Wednesday, May 30, 2012
အမေရိကန်ရောက် ကရင်လူငယ် ၃ဦး အစိုးရ၏ပညာတော်သင်ဆုရရှိ
မေလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
အမေရိကန်နိုင်ငံ၊ နယူးယော့ခ်ပြည်နယ် ဘတ်ဖလိုမြို့တွင် နေထိုင်သည့် ကရင်လူငယ် ၃ဦး အမေရိကန်အစိုးရမှ ပေးအပ်ချီးမြှင့်သည့် ၂၀၁၂ခုနှစ်အတွက် ပညာတော်သင်ဆု(Scholastic Achievement Recognition)ကို လက်ခံရရှိခဲ့သည်။
ယခုနှစ်အတွက် ပညာတော်သင်ဆု(စကောလားရှစ်ပ်)ကို ဘတ်ဖလိုမြို့ရှိ ကျောင်းသူကျောင်းသား ၂၄၆ဦးအား ရွေးချယ်ပေးအပ်ခဲ့သည့် အထဲတွင် အထက်တန်းကျောင်းကို ထူးချွန်စွာ အောင်မြင်ခဲ့သည့် နော်အယ်စေးထူး ၂၀နှစ်၊ စောဝင်းကိုဟန် ၁၈နှစ်နှင့် နော်မိုရင်းဒါသွယ် ၂၁နှစ်တို့လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။
Lafayette High School အထက်တန်းကျောင်းတွင် ဘာသာစုံ၌ အမှတ်အများဆုံး ရရှိခဲ့သူ နော်မိုရင်းဒါသွယ်က “မျှော်လင့်မထားဘဲ အခုလို ပညာသင်ဆုရတော့ ၀မ်းသာတယ်။ သူများနိုင်ငံသားတွေကြားမှာမို့ ဂုဏ်လည်းယူတယ်။ တချိန်မှာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ ကိုယ့်တိုင်းပြည်အတွက် ပြန်လုပ်ကိုင်ပေးမယ်လို့ စိတ်ကူးရှိပါတယ်”ဟု ပြောသည်။
သူမအနေဖြင့် Business and Accounting ဘာသာရပ်ဖြင့် Houghton College ကျောင်းတွင် ပညာဆက်လက်သင်ကြားရန် ရည်ရွယ် ထားသည်ဟုလည်း ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ကရင်လူငယ်သုံးဦးသည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်းများမှ တတိယနိုင်ငံ အစီအစဉ်ဖြင့် ၂၀၀၈ခု နှစ်က အမေရိကန်နိုင်ငံသို့ ရောက်ရှိလာကြသူများ ဖြစ်သည်။
ကျောင်းစာအပြင် အားကစားပါ ထူးချွန်သူ စောဝင်းကိုဟန်က “ကျနော်အခုလို ပညာသင်ဆုရတာ ၀မ်းသာတယ်။ မြန်မာပြည်မှာ စာမကြိုး စားခဲ့ပေမဲ့ ယူအက်စ်ရောက်တော့ မကြိုးစားရင် အနှိမ်ခံရတယ်။
 အပြိုင်အဆိုင်တွေလည်း ရှိလာတော့ ကြိုးစားရင်း အခုလို အစိုးရက ထောက်ပံ့ဆုကို ရရှိတာပါပဲ။ ကျနော်က Fashion designer and business ကို အဓိကထားပြီး Billamariar college မှာ ဆက်တက် သွားမှာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
Errie Community College-ECC တက်ရန် ရည်ရွယ်ထားသည့် နော်အဲ့စေးထူးက “ကျမရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဆရာဆရာမတွေ စကားကို နားထောင်တဲ့အပေါ် ဒီပညာသင်ဆုကို ရတာပါ။ Business လိုင်းကို ကျမ ဆက်တက်မယ်။ အခု ဘတ်ဖလိုကိုရောက်နေတဲ့ ကရင်လူမှုအသိုင်းအ၀ိုင်းအတွက် စီးပွားရေးလုပ်ငန်းထူထောင်ချင်လို့ပါ”ဟု ပြောဆိုသည်။
ဘတ်ဖလိုမြို့ Buffalo Niagara Marriott in Amherst တွင် ယခုနှစ်အတွက် ပေးအပ်သည့် ၃၂ကြိမ်မြောက် အဆိုပါပညာသင်ဆုတံဆိပ် နှင့်အတူ ကောလိပ်ကျောင်းဆက်တက်ရန် လေးနှစ်စာ ပညာသင်စရိတ် ဒေါ်လာ ၈သောင်းကို အမေရိကန်အစိုးရမှ ဆုရရှိသူ ကျောင်းသူ ကျောင်းသားများအား မေလ ၁၇ရက်နေ့က ပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံသား ၆၀၀၀ကျော်ရှိသည့် အမေရိကန်နိုင်ငံ၊ ဘတ်ဖလိုမြို့တွင် ယခုနှစ်အတွက် ၎င်းကရင်လူငယ် ၃ဦးအပြင် ချင်းလူငယ်တစ် ဦး စုစုပေါင်း မြန်မာလူငယ် ၄ဦး ပညာတော်သင်ဆု လက်ခံရရှိခဲ့ခြင်းဖြစ်သည်။
Monday, May 28, 2012
အချင်းချင်း မပစ်ခတ်ကြရန်နှင့် အလံ တခုတည်း အသုံးပြုသွားရန် ကရင်လက်နက်ကိုင် အဖွဲ့ သဘောတူညီမှု ရရှိ
ကရင်လက်နက်ကိုင် အဖွဲ့ အချင်းချင်း အပြန်အလှန် မပစ်ခတ်ကြရန်နှင့် လက်ရှိ အသုံးပြုနေကြသည့် ကရင် အမျိုးသား အလံတော်ကို တခုတည်း အားလုံး အသုံးပြုသွားရန်  ယမန်နေ့က သဘောတူညီမှု တခု ရရှိလိုက်ပြီ ဖြစ်သည်ဟု သိရှိရသည်။.
ယမန်နေ့ မေလ ၂၈ရက်နေ့က ကျင်းပပြုလုပ်သည့် ကရင်လက်နက်ကိုင် အဖွဲ့များ၏ တွေ့ဆုံဆွေးနွေးပွဲတွင် ယခုလို သဘောတူညီချက်  ရရှိလိုက်ခြင်း ဖြစ်ဖြစ်သည်ဟု တွေ့ဆုံ ဆွေးနွေးပွဲ စီစဉ်သူ တဦး၏ အဆိုအရ သိရသည်။
ထို့အပြင် အခြား အမျိုးသားရေးအတွက် အရေးကြီးသည့် ဆုံးဖြတ်ချက် များကိုလည်း ချမှတ်နိုင်ခဲ့ပြီး အဆိုပါ  အစည်းအဝေးအပေါ် အားရ ကျေနပ်မှု ရှိသည်ဟုလည်း အမည် မဖော်လိုသည့် အဆိုပါ ပွဲ စီစဉ်သူတဦးက ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲကို ဗုဒ္ဓဘာသာ ရဟန်းတော် ဦးဝိဇန(ရမ်ဘိုဘုန်းကြီး)၊ ခရစ်ယာန်သိက္ခာတော်ရ ဆရာ စောရောဘတ်ထွေး အပါအ၀င် အခြားကရင် ခေါင်းဆောင်တို့မှ ကမကထ ပြုလုပ်ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲသို့ ကေအဲန်ယူ၊ ကလိုထူးဘော ကရင်အစည်းအရုံးနှင့် ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင်အဖွဲ့တို့ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။
အခြားအသေးစိတ် အချက်အလက်များကိုလည်း ဆက်လက်တင်ဆက်သွားပါမည်။
တြိဂံတိုင်းစစ်တိုင်းမှူး ရာထူးမှ ဖယ်ရှားခံရ
သျှမ်းပြည် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အခြေစိုက် တြိဂံ တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထွန်းဦးကို ယခုလ ၈ ရက်နေ့ ကလာဘ်စားမှုဖြင့် ရာထူးမှဖယ်ရှားလိုက် ပြီး ၎င်း နေရာတွင် အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုး သိမ်းဖြင့် အစားထိုးခန့် အပ်လိုက် ကြောင်းသိရသည်။
ယခုအခါ မြန်မာစစ်တပ်မှ အခြားထိပ်တန်းအရာရှိ ၄ ဦးလည်း ရာထူးမှ ဖယ်ရှားခံထားရပြီး လစ်လပ်သွား သော နေရာများ ၌ လူစားထိုးနိုင်ခြင်း မရှိသေးကြောင်း တရုတ်နယ်စပ် စစ်ရေးလေ့လာသူ ဦးအာင်ကျော် ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
 “အကုန်လုံးက လာဘ်စားမှုတွေနဲ့ချည်းပဲ ကစထမှူး ၆ ယောက်ရှိတဲ့ အထဲက အခုနှစ်ယောက်ပဲကျန်တော့ တယ် တိုင်းမှူး ထဲက တြိဂံတိုင်းမှူးက ပြုတ်သွားပြီ သူ့နေရာကို အနောက်တောင်တိုင်း တိုင်းမှူးဗိုလ်မှူးချုပ်စိုး သိမ်းသွား တယ် ” ဟု သူ က ဆိုသည်။
လတ်တလော ကစထမှူး ၄ နေရာနှင့် တောင်ပိုင်းတိုင်း ၊ ကမ်းရိုးတန်းတိုင်းနှင့် အနောက်တောင်တိုင်းစစ်ဋ္ဌာန ချုပ် တိုင်းမှူး နေရာများ လစ်လပ်နေကြောင်း သိရသည်။
“အနောက်တောင်တိုင်းရယ် ဗိုလ်ချုပ်မျိုးသန်းရဲ့ တောင်ပိုင်းတိုင်းရယ် တိုင်းမှူး ခင်မောင်ဌေးကို ခေါ်စစ်နေ တော့ ကမ်းရိုး တန်းတိုင်းရယ် လွတ်နေတယ် (ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့မှူး) ကစထမှူး ၄ နေရာလည်း လွတ်နေတယ်” ဟု သူက ဆက်ပြော သည်။
ကာကွယ်ရေး ဦးစီးချုပ်သစ် ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် လက်ထက် ယခုထိပ်တန်းစစ်အရာရှိများအား ရာထူးမှ ဖယ်ရှားမှုသည် ယခင် နအဖစစ်အစိုးရလက်ထက် ဗိုလ်ချုပ်ထွန်းကြည် ၊ ဗိုလ်ချုပ်ကျော်ဘနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့အုပ်စုများအား ရာထူးမှဖယ်ရှားခဲ့ပြီး နောက်ပိုင်း အကြီးမားဆုံး ဖြစ်သည်။
Sunday, May 27, 2012
န.အ.ဖ ခေါင်းဆောင် မောင်အေး သတင်း
န.အ.ဖ ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုတိယ
ဗိုလ်ချုပ်မှူးကြီး မောင်အေး နေအိမ်မှာ အကျယ်ချုပ်အဖြစ်
လောလောဆယ် အချုပ်ခံနေရကြောင်း အာဏာရှင် စောင့်
ကြည့်လေ့လာရေးအဖွဲ့ စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒီသတင်းနဲ့ ပက်သက်ပြီး သတင်းမီဒီယာတွေမှာ မတွေ့ရ
သေးပါဘူး။ http://www.dictatorwatch.org/
အရက် အသောက်လွန်းလို့ မှူးပြီး လဲနေသလား ...
၂၀၁၀ ရွေးကောက်ပွဲအတွက် အာဏာ ထိန်းချုပ်ခြင်း ခံရသလား ...
“အာဏာရှိတုန်း ရသမျှ ခိုးကြဟေ့ ယူကြဟေ့” ဆိုသော စစ်အာဏာ
ရှင်စနစ်သုံး ဖော်မြူလာအောက်တွင် မြန်မာပြည်သည်
နေ့စဉ် မုန်တိုင်း တိုက်ခတ်နေသလို ပြောင်သလင်းခါလျက် ...
                                                                                                               -စစ်ငြိမ်းဒီရေ
Saturday, May 26, 2012
ကမ္ဘာပေါ်မှာ အလှဆုံးနေရာလေးတစ်ခု၊ သွားလည်ဖို့  အကောင်းဆုံးနေရာလေးတစ်ခု....
အဲဒီနေရာလေးကတော့ နော်ဝေးနိုင်ငံမှာတည်ရှိတဲ့ အလွန်အင်မတန်မှကိုသာယာလှပတဲ့ 
The Geirangerfjord ဆိုတဲ့ နေရာဖြစ်ပါတယ်...
အမွေအနှစ်နေရာအဖြစ်သတ်မှတ်ထားတဲ့ စာရင်းထဲမှာ ပါဝင်ခဲ့ ပါတယ်...
နေရာတစ်ခုဖြစ်ပါတယ်... နှစ်စဉ် ခရီးသည်တင်ဇိမ်ခံသင်္ဘောကြီးပေါင်း ၁၅၀ မှ ၂၀၀ အတွင်း
လာရောက်ပြီး ခရီးသည်ပေါင်း ၇ သိန်းကျော် လာရောက်လည်ပါတ်ကြပါတယ်...
ထိုနေရာဒေသဟာ ၉.၃ မိုင်ရှည်လျားတဲ့ ကမ်းခြေရှိပြီး ရေအနက်ကလည်း ၆.၀၀ မီတာ၊
၁၉ ပေရှိပါတယ်...
သာယာလှတဲ့ နေရာလေးမို့ ချစ်သူ၊ ကြင်သူများအတွက်တော့ စိတ်ကူးယဉ်ဆန်ချင်စရာ
အကောင်းဆုံးဖြစ်နေမှာ အသေအချာပါပဲ...
ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းများနဲ့ မို့ ကမ္ဘာ့ အလှဆုံးနေရာတစ်ခုဆိုလည်းမမှားဘူးပေါ့ ...
Monday, May 21, 2012
ကွက်ကြားမိုး
ကွက်ကြားမိုး
(လင်္ကာဒီပ)
ညီလေးရေ…..
ယမ်းသံဆိတ် ကွက်ကြားမိုးရွာနေတာက
စေတနာမမှန်တဲ့အထာ
သာယာမယ့် ငြိမ်းချမ်းရေးလမ်း
ပန်းတိုင်အစစ်အမှန်မဟုတ်ဘူး
အရူးထ အသွင်ကူးပြောင်းပုံရိပ်များ
မှုန်ဝါးဝါး ရေးရေးထင်
ရင်ခွင်မသစ် ရင်ခွင်မစစ်
ကျွန်ဖြစ် နွံနစ်မယ့် တံလျပ်များပေပေါ့။
ညီလေး…ဝေးဝေးမတွေးနဲ့အုံး
တုံးတိုက်တိုက် ကျားကိုက်ကိုက် တော်လှန်မယ်ဆိုတဲ့
မာကျောတဲ့သံမဏိတွေ အရည်ပျော်တဲ့ညမှာ
အားငယ်ကာ ဝမ်းနည်းနေပြီလား
ထမင်းစားတဲ့နင်းပြား
ဆင်းရဲသားအခြေခံလူတန်းစားအတွက်
မင်း…. ဆက်လက်ရပ်တည်ပေးရအုံးမယ်။
ညီလေးရေ…ဝေးဝေးမပြေးပါနဲ့အုံး
ဆုံးခန်းမတိုင်သေးတဲ့ခရီးမှာ
သာယာစားလူတစု
ဖွံ့ဖြိုးမှုပြုချင်သူတွေကြောင့်
လူထုရဲ့ဒုက္ခဆင်းရဲခြင်း
မကင်းပျောက်နိုင်ဘူးဆိုတာ
မင်း…. ကောင်းကောင်းသိမှာပါ ညီလေး။
ညီလေးရေ…“အစကောင်းမှ အနှောင်းသေချာ”
ခေါင်းမပါတဲ့ အပေါင်းအပါလက်သစ်
ဈေးမဆစ်ခင်က အလကားပေးလိုက်ရပါသကော
အပေါစားဆန်လိုက်တဲ့လုပ်ရပ်တွေ
တို့ကို ရောင်းစားဖို့ ကြံရွယ်လိုက်တဲ့ တရားခံတွေပေါ့။
ညီလေးရေ…
စာရွက်ပေါ်ကမူ စကားလုံးနဲ့မူ
လက်တွေ့မပါတဲ့မူ
ပြီးတော့ မူ….မူ….မူ
မူအားဖြင့် ယာယီဆိုတာ
မသေချာ မရေရာသေးတဲ့ ဥပဒေတခု
သွေးနုနု သားနုနု
အတုအပ သူယောင်မယ်လေးပေါ့။
ညီလေးရေ…. အလိမ်ခံရမယ်ဆိုတာ
သင်ခန်းစာသိနေသား ရှိနေသားနဲ့ရယ်
ယုံလွယ်လို့ ညာခံခဲ့တယ်
ညံ့တယ်ဆိုတာ ဝန်ခံရဲရင်
ပြင်ဆင်ဖို့အချိန်တွေ မနှောင်းသေးပါ
ဆီပါဆွတ်ပေးချင်နေတဲ့
သူတို့ရဲ့လက်တွေကိုလေ
ညီလေးရေ…တည့်မတ်ကာ ပြောင်းလဲပစ်လိုက်ကြပါစို့။
မေလ ၂၀ရက်၊ ၂၀၁၂ခုနှစ်။
လင်္ကာဒီပသည် ကေအိုင်စီ၏ပင်တိုင်ကဗျာရေးသားသူဖြစ်သည်။
Thursday, May 17, 2012
မိန်းကလေး အစစ်လေလား
တကယ်တော့ သူက စက်ရုပ်မလေး Geminoid F ပါ ။ သူက စကားလည်း ပြောတတ်သလို သီချင်းလည်း ဆိုတတ်ပါ တယ်။ သူများအသံတွေကိုလည်း လိုက်လုပ်တတ်ပါသေးတယ်။
ပြုံးကာ၊ ရယ်ကာနဲ့လည်း မျက်နှာ အမူအရာပေါင်း ၆၅ မျိုးကိုလည်း လုပ်တတ်ပါတယ်။ တကယ့်လူသားလေး လို အရမ်းတူနေတာကြောင့် သူ့ကို သက်ရှိ အရုပ်လေးလို့လည်း တင်စားထားပါတယ်။
ဟောင်ကောင်မှာ ကျင်းပတဲ့ Hong Kong's "Robots in Motion 2012" Expo မှာ ပြသမိတ်ဆက်ထား တာလည်း ဖြစ်ပါတယ်။ ဂျပန်သီချင်းလည်း သူက ဆိုပြပြီး ပရိတ်သတ်ကိုလည်း ပြုံးရွှင်ဖော်ရွေစွာနဲ့ နှုတ်ဆက်ပါ တယ်တဲ့။
သူ့အသားအရေကတော့ အလွန်နူးညံ့တဲ့ ရော်ဘာနဲ့ လုပ်ထားတာဖြစ်ပြီး စက်ယန္တရားနဲ့ သူ့ကို တီထွင်ခံထားရပေ မယ့် သူ့ ရည်မှန်းချက်ကို သူက ပြောတာကတော့ သိပ်ထူးဆန်းပါတယ်။
သူဟာ တကယ့် လူအစစ်တွေလို့ ထင်အောင် အထိ စက်ရုပ်တွေကို ဖန်တီးဖို့ ရည်မှန်းထားပါတယ်တဲ့။
သူ့ကို Osaka University ဆိုတဲ့ တက္ကသိုလ်ကြီးက စက်ရုပ် ဖန်တီးသူ Hiroshi Ishiguro ထုပ်လုပ်ခဲ့တာပါ။သူ့ရဲ့ တန်ဘိုးကတော့ အမေရိကန် ဒေါ်လာ ၁ သိန်း ၁ သောင်း ပဲ ရှိတာကြောင့်
ဈေးလည်း ချိုပါတယ်တဲ့။
သူ့ကို ဖန်တီးခဲ့တဲ့ ပရော်ဖက်ဆာ Prof Ishiguro ကတော့ တနေ့နေ့ တချိန်ချိန်မှာ လူတွေက စက်ရုပ်တွေကို တကယ့် လူအစစ်တွေလို့ ယုံကြည်လာစေရမယ်လို့ ဆိုထားပါတယ်။
သူကတော့ စက်ရုပ်ကို လူအဖြစ် ထင်မှတ်မှားလာအောင် ဖန်တီးတာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ လူစင်စစ်တွေ ကို စက်ရုပ်တွေအဖြစ် မြင်တွေ့နေရတာ ဖြစ်ပါတယ်။
ခေါ်ရင်လာ၊ ခိုင်းတာလုပ်၊ ခံမပြောတဲ့ စက်ရုပ်တွေ မြန်မာ့ လူ့ အဖွဲ့အစည်းထဲက အစိုးရ ၀န်ထမ်းတွေထဲမှာ တွေ့နိုင်ပါတယ်။
ထိုင်းသတင်းလောကမှာ ကျော်ကြားနေဆဲ ဗိုလ်နှုတ်ခမ်းမွေး
