Monday, October 29, 2012

မြန်မာ နဲ့ ကုလား(အိန္ဒိယ)


  • မြန်မာ နဲ့ အိန္ဒိယကုလား ကွာခြားချက်များ
  • မြန်မာ။ ။ ဇီးကွက်သည် လာဘ်ကောင်။ ဠင်းတသည် ဘူကောင်။
  • ကုလား။ ။ ဠင်းတသည် လာဘ်ကောင်။ ဇီးကွက်သည် ဘူကောင်။

  • မြန်မာ။ ။ ကြောင်သည် ချစ်စရာ။ မြွေသည် ကြောက်စရာ။
  • ကုလား။ ။ မြွေသည် ချစ်စရာ။ ကြောင်သည် ကြောက်စရာ။(ကုလားတွေက ခရီးလမ်းကြောင်းမှာ ကြောင်ဖြတ်ပြေးတာမြင်ရင် ဘယ်လောက်အရေးကြီးကြီး မင်္ဂလာဆောင်ကိစ္စလိုမျိုးမှာ တောင်ချက်ချင်း ပြန်လှည့်တယ်)

  • မြန်မာ။ ။ စဉ်းတီတုံးက အောက်။ ဓါးက အထက်။
  • ကုလား။ ။ စဉ်းတီတုံးက အထက်။ ဓါးက အောက်။(မမြင်ဘူးရင် သဘောမပေါက်လောက်ဘူး၊ သူတို့ဓါးက ဓါးကောက်ကြီး၊ အဲဒါကြီးကို ပက်လက်လှန်ထားပြီး ငါးတို့အသားတို့ကိုအပေါ်ကတင် အထက်ကနေ စဉ်းတီတုံးနဲ့ ထုချတာ)

  • မြန်မာ။ ။ ကြက်သွန်လှီးရင် အပေါ်ဘက်မှ အောက်ဖက်သို့။
  • ကုလား။ ။ ကြက်သွန်လှီးရင် အောက်ဘက်မှ အပေါ်ဘက်သို့။

  • မြန်မာ။ ။ ပုတီးစိပ်ရင် နောက်ဘက်(အတွင်းဘက်)ကိုဆွဲချ။
  • ကုလား။ ။ ပုတီးစိပ်ရင် ရှေ့တွန်းချ။

  • မြန်မာ။ ။ သတို့သားက သတို့သမီးကို တင်တောင်း။
  • ကုလား။ ။ သတို့သမီးက သတို့သားကို တင်တောင်း။

  • မြန်မာ။ ။ အရှေ့ဘက်အရပ်ကို ခေါင်းပြုအိပ်။
  • ကုလား။ ။ အနောက်ဘက်အရပ်ကို ခေါင်းပြုအိပ်။

  • မြန်မာ။ ။ အပေါ့သွားရင် ထိုင်သွားမှ ယဉ်ကျေး။
  • ကုလား။ ။ အပေါ့သွားရင် မတ်တပ်ရပ်သွားမှ ယဉ်ကျေး။(သူတို့က ယောက်ျားလေးက ထိုင်ပြီးအပေါ့သွားရင် အချောက်တဲ့၊ လူကြီးတွေဆိုရင် ခဲနဲ့ထုတယ်၊ ကလေးတွေဆိုရင် ရိုက်တယ်)

  • မြန်မာ။ ။ အမျိုးသမီးတွေက မျက်နှာကို ဖော်၊ ခါးကိုလုံအောင်ထား။ 
  • ကုလား။ ။ အမျိုးသမီးတွေက ခါးကို ဖော်၊ မျက်နှာကို လုံအောင်ထား။(မျက်နှာကို အုပ်ထားပြီး ဗိုက်ခေါက်ကိုပဲ ဖော်ထားရတယ်၊ ဗိုက်ပြဲကြီး ဗိုက်ခေါက်အထူကြီးမှ သားအိမ်ကောင်းတာတဲ့၊ သားအိမ်ကောင်းမှ သားကောင်းမွေးတာတဲ့)

  • မြန်မာ။ ။ ဆိုင်တစ်ဆိုင်တည်းကိုပဲ ခဏခဏဝယ်ရင် မိတ်ဆွေ ဖောက်သည်။
  • ကုလား။ ။ ဆိုင်တစ်ဆိုင်တည်းကိုပဲ ခဏခဏဝယ်ရင် လူအ ဖောက်သည်။(ကုလားပြည်ရောက်ခါစ အဲဒီယဉ်ကျေးမှုကို မသိဘူး။ ဝယ်နေကြဆိုင်ပဲ ဝယ်တယ်၊ ဒီကောင် လူအ ဘယ်ဆိုင်မှ မသွားတတ်ဘူးဆိုပြီး ညစ်တော့တာပဲဗျို့)

  • မြန်မာ။ ။ စားစရာကြွေးရင် ဖော်ရွေတာ။
  • ကုလား။ ။ စားစရာကြွေးရင် စော်ကားတာ။

  • အနှစ်ချုပ်ကတော့ဗျာ
  • မြန်မာတွေက အနတ္တ၊တစ်ဖက်လူကို အခြေခံတွေးတယ်။
  • ကုလားတွေက အတ္တ၊ ကိုယ့်ကိုယ်ကို အခြေခံတွေးတယ်။
  • နိဗ္ဗာန်မရမဲ့အတူတူ အတ္တကြီးတော့ လောကီအရ တိုးတက်တာပေါ့ဗျာ။
  • ကျမ်းကိုး မမေးနဲ့ သိဘူး။ မျက်မြင်တွေ့တာတွေကို သတိထားပြီး ရေးလိုက်တာ။

မြန်မာအစိုးရတပ်နှင့် KIA တပ်များ လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်


ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဗဟိုဌာနချုပ် နယ်မြေနှင့် အနီးတ၀ိုက်တပ်များတွင် လတ်တလော အစိုးရတပ်နှင့် နှစ်ဖက်တပ်များသည် လက်နက်ကြီးများအသုံးပြု၍ အသီးသီးတပ်ချထား သောနေရာသို့ အပြန်အလှန် ပစ်ခတ်မှုများပြုလုပ်နေကြသည်။
မြစ်ကြီးနား-ဒေါ့ဖုန်းယန်မှ ၆ မိုင်အကွာရှိ အင်အား ၅၀ ကျော်ရှိသည့် လွယ်မောက် (Loi Mawk) မြန်မာအစိုးရတပ် ခလရ ၅၆ တပ်ကို KIA တပ်မဟာ (၅) တပ်ရင်း (၂၄) မှ ယနေ့ နံနက်တွင် လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့က ၆၀ မမနဲ့ ၁ ကြိမ်ပစ်တယ်။ အခုအချိန်က သူတို့ အခြေအနေကို ကြည့်ပြီး ကျနော်တို့ ပစ်တာ။ သူတို့လဲ ၁ ကြိမ် ပြန်ပစ်လာတယ်။ သူတို့ အမြောက်ဆံက ချုံထဲကျပေါက်ကွဲသွားတယ်။”
KIA တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် အစိုးရတပ်အတွင်းအထဲသို့ ပစ်ခတ်ပေးခြင်းကြောင့် သေဆုံး ဒဏ်ရာရရှိမှုရှိနိုင်သော်လည်း အတိအကျမသိရကြောင်းပြောသည်။
ယနေ့ နံနက် မိုးမလင်းမီ ၂ နာရီချိန်နှင့် ၄ နာရီချိန်ကြားတွင်မူ မြန်မာအစိုးရတပ်ဖက်မှ ခလရ ၁၀၅ ဆားမော်တပ်သည် KIA ထိန်းချုပ်နယ်မြေ လိုင်စင်ဘွမ်အနီး နာဖော့တပ်စခန်းတွင် KIA တပ်ရင်း (၁၈) နယ်မြေ ကန်းဘွမ် (Kang Bum) သို့ စက်လက်နက်များဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
“ညအချိန် ဘာတွေ့ပြီး ဘာတွေမြင်ပြီး ပစ်ကြတာလဲမသိဘူး။ ထင်ရာမြင်ရာ ရမ်းပြီးပစ်ကြတာ။” KIA တပ်ဖွဲ့မှပြောသည်။
မြစ်ကြီးနား-ဗန်းမော်လမ်း ၀ိုင်းမော်မြို့နယ် ဂန်ဒေါင်ယန် (Gangdau Yang) ရှိမြန်မာအစိုးရတပ်သည် အောက်တိုဘာ၂၇ ရက် ည ၈ နာရီမှ ၁၀ နာရီထိ နမ်ဆန်ယန် (Nam San Yang) ကျေးရွာသို့ ၁၂၀ မမ အမြောက်များဖြင့် ၅ ကြိမ် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

