ အဆိုပါရဲစခန်းအား သိမ်းပိုက်ရန် ၀ိုင်းရံစဉ် စခန်းအတွင်းရှိ ရဲတပ်သားများ တရုတ်နယ်စပ်ဘက် ထွက်ပြေး တိမ်းရှောင် သွားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ရေပူရွာ ရဲစခန်းပေါ့ KIA က ရဲစခန်းကို သိမ်းဖို့လာဝိုင်းတော့ ရဲတွေအားလုံး တရုတ်နယ်စပ်ဘက် ထွက်ပြေးသွားတယ်၊ ပစ်ခတ်မှု တော့မဖြစ်ဘူး၊ ဒီအတိုင်းတက်သိမ်းသွားတာ ” ဟု ဒေသခံက ဆိုသည်။

အဆိုပါရဲစခန်းအတွင်း ရဲတပ်သား ၂၀ ကျော်ခန့်ရှိကြောင်း သိရှိရပြီး ယမန်နေ့ ညနေပိုင်းကလည်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အလွန် နမ့်အွန်ရွာအနီးတွင် အစိုးရစစ်ယာဉ်တန်းအား အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး အစိုးရ တပ်သား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိကြောင်း သိရသည်။

No comments:

Post a Comment