Saturday, May 12, 2012

သိပ္ပံပညာရှင်တို့ တီထွင်လိုက်သော ပုရွက်ဆိတ် ဘီလူးကြီးများ

   

          ကနေဒါက သိပ္ပံပညာရှင်တွေကတော့ ပုံမှန်ပုရွက်ဆိတ်တွေရဲ့ ဘိုးဘေးဘီဘင်ကထည်းကရှိခဲ့တဲ့ ဗီဇကို လှုံ့ဆော်စေခြင်းအားဖြင့် အရွယ်အစားကြီးမားလှတဲ့ ပုရွက်ဆိတ်တွေ ကို ဖန်တီးခဲ့ကြပါတယ်။ ဒီလိုဖန်တီလိုက်ခြင်းအားဖြင့် ပုရွက်ဆိတ်တွေဟာ စွမ်းအားကောင်းတဲ့ စူပါပုရွက်ဆိတ် စစ်သားတွေ ဖြစ်လာပါတယ်တဲ့။  သိပ္ပံမဂ္ဂဇင်းမှာ ဖော်ပြခဲ့တာကတော့ ပုံမှန် အလုပ်သမား ပုရွက်ဆိတ်တွေနဲ့ စစ်သည် ပုရွက်ဆိတ်တွေကို ဟော်မုန်း ထိုးပေးခြင်းအားဖြင့် အဆိုပါပုရွက်ဆိတ်တွေဟာ စူပါ ပုရွက်ဆိတ်စစ်သည်တွေ ဖြစ်လာပါသတဲ့။ အပေါ်ပုံမှာ မြင်ရသလို ပုံမှန် ပုရွက်ဆိတ်စစ်သည်နှင့် စူပါ ပုရွက်ဆိတ်စစ်သည်ပါတဲ့။
          ဒီလို စူပါ စစ်သည် ပုရွက်ဆိတ်တွေဟာ သဘာဝအတိုင်းလည်း ကြီးထွားရှင်သန်နိုင်ပြီး ၄ မီလီမီတာ အထိ ကြီးနိုင်ပါသတဲ့။  အဲ့ဒီလို ပုရွက်ဆိတ်မျိုးကို အမေရိကန်နဲ့ မက္ကဆီကို နိုင်ငံတွေရဲ့ သဲကန္တရတွေမှာ တွေ့နိုင်ပါတယ်။  ဒီစစ်သားတွေရဲ့တာဝန်ကတော့ သူတို့အသိုက်အမြုံရဲ့ အ၀င်အ၀တွေကို သူတို့ရဲ့ ကြီးမားလှတဲ့ ဦခေါင်း၊ မေးရိုးကြီးတွေနဲ့ ပိတ်ဆို့ကာ အခြားသော လာရောက်တိုက်ခိုက်တဲ့ ပုရွက်ဆိတ်တွေရန်မှ တွန်းလှန် ကာကွယ်ဖို့ ဖြစ်ပါသတဲ့။

ဒါကတော့ အလုပ်သမား ပုရွက်ဆိတ်နဲ့ စူပါစစ်သည်ပုရွက်ဆိတ်ကို နှိုင်းယှဉ်ပြထားတာပါ

          မက်ဂေး တက္ကသိုလ်က ဒေါက်တာ ရာဂျန်ဟရန် ရာဂျာကူးမား နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ သူတို့ရဲ့ မျိုးရိုးဗီဇကို လှုံ့ဆော်ပေးတဲ့ ဟော်မုန်း သွင်းပေးတဲ့ စမ်းသတ်မှု့ဖြင့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၅ သန်းကနေ နှစ်သန်းပေါင်း ၆၀ ကျော်လောက်တုန်းက ရှိနေနိုင်ခဲ့တဲ့ ပုရွက်ဆိတ် စစ်သည်မျိုးကိုတောင် ပုံဖော်နိုင်ခြေရှိတယ်လို့ ဆိုသွားပါတယ်။  
          သူတို့ လျှောက်ထွင်တာတော့ အရေးမကြီးဘူး၊ တော်ကြာလွတ်ကုန်မှဖြင့် ကိုယ်တွေလာပြီး အကိုက်ခံရရင်  ဒုက္ခ။

No comments:

Post a Comment