Friday, June 15, 2012

အာဂ ကြက်ဖ တော့ စားပြီးကွာ

  ကိုသာဗျော အိမ်က ကြက်မများ ဥ, ဥနှုန်းကျဆင်းနေသည်။  ကိုသာဗျော ကြက်ဖအသစ်တစ်ကောင်ဝယ်လာသည်။  အိမ်ရောက်ရောက်ခြင်း မနက်ပိုင်းတွင် ကြက်ဖကြီးသည် ကြက်မ ၁၅၀ ကိုမျိုးစပ် ပစ်လိုက်သည်။  ကိုသာဗျော အံသြသွားသည်။  ညနေပိုင်းတွင် နောက်ထပ် အကောင် ၁၅၀။  ပို၍ပင် အံသြသွားသည်။
           နောက်တစ်နေ့ ကိုသာဗျော ခြံထဲရှိ ကြက်မများသာမက ဘဲမတွေ၊ ကြက်ဆင်မတွေ၊ ငန်းမတွေပါ ကြက်ဖလက်က မလွတ်။  ကိုသာဗျောစိုးရိမ်စပြုလာသည်။  နောက်တစ်နေ့ မနက်တွင် ကိုသာဗျော ခံထဲသို့ အသွား သူ့ကြက်ဖကြီး လည်ကြီးကို စန့်၊ မျက်လုံးကို မှတ်ကာ သေနေလေတော့သည်။  လင်းတများကား ကောင်းကင်တွင် ၀ဲနေကြသည်။  ကိုသာဗျော သူ့ကြက်ဖကြီးဆီ ပြေးသွားသည် “သြော်.. သနားစရာကောင်းလိုက်တဲ့ ငါ့ကြက်ဖကြီး ခုတော့ သေရှာလေပြီ” လို့ ဆိုလေသတဲ့။  အဲ့ဒီအချိန်မှာ ကြက်ဖကြီး မျက်လုံးပွင့်လာသည်
“ရှုးတိုးတိုး…. ဟိုမှာ လင်းတမတွေ ခဏနေရင် ဆင်းလာတော့မှာ”

No comments:

Post a Comment