၎င်းအစိုးရတပ်သည် နေ့ညအချိန်အခါမရွေး ၄င်းတို့ ထင်ရာမြင်ရာများသို့ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်လျက်ရှိနေကြောင်း KIA တပ်ဖွဲ့ဝင်များပြောသည်။
“အချို့က ဒုက္ခသည်စခန်းကနေ စပါးရိတ်ဖို့ ရွာပြန်လာတယ်။ အစိုးရတပ်က နေ့စဉ်လို ရမ်းတန်းပြီး ပစ်တယ်ဆိုတော့ စိုးရိမ်နေရတယ်။” ဟု ဒေသခံတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
မြစ်ကြီးနား-ဗန်းမော်လမ်း ရှန်တွမ်ဘွမ် (Shan Tum Bum) စခန်း အင်အား ၂၀ ကျော်ရှိသည့် မြန်မာအစိုးရတပ် ခလရ ၁၄၂ အနီးသို့ အောက်တိုဘာလ၂၄ ရက် နေ့လည်တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ (၅) အောက် တပ်ရင်း (၂၄) မှ မိုင်းထောင်၍တိုက်ခိုက်ရာ အစိုးရတပ်မှ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း မျက်မြင်တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
ထိုအစိုးရတပ်သည် ၎င်းတို့၏တပ်ရင်းအနီးနေရာသို့ လှုပ်ရှားနေစဉ် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိသည့် တပ်သားများကို ၎င်းတို့၏ နမ်လန် (Num Lang) တပ်ရင်း ခမရ ၄၃၈ သို့ အောက်တိုဘာ၂၇ ရက် ညအချိန်တွင် ပို့ဆောင်ခဲ့ကြောင်းသိရသည်။
နှစ်ဖက်တပ်ဖွဲ့များ တိုက်ပွဲအဆက်မပြတ်ဖြစ်ပွားနေသော်လည်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ သည် နှစ်ဖက်ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် တွေ့ဆုံဆွေးနွေးမှုကို မကြာမီ တရုတ်ပြည် ရွှေလီတွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ရွှေည၀ါဆရာတော် အရှင်ပညာသီဟက လက်ရှိရခိုင်ပြည်နယ် အရေးအခင်းအပေါ် သဘောထားပြော

Sunday, October 21, 2012

အမေရိကန် ရဟတ်ယာဉ်နှစ်စင်း တာလီဘန်တို့ပစ်ချ




အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ပါတီကာပြည်နယ်ရှိ အမေရိကန်စခန်းအတွင်း ဆင်းသက်သည့် အမေရိကန် ရဟတ်ယာဉ်နှစ်စင်းကို သူတို့ပစ်ချလိုက်ကြောင်း တာလီဘန်တို့က ပြောကြားသည်။ ပါတီကာပြည်နယ် ဇာမက်ခရိုင် ကင်းစခန်းကို ကားဗုံးခွဲ တိုက်ခိုက်သဖြင့် အောက်တိုဘာ ၁၇ ရက် အစောပိုင်းက ဒဏ်ရာရသူများကို တပ်စခန်းသို့ သယ်ဆောင်လာသည့် ရဟတ်ယာဉ်များ ဆင်းသက်ရန် ပြင်ဆင်နေစဉ် တာလီဘန်တို့က ပစ်ချခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုတွင် အာဖဂန်နစ္စတန်နှင့် အမေရိကန် တပ်ဖွဲ့ဝင်အ မျာအးပြား ဒဏ်ရာရရှိသွားကြောင်း သတင်းများတွင် ဖော်ပြပါရှိသည်။ (အင်တာနက်)

Tuesday, October 16, 2012

တရုတ် ချီကုန်းအတွင်းအားအစွမ်း

ကျွန်တော်တို့ ငယ်ငယ်တုံးက ဖတ်ရတဲ့ တရုတ်သိုင်းဝတ္တု၊ ကြည့် ခဲ့ ရတဲ့ တရုတ်သိုင်းကားတွေထဲ
မှာ အတွင်းအားချင်းပြိုင်ကြတာ၊ အတွင်းအားသုံးပြီး ကျောက်တောင်တွေ၊ အဆောက်အဦးကြီး
တွေကို ဖျက်ဆီးဖြိုချပစ်ကြတာတွေကို ဖတ်ရှု၊ ကြည့် ရှုခဲ့ ဖူးပါတယ်...
အခုတော့ အဲဒီလိုအတွင်းအား ဆိုတာချီကုန်းကျင့် စဉ်နဲ့ တစ်ကယ်ကျင့် ယူလို့ ရတယ်ဆိုတာဒီဗီဒီယိုကလစ်က သက်သေပါပဲ...
ကျင့် တဲ့ နှစ်ကာလရှည်လျားမှုပေါ်မူတည်ပြီး စွမ်းအားလည်းပိုမိုမြင့် လာမယ့် သဘောပါပဲ...
 

