Saturday, May 12, 2012

လက်နက်စစ်ဆေးရေးကိရိယာများဖြင့် ရှာဖွေရန်ခက်ခဲသော ဗုံးများထုတ်လုပ်နိုင်ရန် အယ်လ်ကိုင်ဒါအဖွဲ့ကြိုးပမ်း




12/May/2012

အယ်လ်ကိုင်ဒါအဖွဲ့မှ ဗုံးထုတ်လုပ်မှု ကျွမ်းကျင်သူ နည်းပညာရှင် တစ်ဦးဖြစ်သည့် အီဗရာဟင်အယ်လ်အာဆီရီသည် ကင်မရာများ၊ ကွန်ပျူတာများနှင့် အိမ်မွေးတိရစ္ဆာန်များအတွင်း၌ လျှို့ဝှက်ထည့်သွင်းနိုင်ပြီး လက်နက်ရှာဖွေရေး ကိရိယာများဖြင့် ရှာဖွေရန် ခက်ခဲသည့် ဗုံးများကို ထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ အသက် ၃၀ အရွယ်ရှိ အယ်လ်အာဆီရီသည် အိုစမာဘင်လာဒင် အသက်ရှင်စဉ်က အကြမ်းဖက်လုပ်ငန်းများတွင် ဘင်လာဒင်အား အကြံပေးသူတစ်ဦးဖြစ်ပြီး ဗုံးထုတ်လုပ်ရန်အတွက် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သူတစ်ဦးဖြစ်သည်။ အာဆီရီသည် အလွန်ထက်မြက်သူတစ်ဦးဖြစ်ပြီး လေဆိပ်တွင် လက်နက်စစ်ဆေးသည့် screen တွင် စစ်ဆေးတွေ့မြင်နိုင်ခြင်း မရှိသည့် ဗုံးများ ထုတ်လုပ်နိုင်ရေးအတွက် နည်းလမ်းအချို့ကို ရှာဖွေလျက်ရှိကြောင်း အမေရိကန် အထူးစစ်ဆင်ရေးဌာနချုပ်မှ အကြံပေးအရာရှိဟောင်း တစ်ဦးဖြစ်ခဲ့သူ ဆက်သ်ဂျူန်းစ်က ပြောကြားသည်။ ၄င်းသည် အနောက်နိုင်ငံသားများကို လွန်စွာမုန်းတီးသူဖြစ်ပြီး အမေရိကန်များကို သတ်ဖြတ်နိုင်ရေးအတွက် မည်မျှပင် ခက်ခဲစေကာမူ ၄င်းလုပ်ဆောင်နိုင်သည့် အတိုင်းအတာအထိ လုပ်ဆောင်သွားမည့်သူဖြစ်ကြောင်း ဂျူန်းစ်က ပြောကြားသည်။ အာဆီရီသည် ကောလိပ်တွင် ဓာတုဗေဒပညာရပ်ကို သင်ယူခဲ့ပြီး အတွင်းခံအတွင်း လျှို့ဝှက်တပ်ဆင်နိုင်သည့် ဗုံး၊ Printer Catridges များအတွင်း ထည့်သွင်းနိုင်သည့် ဗုံးများကို တီထွင်နိုင်ခဲ့ကြောင်း သိရသည်။ (အင်တာနက်)

No comments:

Post a Comment