အခုတလော ထိုင်းသတင်းလောကမှာ အထင်ရှားဆုံး News Maker ကတော့ မြန်မာနိုင်ငံက ဗိုလ်နှုတ်ခမ်းမွေးပါ။ မနေ့ည ကလည်း Thai PBS ရုပ်သံမှာ မြန်မာ့အရေးကျွမ်းကျင်သူ သာမစပ် တက္ကသိုလ်က ပညာရှင် ၂ ယောက်နဲ့သတင်းထောက် က ဗိုလ်နှုတ်ခမ်းမွေးအကြောင်းနဲ့ မြန်မာဘက်ခြမ်းက လက်နက်ကိုင်တွေနဲ့ မူးရစ်ဆေးကိစ္စတွေအကြောင်း ဆွေးနွေးပြော ဆိုသွားပါတယ်။
သူတို့ဆွေးနွေးချက်တွေက ထိုင်းနိုင်ငံ ပရိတ်သတ်တွေအကြား စိတ်ဝင်စားမှု အများကြီးရှိတယ်လို့ သိရပါတယ်။ သူတို့က DKBA ဆိုတာ နယ်စပ်မှာ ရှိတဲ့ KNU ထဲကနေ ဗုဒ္ဓဘာသာဝင်များ ခွဲထွက်လာတဲ့အကြောင်း ၊ ဒီကတဆင့် ကလို့ထူးဘော အဖွဲ့ဆိုတာ ထပ်ပြီး ကွဲထွက်လာတဲ့ အကြောင်းတွေလည်း ဆွေးနွေးပြခဲ့ပါတယ်။
ဆွေးနွေးပွဲမှာတော့ ဗိုလ်နှုတ်ခမ်းမွေးက အဓိက ဇာတ်ဆောင်နေရာမှာ ဖြစ်နေတာပါဘဲ။
အထူးသဖြင့်ဆွေးနွေးချက်တွေထဲမှာ
မြန်မာနယ်စပ်မှာ အခြေဆိုက် လှုပ်ရှားနေကြတဲ့ လက်နက်ကိုင် အဖွဲ့တိုင်းလိုလိုဟာ မူးရစ်ဆေးလုပ်ငန်းနဲ့ တိုက်ရိုက် မလုပ်တာတောင်မှ ဂိတ်တွေကို ဖြတ်သန်းသွားတဲ့ အတွက် ဖြတ်သန်းခွန်ခ ယူပြီး ပတ်သက် နေတာတွေလည်း သူတို့က ထောက်ပြဆွေးနွေးထားတာပါ။
သူတို့က ဒု ၀န်ကြီးချုပ် ချလိန်ကို အပြစ်တင်တဲ့လေသံတွေနဲ့ ဆွေးနွေးသွားတာလည်း ဖြစ်ပါတယ်။ ဒီလို မြန်မာဘက်က လက်နက်ကို်င် အဖွဲ့တွေ အများကြီးရှိတဲ့ အထဲက အားလုံးနီးပါးက တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်လို့ဖြစ်ဖြစ် မူးရစ်ဆေးလုပ် ငန်းနဲ့ ပတ်သက်တာကို သိသိကြီးနဲ့ ဗိုလ်နှုတ်ခမ်းမွှေး တယောက်ထဲကို ဆွဲထုတ်ပြီး ဖမ်းဝရမ်းတွေ ထုတ်တာ မှားယွင်းတဲ့ ဗျူဟာ ဆိုတာထောက်ပြဆွေးနွေးသွားပါတယ်။
ဝ တို့လို၊ ကိုးကန့်တို့လို မူးရစ်ဆေးကို ကိုယ်တိုင်ထုတ်နေတဲ့ မြန်မာဘက်က လက်နက်ကိုင် အုပ်စုတွေအများကြီး ရှိနေတာ ကို ထိုင်းဘက်က သတိရှိတယ်ဆိုတာလည်း ပြောဆိုဆွေးနွေးသွားပါတယ်။
ဒီလို မူးရစ်တရားခံ တယောက်အနေနဲ့ ဖမ်းဝရမ်းတွေထုတ်၊ ဆုကြေးငွေတွေနဲ့ အလိုရှိသူတဦးအဖြစ် ကြေညာချက်တွေ ထုတ်၊ မြန်မာအစိုးရဆီကို တရားခံ လွှဲပေးဖို့ တောင်းနဲ့ ဒုဝန်ကြီးချုပ် ချလိန်ရဲ့ မှားယွင်းမှုတွေကို ဆွေးနွေးပြပါတယ်။
ထိုင်းစစ်တပ်၊ ရဲတွေနဲ့ အင်အားသုံးပြီး ဗိုလ်နှုတ်ခမ်းမွေးကို မြန်မာပြည်ထဲအထိ ၀င်ဖမ်းလိုက်ရင်လည်း အိမ်နီးချင်း နိုင်ငံရဲ့ အချုပ်အခြာကို ထိပါးရာ ရောက်တာကြောင့် ထိုင်း-မြန်မာဆက်ဆံရေး တင်းမာတဲ့ အဆင့်ကနေ ပေါက်ကွဲသွားနိုင်တာကို လည်း ထည့်ပြောပါသေးတယ်။
ထိုင်းစစ်တပ် တပ်မဟာ ၃ တပ်မဟာမှူးကြီးကိုတိုင် ဖုတ်ဖရ မြို့ကို လာရောက်လေ့လာပြီး ဗိုလ်နှုတ်ခမ်းမွှေးကို ၀င်ဖမ်းရင် အဆင်ပြေမလား ကြည့်ခဲ့တာပါ။
ဒါပေမယ့် မလွယ်ကူပါဘူး။ နယ်စပ် ကုန်သွယ်ရေးကိုလည်း ပိုပြီးထိခိုက်လာရင် မြန်မာ နဲ့ စီးပွားရေးလုပ်နေကြတဲ့ ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေက ဖိအားတွေ ပေးလာမှာလည်းဖြစ်သလို ထိုင်း-မြန်မာစီးပွားရေး လမ်းကြောင်းတွေ ကောင်းဖို့ လုပ်နေတဲ့ အစီအစဉ်တွေလည်း ထိခိုက်ပျက်ဆီးသွားနိုင်တာတွေလည်း ထောက်ပြဆွေးနွေး ကြပါတယ်။
နောက်ဆုံး မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေထိ ဖြစ်လာနိုင်တာတွေကို ထောက် ပြဆွေးနွေး သွားကြပါသေးတယ်။
Monday, May 14, 2012
ဗိုလ်နှုတ်ခမ်းမွေး မူးယစ်ဆေးနှင့် မပတ်သက်ဟု ထိုင်းစစ်တပ် ပြော
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) မှ ဗိုလ်ချုပ် စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေးသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အထောက်အထား မရှိကြောင်း ထိုင်းစစ်တပ် အမှတ် ၃ ဒေသမှ တာဝန်ရှိသူတဦးက ပြောကြားလိုက်သည်။
ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ထိန်းချုပ်ထားသည့် ဒေသတွင် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပေးလိုက်ပြီးနောက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှ လယ်သမားများ မြန်မာပြည်ဘက်သို့ ကူးနေစဉ် (ဓာတ်ပုံ - Bangkok Post)
