အာဏာပိုင်တွေရဲ့ ဖြေရှင်းပုံဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ကြောင်း
ကလိုထူးဘောဒေသ အခြေချ DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဆန်းအောင် က RFA ကို
ပြောကြားခဲ့ပါတယ်။
၂ဝဝ၇ ရွှေဝါရောင်အရေးအခင်းတုန်းက မိမိတို့ လက်ပိုက်ကြည့်နေခဲ့ရပေမဲ့၊ ၂ဝ၁၂လက်ပန်းတောင်းတောင်အရေးမှာ တာဝန်ရှိသူတွေကို အစိုးရက အရေးမယူဘူးဆိုရင် ငြိမ်းချမ်းရေးကိစ္စကိုပါ ထိခိုက်လာနိုင်ကြောင်းလည်း ဗိုလ်မှူးကြီးဆန်းအောင်က ပြောပါတယ်။
တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေအနေနဲ့လည်း ဒီကိစ္စအပေါ် ခွင့်လွှတ်နိုင်ကြမှာ မဟုတ်ဘူးလို့မြင်ကြောင်းလည်း ဗိုလ်မှူးကြီးဆန်းအောင်က ပြောကြားခဲ့ပါတယ်။

No comments:
Post a Comment