Thursday, September 27, 2012

အီရန် နိုင်ငံသည် အစ္စရေး နိုင်ငံနှင့် စစ်ပွဲဖြစ်ပွားပါက အရှေ့ အလယ်ပိုင်း ဒေသရှိ အမေရိကန် အခြေစိုက် စခန်းများကို ပစ်မှတ်ထား တိုက်ခိုက် သွားမည်




အီရန် နိုင်ငံသည် အစ္စရေး နိုင်ငံနှင့် စစ်ပွဲဖြစ်ပွားပါက အရှေ့ အလယ်ပိုင်း ဒေသရှိ အမေရိကန် အခြေစိုက် စခန်းများကို ပစ်မှတ်ထား တိုက်ခိုက် သွားမည် ဖြစ်ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ အာကာသ ရေးရာဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး အာမီယာ အလီဟာဂျီဇာဒက်က ပြောကြားခဲ့သည်ဟု စက်တင်ဘာလ ၂၄ရက်နေ့ AP သတင်းတစ်ရပ်အရ သိရှိရပါသည်။ အီရန်နိုင်ငံ၏ နျူကလီး ယား အစီအစဉ်နှင့် ပတ်သက်၍ တင်းမာမှုများ ဖြစ်ပွားနေပြီး အီရန် နျူကလီးယား စက်ရုံများကို မိမိတစ်နိုင်ငံတည်းဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း အစ္စရေး၏ ပြောကြားချက် ထွက်ပေါ်လာ လျက်ရှိစဉ် ဗိုလ်ချုပ်ကြီး အမ်မိုင်အလီဟာဂျေဇက်၏ ပြောကြားချက် ထွက်ပေါ် လာခဲ့ခြင်းဖြစ်ပါသည်။ အစ္စရေး နိုင်ငံ အနေဖြင့် ၄င်း၏ အရေးပါ ဆုံးသော မဟာမိတ် နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံ၏ အကူအညီ မရှိဘဲ မတိုက်ခိုက် နိုင်ကြောင်းနှင့် အီရန်နိုင်ငံသည် ဘာရိန်း၊ ကာတာနှင့် အာဖဂန်နစ္စတန် နိုင်ငံတို့ရှိ အမေရိကန် အခြေစိုက် စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။ အမေရိကန် နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံတွင် စစ်ဘက် တပ်ဖွဲ့ဝင် အမြောက်အမြားကို တပ်စွဲ ထားသည့်အပြင် အမှတ်(၅) ရေယာဉ်စုကိုလည်း ဘာရိန်းနိုင်ငံ တွင်အခြေစိုက် ထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment