Friday, August 24, 2012
စော့ပိုင်ရဲ့ လေဖိအားမျိုးနဲ့ဆိုရင် တစ်နာရီ မိုင်(70) နှုန်းမောင်းနိုင် မယ်ထင်တယ်
  လေစွမ်းအားဖြင့် မောင်းနှင်နိုင်မည့် ကား... 
 အသက် ၇၀ အရွယ်ရှိ လေကြောင်းသိပ္ပံအင်ဂျင်နီယာပညာရှင် ဂိုင်းနေဂါ ဆိုသူ
က အဲယားပေါ့ ဒ် ဟုခေါ်သည့် လေဖိအားဖြင့် မောင်းနှင်သည့် လောင်စာဆီအစားထိုးမော်တော်
ကားတစ်မျိုးတီထွင်ခဲ့ ပါတယ်...
ယခုအခါထိုမော်တော်ယာဉ်မျိုး အမြောက်အများထုတ်လုပ်နိုင်ရန် ၎င်း၏ကုမ္ပဏီ ( MDI ) ဟာ
အိန္ဒိယနိုင်ငံမှ ကမ္ဘာကျော် မော်တော်ကားကုမ္ပဏီကြီးတစ်ခုဖြစ်သည့် တာတာမော်တော်ကုမ္ပဏီ
နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ ပါတယ်...
တစ်စီးလျှင် ဒေါ်လာ ၅၀၀၀ ဖြင့် တစ်နာရီလျှင် ၄၃မိုင်( ၇၀ ကီလိုမီတာ) မှ ၂၈ မိုင်( ၄၅ ကီလိုမီ
တာ ) အထိ မောင်းနှင်နိုင်မည့် မော်တော်ယာဉ်များထုတ်လုပ်ရောင်းချမှဖြစ်ပါတယ်...
ထိုလေဖိအားသုံးစနစ်ဖြင့် ( လေဖြင့် မောင်းနှင်နိုင်မည့် ) အသုံးပြုမောင်းနှင်မည့် ကားများအား
အကွာအဝေး ၁၀၀ ကီလိုမီတာ ( ၆၂ မိုင်) အထိဆက်တိုက်မောင်းနှင်နိုင်ပြီး ပြန်လည်အားဖြည့် 
( ကားဘီးမဟုတ်တဲ့ လေထိုး ) ရန် ၁ မိနစ်သာကြာမြင့် မှာဖြစ်ပါတယ်...
အဖြစ် လေဆိပ်များ စသည့် နေရာများတွင် အသုံးပြုသွားမှာဖြစ်ပါတယ်...
လွန်ခဲ့ သည့် လကလည်းပါကစ္စတန်နိုင်ငံမှပညာရှင်တစ်ဦးက ရေထည့် ပြီးမောင်းနှင်နိုင်သည့် 
ကားတစ်မျိုးတီထွင်နိုင်ခဲ့ ပြီလို့ ကြေငြာခဲ့ လို့ ယူအေအီးနိုင်ငံက လာရောက်စမ်းသပ်ပြပေးဖို့ ဖိတ်
ခေါ်ခဲ့ တဲ့ သတင်းလည်းပေါ်ထွက်ခဲ့ ပါတယ်...
လေထိုးလေလျော်တဲ့ ခေတ်မဟုတ်တော့ ပဲ အမှန်အကန်မောင်းနှင်နိုင်တဲ့ ခေတ်မို့ ဝမ်းသာစ
ရာပါပဲ....
AirPod – a Possible Alternative to Fuel Cars
Sunday, August 5, 2012
အင်္ဂါဂြိုလ်ပေါ်သို့ ဆင်းသက်တော့မည့် Curiosity
          နာဆာရဲ့ ၂၀၁၁ နိုဝင်ဘာ ၂၆ ရက်နေ့မှာ လွှတ်တင်လိုက်တဲ့ အင်္ဂါဂြိုလ်စူးစမ်းရေး ယာဉ် Curiosity ကတော့ မနက်ဖြန် (သြဂုတ်လ ၆ ရက်နေ့) ဂင်းနစ်စံတော်ချိန်၀၅၃၁ အချိန်မှာ အင်္ဂါဂြိုလ်ပေါ်ကို ဆင်းသက်တော့မှာ ဖြစ်ပါတယ်  ဒီလို ဆင်းသက်မယ့် မြင်ကွင်းကိုတော့ နယူးယော့ခ်မြို့က Times Square မှာ တိုက်ရိုက်ထုတ်လွှင့်ပြသ သွားပါဦးမတဲ့။  အရင်တုန်းက လွှတ်တင်ခဲ့တဲ့ Spirit နဲ့ Opportunity တို့ပြီးရင်တော့ Curiosity ဟာ ခေတ်အမှီဆုံး အင်္ဂါဂြိုလ်စူးစမ်းရေး ယာဉ်ဖြစ်ပါသတဲ့။  အလေးချိန် ၁ တန်နီးပါရှိတဲ့ (၈၉၉ ကီလိုဂရမ်) ဒီယာဉ်ငယ်ဟာ သူ့နောင်တော် ယာဉ်ငယ်တွေဖြစ်တဲ့ Spirit, Opportunity တို့ထက် ပိုမိုကြီးမားပါတယ်။  အင်္ဂါဂြိုလ်ပေါ်ရောက်ရင်တော့ ဒီယာဉ်ငယ်လေးဟာ တစ်နာရီကို ပျမ်းမျှ ၃၀ မီလာလောက် ရွှေ့လျှားနိုင်ပါသတဲ့။  ဒီယာဉ်ငယ်လေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အင်္ဂါဂြိုလ်ပေါ်မှာ သက်ရှိတွေ ရှိခဲ့ဖူးသလား ဆိုတာကို စူးစမ်းဖို့၊ အင်္ဂါဂြိုလ်ရဲ့ ရာသီဥတု၊ ဘူမိဗေဒ စသည်တို့ကို လေ့လာဖို့ ဖြစ်ပါတယ်။  နောက်ပြီးတော့ အင်္ဂါဂြိုလ်ပေါ်ကို လူသားတွေ စေလွှတ်နိုင်ဖို့အတွက်လည်း အထောက်အကူပြုစေဖို့ စီမံကိန်းရေးဆွဲနိုင်ဖို့ ရည်ရွယ်ပါသတဲ့။