အမှတ် ၃ ဒေသ စစ်တပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး Thardsak Ngam Sonong က “မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ထိုင်းစစ်တပ်ထဲမှာ အချက်အလက်တွေ ရှိပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ် နှုတ်ခမ်းမွေးနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ မရှိဘူး” ဟု ထိုင်းဘာသာဖြင့် ရေးသားထားသော မန်နေဂျာအွန်လိုင်း သတင်း အင်တာနက် စာမျက်နှာတွင် မေလ ၁၁ ရက်နေ့က ဖော်ပြထားသည်။
DKBA ထိန်ချုပ်ဒေသတွင်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု မရှိဟု ယုံကြည်ကြောင်း၊ ဗိုလ်နှုတ်ခမ်းမွေးကို ဖမ်းဝရမ်းထုတ်ခြင်းမှာ ယခင်နှစ်များစွာက မူးယစ်ဆေးတိုက်ဖျက်ရေး အချက်အလက်များအပေါ် အခြေခံထားဟန်တူကြောင်း  ဗိုလ်မှူးကြီး Thardsak Ngam Sonong က ဆိုသည်။
၎င်းက ဆက်လက်၍ “လက်ရှိ အခြေအနေမှာ မူးယစ်ဆေးဝါးတွေလုပ်နေတဲ့ အဖွဲ့ သေးသေးလေးတွေပဲ ကျန်တယ်။ ဒီနှစ်ဆန်းပိုင်း မဲဆောက်မှာ ဖိမ်းမိတဲ့ မူးယစ်ဆေးပြားတွေက ထောင်ဂဏန်းလောက်ပဲ” ဟု ပြောသည်။
ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင်များ အခြေစိုက်သော ဝေါ်လေတပ်စခန်း တည်ရှိရာ ထိုင်းဘက်ခြမ်းတွင် ၂၀၀၃ ခုနှစ်က ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား (ရာဘ) အလုံးရေ ၉ ဒဿမ ၄ သန်း ဖမ်းဆီးရရှိခဲ့မှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ မူးယစ်ဆေး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး (ONCB) က ဧပြီ လ ၂၀ ရက်နေ့တွင် ဗိုလ်နှုတ်ခမ်းမွေးကို ဖမ်းဆီးရန် ဆုငွေ ထိုင်းဘတ် ၁ သန်း (ဒေါ်လာ ၃,၂၀၀၀ ခန့်) ထုတ်ခဲ့သည်။
ဗိုလ်မှူးကြီး Thardsak Ngam Sonong က DKBA သည် နယ်မြေများ ထိန်းချုပ်ခြင်းနှင့် သတ္တုတူးဖော်ခြင်းများမှ အခွန်များဖြင့် ဝင်ငွေ အဓိက ရရှိနေကြောင်း ပြောသည်။
ယင်း စွပ်စွဲမှုနှင့် ပတ်သက်၍ ဗိုလ်နှုတ်ခမ်းမွေးက ပြည်တွင်းပြည်ပ သတင်းစာဆရာများကို ဖိတ်ခေါ်၍ သတင်းစာရှင်းလင်းပွဲ နှစ်ကြိမ်ပြုလုပ်ခဲ့သည်။ ထို့အပြင် နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (DEA) နှင့် ONCB တို့ကိုလည်း DKBA ဌာနချုပ်သို့ လာရောက် စုံစမ်းစစ်ဆေးရန် ဖိတ်ခေါ်ထားသည်။
ONCB အကြီးအကဲ ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းကလည်း ဗိုလ်နှုတ်ခမ်းမွေးကို ဖမ်းဆီးရန် မြန်မာအာဏာပိုင်များသို့ အကြောင်းကြားထားပြီး ယင်းကိစ္စကို ဆွေးနွေးရန် လိုအပ်ပါက မြန်မာပြည်သို့ သွားမည်ဟု ပြောကြားထားသည်။
မြန်မာအစိုးရကဘက်က DKBA နှင့် ONCB တို့၏ တင်မားမှုနှင့်ပတ်သက်၍ ယနေ့အထိ တစုံတရာ ပြောဆိုခြင်း မရှိသေးပေ။
ဤအတောအတွင်း ထိုင်း-မြန်မာနယ်စပ် ဖုပ္ဖရဒေသနှင့် ဆက်စပ်နေသည့် မြန်မာဘက်ကမ်းရှိ DKBA ထိန်းချုပ်ဒေသတွင် နှစ်ပတ်ကြာ ပိတ်ထားခဲ့သော နယ်စပ်ဂိတ်များကို ပြန်လည် ဖွင့်ပေးခဲ့သည်။
နယ်စပ်ဂိတ်များကို ပြန်လည် ဖွင့်ပေးလိုက်ရခြင်းသည် အစိုးရအာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် မဟုတ်ဘဲ ယင်းဒေသရှိ ထိုင်းစီးပွားရေး လုပ်ငန်ရှင်တချို့၏ တောင်းဆိုမှုများကြောင့် ဖြစ်ကြောင်း DKBA က ဆိုသည်။
လတ်တလော နယ်စပ်ဂိတ်များကို ပြန်လည် ဖွင့်ပေးလိုက်သောကြောင့် မြန်မာဘက်ကမ်းသို့ ထိုင်းဒေသခံနှင့် စိုက်ပျိုးရေး လုပ်ငန်းရှင်များ ယမန်နေ့မှ စတင်၍ ပုံမှန် သွားလာနေကြသည်။
Saturday, May 12, 2012
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့
ဆွေတစ်ရာ မောင်တကျိပ်...
တိုက်ဂါးဝုဒ် လက်သစ်ကလေး.....
နှင်းတွေထဲမှာ ဒါတွေလည်း ရှိတာပေါ့လေ......
အီလူးရှင်းဆိုလေတော့လည်း အီလူးရှင်းပေါ့လေ...
အံရောသော်... နွားနို့ရောင်းတဲ့ ကုလားဆီက သင်ထားတာတဲ့....