ဆက်လက်ကြည့် ရှုနိုင်သည့် ချီကုန်းဆရာကြီး၏ ရင်သပ်ရှုမောဖွယ်စွမ်းအားကလစ် လင့် ခ်....
http://www.youtube.com/watch?v=Nh1LatEdDh0

Land Confiscation in Karen State

Saturday, October 13, 2012

Dateline Irrawaddy

ABSDF မြောက်ပိုင်း မှတ်တမ်းဗီဒီယိုအပိုင်းအစ(ရုပ်/သံ) ဘာသာပြန်

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ABSDF ကျောင်းသားတပ်မတော်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားအချင်းချင်းပြန်လည် ဖမ်းဆည်းမှုကို ထိုစဉ်က ကျောင်းသားစခန်းသို့ ရောက်ရှိနေသာ ဂျပန်သတင်းထောက်တစ်ဦးရဲ့ မှတ်တမ်းဗီဒီယို ဖြစ်ပါသည်။

Video.. မင်းမင်း လတ် ကချင်ဒေသ Kioထိန်းချုပ်ထားတဲ့နေရာကို မြန်မာပြည်မှ ဒီမိုကရေစီအရေးလှုပ်ရှားသူများ မြောက်များလှစွာသော ကျောင်းသားများဟာ ပေါင်းစည်းရောက်ရှိလာကြပါတယ်..

တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများထဲမှာ အင်အားတောင့်တင်းတဲ့ မြန်မာစစ်တပ်နဲ့ ဆန့်ကျင်တိုက်ပွဲဖြစ်နေတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်ဌာနေမြေထဲမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူကျောင်းသားများ ၈၀၀ခန့် နေထိုင်ခဲ့ပါတယ် မနက်၅နာရီဆိုရင် အားလုံး အိပ်ယာထပြီး စစ်ရေးလေ့ကျင့်နေခဲ့ပါတယ်..အဲဒီအချိန်မှာဘဲ စစ်အစိုးရဘက်က သူလျှိုဆိုပြီး ဖမ်းထားတဲ့ သူတွေကို အပြင်ထုတ်လိုက်ပါတယ်..

သူတို့တွေဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူကျောင်းသားများထဲမှာ ရောနှောပါဝင်နေတဲ့ စစ်အစိုးရရဲ့ သူလျှိုတွေ..ပါဂျောင်ဒေသမှာ ပြီးခဲ့တဲ့နှစ်က သူလျှိုအယောက် ၈၀လောက်လွှတ်ခဲ့ပါတယ်။။ အဲဒီအယောက် ၈၀ထဲမှ ၁၅ ယောက်ဟာ ဒီနေရာကို မလာခင်မှာ အဖမ်းခံခဲ့ရတာပါ..ကျနော်တို့လို သူလျှိုတွေ စစ်အစိုးရက အများကြီးလွှတ်ထားပါတယ်..တချို့ကတော့ စစ်အစိုးရက အတင်းအကြပ်ခိုင်းလို့၊တချို့ကတော့ငွေပေးလို့ သူလျှိုလုပ်ခဲ့ရပါတယ်..တခြားနေရာတွေမှာလည့်း  သူလျှိုတွေအများကြီးလွှတ်ထားပါတယ်

အဲဒီအချိန်အခါတုန်း ရော်နယ်အောင်နိုင်ပြောသွားတာကတော့ မြန်မာအစိုးရက ဂျပန်အစိုးရထံမှ ကူညီငွေအထောက်အပံအများကြီးရနေပါတယ်..အဲဒီငွေတွေဟာ ဂျပန်နိုင်ငံသားတွေရဲ့ အခွန်ပေးဆောင်ထားတဲ့ငွေတွေပါ..အဲဒီငွေတွေနဲ့ စစ်အစိုးရက မြန်မာပြည်သူတွေကို သတ်နေပါတယ်.ဒီဟာက ဂျပန်ပြည်သူတွေက မြန်မာနိုင်ငံသားတွေအပေါ် နှိပ်စက်နေတာနဲ့ တူတူပါဘဲ..ကျနော်တို့ဟာ ဂျပန်ပြည်သူပြည်သားတွေကို တောင်းဆိုချင်တာကတော့ မြန်မာစစ်အစိုးရ ကိုထောက်ပံနေတာတွေ လုံးဝရပ်တန့်သွားအောင် ဂျပန်အစိုးရထံ ဖိအားပေးတောင်းဆိုဖို့ပြောချင်ပါတယ် (ရော်နယ်အောင်နိုင်)

ဘာသာပြန်။။ ကိုထွဋ်