ဂျစ်တူး၊ အကျင့်ပုတ်ကလေး....
ကဲ.. ဘာထပ်လုပ်ချင်သေးတုန်း ပြော...
တိရိစ္ဆာန်တွေက သဘာဝ အန္တရယ်ကို လူတွေထက်ကြိုသိတယ်ဆိုတာ အဟုတ်
ဟာသကားထဲက
ပျိုပျိုမေ အလည်အပတ်ထွက်တယ်.... မော်တော်ကားနဲ့ကွယ်.. ဒန့် ဒန့် ဒန့်
ကဲ သူခိုးမခိုးတော့ဘူး ပြီးရော...
ကာမီကာဇေ ပုရွက်ဆိတ်
          ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေအသုံးပြုတဲ့ နည်းစနစ်တစ်ခုက “ကာမီကာဇေ” ပါ။  ကာမီကာဇေဆိုတာက တစ်ဘက်ရန်သူကို သေကျေ ပျက်စီးစေဖို့ မိမိအသက်ကို ပါ အဆုံးစီရင်တဲ့ နည်းစနစ်တစ်ခုပါ။ ဒါမျိုးဟာ လူ့အဖွဲ့အစည်းထဲမှာပဲ ရှိတယ်လို့ထင်ပါသလား။ 
          အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းက ပုရွက်ဆိတ်မျိုးစိတ်တစ်ခုမှာလည်း ဒီလို နည်းစနစ်ရှိပါတယ်တဲ့။  ဒါဟာ သူတို့ အသိုက်အမြုံကို လာရောက်ဖျက်ဆီးတဲ့ အခြားသော ကျူးကျော်သူ ပုရွက်ဆိတ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲဝင်လို့ နောက်ဆုံးအချိန်ရောက်ရင် အဲ့ဒီပုရွက်ဆိတ်တွေဟာ ရန်သူပုရွက်ဆိတ်ကို ပူးကပ်ပြီးတော့ မိမိကိုယ်ကို အဆုံးစီရင်ရင်း ရန်သူပုရွက်ဆိတ်ကိုပါ သေစေပါသတဲ့။
          ဒီပုရွက်ဆိတ် မျိုးစိတ်ဟာ သူတို့ အဆုံးစီရင်တဲ့အခါမှာ သူတို့ရဲ့ကိုယ်ကနေပြီးတော့ အ၀ါရောင် စေးပြစ်တဲ့ အရည်တစ်မျိုးကို ထုတ်လွှတ်စေပြီး သူတို့ အသိုက်အမြုံကို တိုက်ခိုက်လာတဲ့ ရန်သူကိုပါ စေးကပ်စေကာ အတူတစ်ကွ သေဆုံးလေ့ရှိကြပါတယ်။  ဘယ်လ်ဂျီယံနိုင်ငံ လျူဗန်း ကက်သလစ် တက္ကသိုလ် (KUL) က ဂျိုဟန် ဘီလ်လန် နဲ့ သူ့အဖွဲ့တွေဟာ ဒီပုရွက်ဆိတ်မျိုးစိတ်ကို တွေ့ရှိခဲ့ပါတယ်။ 
          ပုံမှန်အားဖြင့် ပုရွက်ဆိတ်မျိုးစိတ်ပေါင်း ၁ သောင်းကျော်ဟာ သူတို့ရဲ့ မေးရိုး တစ်လျှောက်မှာရှိတဲ့ အရည်ထုတ်ပေးနိုင်တဲ့ အကြိတ်ကလေးတွေပါရှိပြီး လည်းကောင်း အကြိတ်ကလေးတွေကနေပြီးတော့ ဓာတုဗေဒ နည်းအားဖြင့် အရည်တွေကို ထုတ်လွှတ်ကာ သူတို့ရဲ့ ရန်သူတွေကို တိုက်ခိုက်လေ့ရှိပေမယ့် ဒီမျိုးစိတ် ပုရွက်ဆိတ်မှာတော့ မေးရိုးသာမက သူတို့ရဲ့ကိုယ်မှာပါ အရည်ထုတ်ပေးနိုင်တဲ့ အကြိတ်ကလေးတွေ ပါရှိနေတာပါ။ 
          ဒါဟာ အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ပုရွက်ဆိတ်အတွက် အလွန်ကို ခံစားရခက်စေနိုင်ပေမယ့် သူ့ရဲ့ မျိုးရိုးအတွက်တော့ ကာကွယ်ပေးနိုင်ပါတယ် လို့ ဂျိုဟန် ကဆိုပါတယ်။  ကိန်းဘရစ် တက္ကသိုလ်က ၀ီလီယမ် ဖော်စတာကလည်း ဒီအဆိုကိုထောက်ခံသွားပြီး “မျိုးရိုးအတွက် တိုက်ခိုက်ရင်း၊ အသိုက်အမြုံအတွက် အသေခံကြတဲ့ ပုရွက်ဆိတ်ကလေးတွေပါ” လို့ ဖြည့်စွက်ပြောကြားသွားပါတယ်။
သက်တန့်ရဲ့ အစွန်းတစ်ဘက်ကို တွေ့ဖူးလား?
ဒါကတော့ Jason Erdkamp ဆိုသူက ကားမောင်းနေရင် သက်တန့်ရဲ့ အစွန်းတစ်ဘက်ကို တွေ့လို့ iPhoneနဲ့ မှတ်တမ်းတင်ခဲ့တာလို့ဆိုပါတယ်။  ကာလီဖိုးနီးယား ပြည်နယ်၊ အော်ရိန့် ကောင်တီက အဝေးပြေးလမ်းမကြီး နံပါတ် ၂၄၁ ကနေ ကားနဲ့ဖြတ်သွားတုန်း တွေ့လို့ ၂၀၀၉ ခုနှစ်က ရိုက်ယူထားတယ်လိုကဆိုပါတယ်။  
သိပ္ပံပညာရှင်တို့ တီထွင်လိုက်သော ပုရွက်ဆိတ် ဘီလူးကြီးများ
          ကနေဒါက သိပ္ပံပညာရှင်တွေကတော့ ပုံမှန်ပုရွက်ဆိတ်တွေရဲ့ ဘိုးဘေးဘီဘင်ကထည်းကရှိခဲ့တဲ့ ဗီဇကို လှုံ့ဆော်စေခြင်းအားဖြင့် အရွယ်အစားကြီးမားလှတဲ့ ပုရွက်ဆိတ်တွေ ကို ဖန်တီးခဲ့ကြပါတယ်။ ဒီလိုဖန်တီလိုက်ခြင်းအားဖြင့် ပုရွက်ဆိတ်တွေဟာ စွမ်းအားကောင်းတဲ့ စူပါပုရွက်ဆိတ် စစ်သားတွေ ဖြစ်လာပါတယ်တဲ့။  သိပ္ပံမဂ္ဂဇင်းမှာ ဖော်ပြခဲ့တာကတော့ ပုံမှန် အလုပ်သမား ပုရွက်ဆိတ်တွေနဲ့ စစ်သည် ပုရွက်ဆိတ်တွေကို ဟော်မုန်း ထိုးပေးခြင်းအားဖြင့် အဆိုပါပုရွက်ဆိတ်တွေဟာ စူပါ ပုရွက်ဆိတ်စစ်သည်တွေ ဖြစ်လာပါသတဲ့။ အပေါ်ပုံမှာ မြင်ရသလို ပုံမှန် ပုရွက်ဆိတ်စစ်သည်နှင့် စူပါ ပုရွက်ဆိတ်စစ်သည်ပါတဲ့။
          ဒီလို စူပါ စစ်သည် ပုရွက်ဆိတ်တွေဟာ သဘာဝအတိုင်းလည်း ကြီးထွားရှင်သန်နိုင်ပြီး ၄ မီလီမီတာ အထိ ကြီးနိုင်ပါသတဲ့။  အဲ့ဒီလို ပုရွက်ဆိတ်မျိုးကို အမေရိကန်နဲ့ မက္ကဆီကို နိုင်ငံတွေရဲ့ သဲကန္တရတွေမှာ တွေ့နိုင်ပါတယ်။  ဒီစစ်သားတွေရဲ့တာဝန်ကတော့ သူတို့အသိုက်အမြုံရဲ့ အ၀င်အ၀တွေကို သူတို့ရဲ့ ကြီးမားလှတဲ့ ဦခေါင်း၊ မေးရိုးကြီးတွေနဲ့ ပိတ်ဆို့ကာ အခြားသော လာရောက်တိုက်ခိုက်တဲ့ ပုရွက်ဆိတ်တွေရန်မှ တွန်းလှန် ကာကွယ်ဖို့ ဖြစ်ပါသတဲ့။
ဒါကတော့ အလုပ်သမား ပုရွက်ဆိတ်နဲ့ စူပါစစ်သည်ပုရွက်ဆိတ်ကို နှိုင်းယှဉ်ပြထားတာပါ
          မက်ဂေး တက္ကသိုလ်က ဒေါက်တာ ရာဂျန်ဟရန် ရာဂျာကူးမား နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ သူတို့ရဲ့ မျိုးရိုးဗီဇကို လှုံ့ဆော်ပေးတဲ့ ဟော်မုန်း သွင်းပေးတဲ့ စမ်းသတ်မှု့ဖြင့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၅ သန်းကနေ နှစ်သန်းပေါင်း ၆၀ ကျော်လောက်တုန်းက ရှိနေနိုင်ခဲ့တဲ့ ပုရွက်ဆိတ် စစ်သည်မျိုးကိုတောင် ပုံဖော်နိုင်ခြေရှိတယ်လို့ ဆိုသွားပါတယ်။  
          သူတို့ လျှောက်ထွင်တာတော့ အရေးမကြီးဘူး၊ တော်ကြာလွတ်ကုန်မှဖြင့် ကိုယ်တွေလာပြီး အကိုက်ခံရရင်  ဒုက္ခ။
လက်နက်စစ်ဆေးရေးကိရိယာများဖြင့် ရှာဖွေရန်ခက်ခဲသော ဗုံးများထုတ်လုပ်နိုင်ရန် အယ်လ်ကိုင်ဒါအဖွဲ့ကြိုးပမ်း
12/May/2012
အယ်လ်ကိုင်ဒါအဖွဲ့မှ ဗုံးထုတ်လုပ်မှု ကျွမ်းကျင်သူ နည်းပညာရှင် တစ်ဦးဖြစ်သည့် အီဗရာဟင်အယ်လ်အာဆီရီသည် ကင်မရာများ၊ ကွန်ပျူတာများနှင့် အိမ်မွေးတိရစ္ဆာန်များအတွင်း၌ လျှို့ဝှက်ထည့်သွင်းနိုင်ပြီး လက်နက်ရှာဖွေရေး ကိရိယာများဖြင့် ရှာဖွေရန် ခက်ခဲသည့် ဗုံးများကို ထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ အသက် ၃၀ အရွယ်ရှိ အယ်လ်အာဆီရီသည် အိုစမာဘင်လာဒင် အသက်ရှင်စဉ်က အကြမ်းဖက်လုပ်ငန်းများတွင် ဘင်လာဒင်အား အကြံပေးသူတစ်ဦးဖြစ်ပြီး ဗုံးထုတ်လုပ်ရန်အတွက် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သူတစ်ဦးဖြစ်သည်။ အာဆီရီသည် အလွန်ထက်မြက်သူတစ်ဦးဖြစ်ပြီး လေဆိပ်တွင် လက်နက်စစ်ဆေးသည့် screen တွင် စစ်ဆေးတွေ့မြင်နိုင်ခြင်း မရှိသည့် ဗုံးများ ထုတ်လုပ်နိုင်ရေးအတွက် နည်းလမ်းအချို့ကို ရှာဖွေလျက်ရှိကြောင်း အမေရိကန် အထူးစစ်ဆင်ရေးဌာနချုပ်မှ အကြံပေးအရာရှိဟောင်း တစ်ဦးဖြစ်ခဲ့သူ ဆက်သ်ဂျူန်းစ်က ပြောကြားသည်။ ၄င်းသည် အနောက်နိုင်ငံသားများကို လွန်စွာမုန်းတီးသူဖြစ်ပြီး အမေရိကန်များကို သတ်ဖြတ်နိုင်ရေးအတွက် မည်မျှပင် ခက်ခဲစေကာမူ ၄င်းလုပ်ဆောင်နိုင်သည့် အတိုင်းအတာအထိ လုပ်ဆောင်သွားမည့်သူဖြစ်ကြောင်း ဂျူန်းစ်က ပြောကြားသည်။ အာဆီရီသည် ကောလိပ်တွင် ဓာတုဗေဒပညာရပ်ကို သင်ယူခဲ့ပြီး အတွင်းခံအတွင်း လျှို့ဝှက်တပ်ဆင်နိုင်သည့် ဗုံး၊ Printer Catridges များအတွင်း ထည့်သွင်းနိုင်သည့် ဗုံးများကို တီထွင်နိုင်ခဲ့ကြောင်း သိရသည်။ (အင်တာနက်)
Sunday, May 6, 2012
ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်ပြီ
ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး ကျန်းမာရေးကြောင့် ရာထူးမှ နှုတ်ထွက်သွားပြီပာု Reuters သတင်းဌာန၏ သတင်းအရ သိရှိရသည်။
 စင်္ကာပူ နိုင်ငံမှ ဆေးကုသခံယူပြီးအပြန် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ အနားယူလို ကြောင်း မေလ ( ၃ ) ရက်နေ့ကထဲက..သက်ဆိုင်ရာသို့တင်ထားကြောင်းလည်း သိရပါသည်။
Saturday, May 5, 2012
ဒါကြောင့်မို့လို့တို့ကိုကြီးကျော့ပိုင်လည်း အတူတူပါပဲ
အလိုအလျှောက်ရွေ့လျားနေသော ကျောက်တုံးများ
မဟာဒဿနိက ပညာရှင်ကျော့ပိုင်ကတော့ (ရှိတာနဲ့မရှိတာနဲ့ကအတူတူပဲ၊ချစ်တာနဲ့မချစ်တာနဲ့လည်းအတူတူပဲတဲ့၊
ဥပမာ-ဒီနေ့တော့ မရှိဘူးပေါ့၊မနက်ဖြန်ရှိလာတော့မယ်။ဒါကြောင့်ရှိနေတာနဲ့မရှိတာ ဟာလည်း၊မရှိတာနဲ့ရှိတာဟာအတူတူပါပဲ။)တော်တော်မြောက်လှတဲ့ဒဿနပဲ(ဒါကြောင့်မို့
ဟုတ်တာနဲ့မဟုတ်တာ အတူတူပါပဲခင်ဗျာ။
ကျောက်တုံးကြီးတောင်သဘာဝအလျှောက်သူ့အလိုလို ရွေ့လျှားသွားပါလား၊ဒါလည်း
 ကျောက်တုံးကြီးလိုတည်မြဲနေတာနဲ့၊ရွေ့လျှားသွားတာ(ဒါမှမဟုတ်)ရွေ့လျှားတာနဲ့ တည်မြဲ တာလည်းကျော့ပိုင်ရဲ့မဟာဒဿနအရ အတူတူပါပဲ။
(ဒါကြောင့်မို့လို့တို့ကိုကြီးကျော့ပိုင်လည်း အတူတူပါပဲလို့တင်ပြလိုက်ရပါတယ်။)??????
ဒီသတင်းလေးထွက်လာခဲ့တာကတော့ ကြာတော့ာကြာနေပါပြီ ။ မသိသေးသူများအတွက် တင်ပေး လိုက်ရခြင်း ဖြစ်ပါတယ် ။ ကယ်လီဖိုးနီးယားပြည်နယ် Death Valley မှာ ဘာကြောင့် မှန်းမသိ ပဲ မြေကြီးပေါ် မှာ ကျောက်တုံးတွေရွေ့လျားနေခြင်းဖြစ်ပေါ်ခဲ့ပါတယ် ။ ဒီကျောက်တုံးတွေဟာ အချို့ဆိုရင် 300 kg လောက်လေး ပြီး ဒီလို ရှင်းလင်းတဲ့ သဲသောင်ပြင်မှာ ဘာကြောင့်အ ရာတွေထင် ပြီး ရွေ့လျား သွားနေ ကြတာ ပါလဲ ။ သူတို့ ရွေ့လျားသွားတဲ့လမ်းကြောင်းမှာလည်း စွတ်ကြောင်းရာကြီးတွေရှိနေပြီး အချို့ဆို ပေ တစ်ရာလောက်အထိကို ရှည်လျားပါတယ် ။
ထူးဆန်းတဲ့ အဖြေရှာမရတဲ့ အား တစ်ခုကြောင့် ဒီလို ရွှေ့လျားနေကြတာလား ဘယ်သူကမှ အဖြေကို တိတိကျ ကျမထုတ်နိုင်သေးတဲ့ ကမ္ဘာပေါ်မှာ ရှိတဲ့ ထူးဆန်းထွေလာများစွာထဲက တစ်ခုပဲဖြစ်ပါတယ် ။
Wednesday, May 2, 2012
တို့တွေထင် တဲ့အတိုင်း ပဲကချင် တွေ ပြစ်ချ လိုက်ပြီး
 တို့တွေထင် တဲ့အတိုင်း ပဲကချင် တွေ ပြစ်ချ လိုက်ပြီးတဲ့
(ဒီသတင်းကြားကြားခြင်း ပဲ ကျော့ပိုင် အရမ်းပျော်တော့မယ်ဆိုတာမြင်ယောင်မိသေးတယ် )
ကချင်ပြည်နယ်အရှေ့ဘက် ပန်ဝါတိုက်ပွဲတွင် မြန်မာအစိုးရတပ် စစ်ရဟတ်ယာဉ် ၁ စင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ ပစ်ချခံရပြီး အခြား ၃ စင်းလည်း အခြေစိုက်စခန်းသို့ ပြန်ရောက်လာခြင်း မရှိ ပျောက်ဆုံးနေကြောင်း ခိုင်လုံသောသတင်းရပ်ကွက်များက ဆိုသည်။
ဧပြီ ၃၀၊ တနင်္လာနေ့က မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ စစ်ရဟတ်ယာဉ် ၂ စင်းသည် နယ်ခြားစောင့်တပ် ၁၀၀၁ အခြေစိုက်စခန်း ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ဌာနချုပ် ပန်ဝါမြို့အနီးသို့ စစ်ကူအဖြင့် ရောက်ရှိလာစဉ် KIA တပ်ဖွဲ့၏ လေယာဉ်ပစ် စက်သေနတ်များဖြင့် ပစ်ခတ်ခံရသည်ဟု ဆိုသည်။
ရဟတ်ယာဉ် ၁ စင်း ပျက်ကျသွားသည်ကို အတည်ပြုနိုင်ခဲ့သော်လည်း ကျန် တစင်းလည်း မြစ်ကြီးနား အခြေစိုက်စခန်းသို့ ပြန်ရောက်လာခြင်း မရှိဟု အဆိုပါသတင်းရပ်ကွက်က ဆိုသည်။
နောက်ထပ် မေ ၁ ရက်၊ ယနေ့တွင် မြစ်ကြီးနားမှ စစ်ရဟတ်ယာဉ် ၄ စင်း ပန်ဝါသို့ ရောက်လာစဉ် အသင့်စောင့်ကြိုနေသော KIA စစ်သားများ၏ ပစ်ခတ်ခံရပြီး ပြန်လှည့်သွားကြသည်ဟု ပန်ဝါ KIA ရှေ့တန်းသတင်းကဆိုသည်။ ၎င်းအနက် ၂ စင်းမှာ မူရင်း အခြေစိုက်စခန်းသို့ ရောက်လာခြင်း မရှိ ပျောက်ဆုံးနေသည်ဟု ရှေ့တန်းမြန်မာစစ်တပ်သတင်းရပ်ကွက်က ဆိုသည်။
မြန်မာ့တပ်မတော်သည် ယခုချိန်ထိ (၁၀) လ ကျော် KIO/KIA အား ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ဆင်ရေးပြုလုပ်လာရာ မည်သည့်အခါမှ ၎င်းတို့စစ်သားများ သေဆုံး ထိခိုက်ဒဏ်ရာရ ကိန်းဂဏန်းကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိပေ။
 သေတာတော့အများကြီး ပဲ လေမရည်တွတ်နိုင်တော့လို့ အင်တာနတ် ပေါ်တောင်မတင်တော့ဘူး။